သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္စည္းမ်ဥ္းခ်ဳိးေဖာက္ဖုိ႔ တုိက္တြန္းတဲ့ အင္ဒုိနီးရွား ဘာသာေရးဆရာ အဖမ္းခံ


အင္ဒုိနီးရွား ဘာသာေရးဆရာ Rizieq Shihab (လယ္)။ (ဒီဇင္ဘာ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

အင္ဒိုနီးရွားမွာ ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေဘးေရာဂါ ကာကြယ္ေရး ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြ ခ်ိဳးေဖာက္ၾကဖို႔ လူထုကို ေသြးထိုးတယ္ဆိုၿပီး အစိုးရက စြပ္စြဲထားတဲ့ မြတ္စလင္ဘာသာေရးဆရာ Rizieq Shihab က စေနေန႔မွာ ရဲတပ္ဖြဲ႔ထံ လာၿပီး အဖမ္းခံပါတယ္။

ဆင့္ေခၚမႈကို အႀကိမ္ႀကိမ္ ပ်က္ကြက္ေနမယ္ဆိုရင္ လာဖမ္းမယ္လို႔ အင္ဒိုနီးရွား ရဲတပ္ဖြဲ႔က သတိေပးလိုက္ၿပီး ေနာက္ေန႔မွာ အစၥလာမၼစ္ ကာကြယ္သူမ်ား တပ္ဦးရဲ႕ ေခါင္းေဆာင္ Rizieq Shihab က ၿမိဳ႕ေတာ္ ဂ်ကာတာက ရဲဌာနခ်ဳပ္မွာ လာအဖမ္းခံတာ ျဖစ္ပါတယ္။

“အဖမ္းခံရမယ့္ အေရးေၾကာင့္ ထြက္ေျပးတာမ်ိဳး၊ ပုန္းေအာင္းတာမ်ိဳး ဘယ္ေတာ့မွ မလုပ္ဘူး” လို႔ မြတ္စလင္ဘာသာေရးဆရာ Rizieq Shihab က သတင္းေထာက္ေတြကို ေျပာပါတယ္။ အမႈအေျခအေနကို သူ႔ေရွ႕ေနက အခါအားေလ်ာ္စြာ အသိေပးသြားမယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

အေစာပိုင္းမွာ ရဲက ဖုန္းနဲ႔ဆက္သြယ္တာမွာ ဘာေၾကာင့္ မေျဖခဲ့သလဲလို႔ သတင္းေထာက္က ေမးတာမွာေတာ့ သူက အခါအားေလ်ာ္စြာ ခရီးသြားေနလို႔လို႔ ေျဖခဲ့ပါတယ္။

ဘာသာေရးဆရာ Rizieq ဟာ COVID-19 ပ်ံ႕ႏွံ႔မႈ ကာကြယ္ေရး ခ်မွတ္ထားတဲ့ စည္းမ်ဥ္းကို လ်စ္လ်ဴ႐ႈၿပီး တမန္ေတာ္မိုဟာမက္ေမြးေန႔ အထိမ္းအမွတ္ အခမ္းအနား၊ ေနာက္ သမီးျဖစ္သူရဲ႕ မဂၤလာေဆာင္တို႔ကို က်င္းပခဲ့ၿပီး သူ႔ရဲ႕ ေနာက္လိုက္ ေထာင္နဲ႔ခ်ီ ပါဝင္ခဲ့တယ္လို႔ ေသာၾကာေန႔မွာ ဂ်ကာတာရဲတပ္ဖြဲ႔က သတင္းစာ ရွင္းလင္းခဲ့ပါတယ္။

တကယ္လို႔ ဒီစည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ဖို႔ လူေတြကို ေသြးထိုးလံႈ႔ေဆာ္မႈ ျပစ္မႈထင္ရွားေတြ႔ရင္ေတာ့ ေထာင္ဒဏ္ ၆ ႏွစ္နဲ႔အထက္ က်ခံရႏုိင္တယ္လို႔လည္း ေျပာဆိုထားပါတယ္။

ႏုိင္ငံကိုျပန္ေရာက္ၿပီး သီတင္းတပတ္ အတြင္းမွာပဲ ၿမိဳ႕ေတာ္ ဂ်ကာတာနဲ႔ အေနာက္ဂ်ာဗားမွာ လူစုလူေဝး အခမ္းအနားေတြ လုပ္ခဲ့တာပါ။ COVID-19 စည္းကမ္းေတြကို ခ်ိဳးေဖာက္ေစမႈ စြဲခ်က္တင္တဲ့ အမႈမွာေတာ့ ဂ်ကာတာ အုပ္ခ်ဳပ္ေရးမွဴးနဲ႔ အေနာက္ဂ်ာဗား အုပ္ခ်ဳပ္ေရးမွဴးတို႔က သက္ေသအျဖစ္ ထြက္ဆိုၾကၿပီး ျဖစ္ပါတယ္။

အင္ဒိုနီးရွားမွာ မြတ္စလင္ ရွာရီယာဥပေဒ က်င့္သံုးဖို႔ လိုလားတဲ့ Islamic Defenders Front ရဲ႕ ေခါင္းေဆာင္ ဘာသာေရးဆရာ Rizieq ဟာ လိင္ကိစၥဆိုင္ရာ မဖြယ္မရာေရးသားမႈ အပါအဝင္ စြဲခ်က္ ၂ ခု တင္ခံခဲ့ရတာျဖစ္ၿပီး အဲဒီ ၂၀၁၇ ခုႏွစ္မွာပဲ သူက ေဆာ္ဒီအာေရဗ်ႏုိင္ငံ မကၠာကို ဘုရားဖူးခရီး ထြက္သြားၿပီးေနာက္ ၿပီးခဲ့တဲ့လကမွ အင္ဒိုနီးရွားကို ျပန္ေရာက္လာတာ ျဖစ္ပါတယ္။

သူ႔အေပၚစြဲခ်က္ ၂ ခုကိုေတာ့ အင္ဒိုနီးရွား ရဲတပ္ဖြဲ႔က သက္ေသမခိုင္လံုဘူးဆိုၿပီး ႐ုပ္သိမ္းခဲ့ေပမယ့္လည္း ေဆာ္ဒီအစိုးရကေတာ့ အေၾကာင္းျပခ်က္မေပးဘဲ သူ႔ကို ႏုိင္ငံျပင္ပထြက္ခြင့္ ပိတ္ပင္ခဲ့တာ ျဖစ္္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကိုဗစ်စည်းမျဉ်းချိုးဖောက်ဖို့ တိုက်တွန်းတဲ့ အင်ဒိုနီးရှား ဘာသာရေးဆရာ အဖမ်းခံ

အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါ ကာကွယ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ချိုးဖောက်ကြဖို့ လူထုကို သွေးထိုးတယ်ဆိုပြီး အစိုးရက စွပ်စွဲထားတဲ့ မွတ်စလင်ဘာသာရေးဆရာ Rizieq Shihab က စနေနေ့မှာ ရဲတပ်ဖွဲ့ထံ လာပြီး အဖမ်းခံပါတယ်။

ဆင့်ခေါ်မှုကို အကြိမ်ကြိမ် ပျက်ကွက်နေမယ်ဆိုရင် လာဖမ်းမယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတိပေးလိုက်ပြီး နောက်နေ့မှာ အစ္စလာမ္မစ် ကာကွယ်သူများ တပ်ဦးရဲ့ ခေါင်းဆောင် Rizieq Shihab က မြို့တော် ဂျကာတာက ရဲဌာနချုပ်မှာ လာအဖမ်းခံတာ ဖြစ်ပါတယ်။

“အဖမ်းခံရမယ့် အရေးကြောင့် ထွက်ပြေးတာမျိုး၊ ပုန်းအောင်းတာမျိုး ဘယ်တော့မှ မလုပ်ဘူး” လို့ မွတ်စလင်ဘာသာရေးဆရာ Rizieq Shihab က သတင်းထောက်တွေကို ပြောပါတယ်။ အမှုအခြေအနေကို သူ့ရှေ့နေက အခါအားလျော်စွာ အသိပေးသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာ ရဲက ဖုန်းနဲ့ဆက်သွယ်တာမှာ ဘာကြောင့် မဖြေခဲ့သလဲလို့ သတင်းထောက်က မေးတာမှာတော့ သူက အခါအားလျော်စွာ ခရီးသွားနေလို့လို့ ဖြေခဲ့ပါတယ်။

ဘာသာရေးဆရာ Rizieq ဟာ COVID-19 ပျံ့နှံ့မှု ကာကွယ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းကို လျစ်လျူရှုပြီး တမန်တော်မိုဟာမက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား၊ နောက် သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်တို့ကို ကျင်းပခဲ့ပြီး သူ့ရဲ့ နောက်လိုက် ထောင်နဲ့ချီ ပါဝင်ခဲ့တယ်လို့ သောကြာနေ့မှာ ဂျကာတာရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

တကယ်လို့ ဒီစည်းမျဉ်းတွေကို ချိုးဖောက်ဖို့ လူတွေကို သွေးထိုးလှုံ့ဆော်မှု ပြစ်မှုထင်ရှားတွေ့ရင်တော့ ထောင်ဒဏ် ၆ နှစ်နဲ့အထက် ကျခံရနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

နိုင်ငံကိုပြန်ရောက်ပြီး သီတင်းတပတ် အတွင်းမှာပဲ မြို့တော် ဂျကာတာနဲ့ အနောက်ဂျာဗားမှာ လူစုလူဝေး အခမ်းအနားတွေ လုပ်ခဲ့တာပါ။ COVID-19 စည်းကမ်းတွေကို ချိုးဖောက်စေမှု စွဲချက်တင်တဲ့ အမှုမှာတော့ ဂျကာတာ အုပ်ချုပ်ရေးမှူးနဲ့ အနောက်ဂျာဗား အုပ်ချုပ်ရေးမှူးတို့က သက်သေအဖြစ် ထွက်ဆိုကြပြီး ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ မွတ်စလင် ရှာရီယာဥပဒေ ကျင့်သုံးဖို့ လိုလားတဲ့ Islamic Defenders Front ရဲ့ ခေါင်းဆောင် ဘာသာရေးဆရာ Rizieq ဟာ လိင်ကိစ္စဆိုင်ရာ မဖွယ်မရာရေးသားမှု အပါအဝင် စွဲချက် ၂ ခု တင်ခံခဲ့ရတာဖြစ်ပြီး အဲဒီ ၂၀၁၇ ခုနှစ်မှာပဲ သူက ဆော်ဒီအာရေဗျနိုင်ငံ မက္ကာကို ဘုရားဖူးခရီး ထွက်သွားပြီးနောက် ပြီးခဲ့တဲ့လကမှ အင်ဒိုနီးရှားကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

သူ့အပေါ်စွဲချက် ၂ ခုကိုတော့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သက်သေမခိုင်လုံဘူးဆိုပြီး ရုပ်သိမ်းခဲ့ပေမယ့်လည်း ဆော်ဒီအစိုးရကတော့ အကြောင်းပြချက်မပေးဘဲ သူ့ကို နိုင်ငံပြင်ပထွက်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG