သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္ထုတ္ ကိုဗစ္ကာကြယ္ေဆး ျပည္သူအားလံုး အခမဲ့ထုိးေပးမယ္


ေဘဂ်င္း ဇီဝေဆးပစၥည္းထုတ္လုပ္ေရးကုမၸဏီက စမ္းသပ္ထုတ္လုပ္တဲ့ Sinopharm ကိုဗစ္ကာကြယ္ေဆးပုလင္း။ (စက္တင္ဘာ ၀၄၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္အစုိးရက ပထမဆံုးအႀကိမ္ တရားဝင္သံုးစြဲခြင့္ျပဳခဲ့တဲ့ ကိုဗစ္ကာကြယ္ေဆးကို တ႐ုတ္ျပည္သူအားလံုးကို အခမဲ့ ထုိးေပးသြားမွာျဖစ္တယ္လို႔ တာဝန္႐ွိသူေတြက ဒီေန႔ေျပာၾကားလိုက္ပါတယ္။

ေဘဂ်င္း ဇီဝေဆးပစၥည္းထုတ္လုပ္ေရးကုမၸဏီက စမ္းသပ္ထုတ္လုပ္တဲ့ Sinopharm ကိုဗစ္ကာကြယ္ေဆးကို တ႐ုတ္အစိုးရက ကန္႔သတ္ခ်က္နဲ႔ အသံုးျပဳဖို႔ ခြင့္ျပဳခဲ့ၿပီးတဲ့ေနာက္ တ႐ုတ္က်န္းမာေရးေကာ္မ႐ွင္ ၫႊန္ၾကားေရးမွဴးက ခုလိုေျပာၾကားလိုက္တာျဖစ္ပါတယ္။

"ၿပီးခဲ့တဲ့ သီတင္း ႏွစ္ပတ္အတြင္း တ႐ုတ္ႏိုင္ငံတဝန္းက အဓိကလိုအပ္တဲ့ ျပည္သူေတြအတြက္ ေဆး ၃,၀၀၀,၀၀၀ နဲ႔ ေနာက္ထပ္ ၁.၅ သန္း ထိုးေပးခဲ့ၿပီး ကိုဗစ္ကာကြယ္ေဆးဟာ လံုၿခံဳစိတ္ခ်ရတယ္ဆိုတ့ဲ အေထာက္အထားအျပည့္အဝ႐ွိေၾကာင္းနဲ႔ တ႐ုတ္ႏိုင္ငံသားအားလံုးကို ကိုဗစ္ကာကြယ္ေဆး အခမဲ့ ထုိးေပးသြားမွာျဖစ္ေၾကာင္း" တ႐ုတ္က်န္းမာေရးေကာ္မ႐ွင္ ၫႊန္ၾကားေရးမွဴး Zeng Yixin က ဒီကေန႔သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားသြားခဲ့ပါတယ္။ Sinopharm ကိုဗစ္ကာကြယ္ေဆးကို က်ယ္က်ယ္ျပန္႔ျပန္႔ စမ္းသပ္ခဲ့မႈေတြအတြင္း ထိေရာက္မႈ ၇၉% ေက်ာ္႐ွိတာေတြ႔ရတယ္လို႔ ကုမၸဏီက ေျပာပါတယ္။

ၿဗိတိန္ႏိုင္ငံမွာလည္း Oxford တကၠသိုလ္နဲ႔ AstraZeneca ေဆးကုမၸဏီတို႔ ပူးေပါင္းထုတ္တဲ့ ကိုဗစ္ကာကြယ္ေဆးကို အစိုးရက အေရးေပၚသံုးစြဲခြင့္ ဗုဒၶဟူးေန႔က ခြင္ျပဳခဲ့ပါတယ္။

ၿဗိတိန္ႏိုင္ငံမွာ စတင္ေတြ႔ခဲ့တဲ့ ပိုၿပီးကူးစက္လြယ္တဲ့ ဗီဇေျပာင္း ကိုဗစ္ေရာဂါပိုးအမ်ဳိးအစားသစ္ေတြကို ကမာၻ႔ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ စမ္းသပ္ေတြ႔႐ွိေနခ်ိန္မွာ ခုလို ကိုဗစ္ကာကြယ္ေဆးေတြကို အစိုးရေတြက တရားဝင္သံုးစြဲခြင့္ျပဳေနတာျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စု San Diego ၿမိဳ႕မွာ ကိုဗစ္ေရာဂါပိုးသစ္ကိုေတ႔ြ႐ွိတယ္လို႔ California ျပည္နယ္တာဝန္႐ွိသူေတြက ဗုဒၶဟူးေန႔က ေျပာၾကားခဲ့ပါတယ္။ Colorado ျပည္နယ္မွာလည္း ဗီဇေျပာင္းကိုဗစ္ပိုးသစ္ကူးစက္သူ ႐ွိတယ္လို႔ ျပည္နယ္က်န္းမာေရးတာဝန္႐ွိသူေတြက ေျပာၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ပြည်သူအားလုံး အခမဲ့ထိုးပေးမယ်

တရုတ်အစိုးရက ပထမဆုံးအကြိမ် တရားဝင်သုံးစွဲခွင့်ပြုခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးကို တရုတ်ပြည်သူအားလုံးကို အခမဲ့ ထိုးပေးသွားမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဒီနေ့ပြောကြားလိုက်ပါတယ်။

ဘေဂျင်း ဇီဝဆေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက စမ်းသပ်ထုတ်လုပ်တဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေးကို တရုတ်အစိုးရက ကန့်သတ်ချက်နဲ့ အသုံးပြုဖို့ ခွင့်ပြုခဲ့ပြီးတဲ့နောက် တရုတ်ကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူးက ခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

"ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်း တရုတ်နိုင်ငံတဝန်းက အဓိကလိုအပ်တဲ့ ပြည်သူတွေအတွက် ဆေး ၃,၀၀၀,၀၀၀ နဲ့ နောက်ထပ် ၁.၅ သန်း ထိုးပေးခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးဟာ လုံခြုံစိတ်ချရတယ်ဆိုတဲ့ အထောက်အထားအပြည့်အဝရှိကြောင်းနဲ့ တရုတ်နိုင်ငံသားအားလုံးကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ ထိုးပေးသွားမှာဖြစ်ကြောင်း" တရုတ်ကျန်းမာရေးကော်မရှင် ညွှန်ကြားရေးမှူး Zeng Yixin က ဒီကနေ့သတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ Sinopharm ကိုဗစ်ကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခဲ့မှုတွေအတွင်း ထိရောက်မှု ၇၉% ကျော်ရှိတာတွေ့ရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဗြိတိန်နိုင်ငံမှာလည်း Oxford တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီတို့ ပူးပေါင်းထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို အစိုးရက အရေးပေါ်သုံးစွဲခွင့် ဗုဒ္ဓဟူးနေ့က ခွင်ပြုခဲ့ပါတယ်။

ဗြိတိန်နိုင်ငံမှာ စတင်တွေ့ခဲ့တဲ့ ပိုပြီးကူးစက်လွယ်တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါပိုးအမျိုးအစားသစ်တွေကို ကမ္ဘာ့နိုင်ငံတော်တော်များများမှာ စမ်းသပ်တွေ့ရှိနေချိန်မှာ ခုလို ကိုဗစ်ကာကွယ်ဆေးတွေကို အစိုးရတွေက တရားဝင်သုံးစွဲခွင့်ပြုနေတာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု San Diego မြို့မှာ ကိုဗစ်ရောဂါပိုးသစ်ကိုတေ့ွရှိတယ်လို့ California ပြည်နယ်တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။ Colorado ပြည်နယ်မှာလည်း ဗီဇပြောင်းကိုဗစ်ပိုးသစ်ကူးစက်သူ ရှိတယ်လို့ ပြည်နယ်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG