[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စုမွာ COVID-19 ကာကြယ္ေဆး ထိုးႏွံေပးတဲ့ အစီအစဥ္စတင္ေနတာနဲ႔ အတူ ေနာက္ထပ္အလားလာရွိတဲ့ COVID-19 ကာကြယ္ေဆးေတြကိုလည္း အေရးေပၚ အသုံးျပဳခြင့္ေပးႏိုင္ဖို႔ သုံးသပ္ေနၿပီျဖစ္ပါတယ္။
အခု လက္ရွိ အေမရိကန္မွာ Pfizer နဲ႔ ဂ်ာမန္ BioNTech ေဆးကုမၸဏီ ကာကြယ္ေဆးအျပင္ Moderna ရဲ႕ ကာကြယ္ေဆးကို အေရးေပၚ အသုံးျပဳခြင့္ေပးထားေပမဲ့ တႏိုင္ငံလုံးနဲ႔ တကမာၻလုံးကို ျဖန္႔ျဖဴးဖို႔ ေဆးအလုံအေလာက္မရရွိမွာကို စိုးရိမ္မႈေတြရွိေနၾကပါတယ္
အေမရိကန္ Novavax ေဆးကုမၸဏီက စမ္းသပ္ေနတဲ့ အလားအလာရွိတဲ့ COVID-19 ကာကြယ္ေဆးက အခု စမ္းသပ္မႈ ေနာက္ဆုံးအဆင့္ေတြကို ျပဳလုပ္ေနတဲ့ ပၪၥမေျမာက္ေဆးကုမၸဏီလည္း ျဖစ္ပါတယ္။
ႏိုင္ငံတြင္း ကာကြယ္ေဆးထိုးလိုတဲ့ သူအားလုံးအတြက္ ေဆးအလုံအေလာက္ရွိဖို႔ဆိုရင္ ေဆးကုမၸဏီ ၂ ခုထက္ ပိုၿပီးလိုအပ္တယ္လို႔ အေမရိကန္ ကူးစက္ေရာဂါ ထိပ္တန္း ကြၽမ္းက်င္ပညာရွင္ Dr. Anthony Fauci က AP သတင္းကို တနလၤာေန႔ကေျပာပါတယ္။
Johnson & Johnson ကုမၸဏီကလည္း သူ ထုတ္လုပ္ေနတဲ့ ကာကြယ္ေဆးကို တစ္ႀကိမ္တည္း ထိုးႏွံတာ လုံေလာက္မႈ ရွိ-မရွိကို ေနာက္လထဲ သိရွိႏိုင္လိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။
အခု ထိ COVID-19 ေၾကာင့္ အေမရိကန္ႏိုင္ငံတြင္း ေသဆုံးသူက ၃၃၀,၀၀၀ ေက်ာ္အပါအဝင္ တကမာၻလုံး ေသဆုံးသူ ၁.၈ သန္းရွိပါတယ္။
အေမရိကန္မွာ ဒီဇင္ဘာ တလထဲမွာ COVID-19 ေၾကာင့္ ေသဆုံးသူက ၆၅,၀၀၀ ေလာက္ရွိၿပီး ၿပီးခဲ့တဲ့ သီတင္း ငါးပတ္မွာ တရက္ကို ပွ်မ္းမွ်ေသဆုံးသူ ၃,၀၀၀ ေလာက္ရွိေနတာပါ။ ဇန္နဝါရီလ ပထမပတ္အတြင္း Pfizer နဲ႔ Moderna ကာကြယ္ေဆး သန္း ၂၀ ေလာက္ကို ျပည္နယ္ေတြကို စၿပီး ျဖန္႔ျဖဴးေပးသြားမယ္လို႔ သမၼတ Trump အစိုးရ ကာကြယ္ေဆးျဖန္႔ျဖဴးေပးေရး အဖြဲ႕က ေမွ်ာ္မွန္းထားပါတယ္။
ဘဲလာ႐ုစ္ႏိုင္ငံမွာ ႐ုရွားႏိုင္ငံထုတ္ Sputnik V ကာကြယ္ေဆးကို စၿပီးထိုးႏွံေပးလိုက္ပါတယ္။ ႐ုရွားႏိုင္ငံျပင္ပ ဒီ Sputnik V ကာကြယ္ေဆးကို ဘဲလာ႐ုစ္ႏိုင္ငံ က ပထမဆုံး အသုံးျပဳခြင့္ေပးလိုက္တာျဖစ္ပါတယ္။
လူဦးေရ ၉.၅ သန္းေလာက္ရွိတဲ့ ဘဲလာ႐ုစ္ႏိုင္ငံမွာ COVID-19 ကူးစက္သူ ၁၈၈,၀၀၀ နဲ႔ ေသဆုံးသူ ၁,၄၀၀ နီးပါးရွိပါတယ္။
[Unicode Version]
နောက်ထပ် ကိုဗစ်ကာကွယ်ဆေးတွေ အရေးပေါ်သုံးနိုင်ဖို့ ကန်သုံးသပ်
အမေရိကန်ပြည်ထောင်စုမှာ COVID-19 ကာကွယ်ဆေး ထိုးနှံပေးတဲ့ အစီအစဉ်စတင်နေတာနဲ့ အတူ နောက်ထပ်အလားလာရှိတဲ့ COVID-19 ကာကွယ်ဆေးတွေကိုလည်း အရေးပေါ် အသုံးပြုခွင့်ပေးနိုင်ဖို့ သုံးသပ်နေပြီဖြစ်ပါတယ်။
အခု လက်ရှိ အမေရိကန်မှာ Pfizer နဲ့ ဂျာမန် BioNTech ဆေးကုမ္ပဏီ ကာကွယ်ဆေးအပြင် Moderna ရဲ့ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့်ပေးထားပေမဲ့ တနိုင်ငံလုံးနဲ့ တကမ္ဘာလုံးကို ဖြန့်ဖြူးဖို့ ဆေးအလုံအလောက်မရရှိမှာကို စိုးရိမ်မှုတွေရှိနေကြပါတယ်
အမေရိကန် Novavax ဆေးကုမ္ပဏီက စမ်းသပ်နေတဲ့ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးက အခု စမ်းသပ်မှု နောက်ဆုံးအဆင့်တွေကို ပြုလုပ်နေတဲ့ ပဉ္စမမြောက်ဆေးကုမ္ပဏီလည်း ဖြစ်ပါတယ်။
နိုင်ငံတွင်း ကာကွယ်ဆေးထိုးလိုတဲ့ သူအားလုံးအတွက် ဆေးအလုံအလောက်ရှိဖို့ဆိုရင် ဆေးကုမ္ပဏီ ၂ ခုထက် ပိုပြီးလိုအပ်တယ်လို့ အမေရိကန် ကူးစက်ရောဂါ ထိပ်တန်း ကျွမ်းကျင်ပညာရှင် Dr. Anthony Fauci က AP သတင်းကို တနင်္လာနေ့ကပြောပါတယ်။
Johnson & Johnson ကုမ္ပဏီကလည်း သူ ထုတ်လုပ်နေတဲ့ ကာကွယ်ဆေးကို တစ်ကြိမ်တည်း ထိုးနှံတာ လုံလောက်မှု ရှိ-မရှိကို နောက်လထဲ သိရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
အခု ထိ COVID-19 ကြောင့် အမေရိကန်နိုင်ငံတွင်း သေဆုံးသူက ၃၃၀,၀၀၀ ကျော်အပါအဝင် တကမ္ဘာလုံး သေဆုံးသူ ၁.၈ သန်းရှိပါတယ်။
အမေရိကန်မှာ ဒီဇင်ဘာ တလထဲမှာ COVID-19 ကြောင့် သေဆုံးသူက ၆၅,၀၀၀ လောက်ရှိပြီး ပြီးခဲ့တဲ့ သီတင်း ငါးပတ်မှာ တရက်ကို ပျှမ်းမျှသေဆုံးသူ ၃,၀၀၀ လောက်ရှိနေတာပါ။ ဇန်နဝါရီလ ပထမပတ်အတွင်း Pfizer နဲ့ Moderna ကာကွယ်ဆေး သန်း ၂၀ လောက်ကို ပြည်နယ်တွေကို စပြီး ဖြန့်ဖြူးပေးသွားမယ်လို့ သမ္မတ Trump အစိုးရ ကာကွယ်ဆေးဖြန့်ဖြူးပေးရေး အဖွဲ့က မျှော်မှန်းထားပါတယ်။
ဘဲလာရုစ်နိုင်ငံမှာ ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေး ကို စပြီးထိုးနှံပေးလိုက်ပါတယ်။ ရုရှားနိုင်ငံပြင်ပ ဒီ Sputnik V ကာကွယ်ဆေးကို ဘဲလာရုစ်နိုင်ငံ က ပထမဆုံး အသုံးပြုခွင့်ပေးလိုက်တာဖြစ်ပါတယ်။
လူဦးရေ ၉.၅ သန်းလောက်ရှိတဲ့ ဘဲလာရုစ်နိုင်ငံမှာ COVID-19 ကူးစက်သူ ၁၈၈,၀၀၀ နဲ့ သေဆုံးသူ ၁,၄၀၀ နီးပါးရှိပါတယ်။