သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

AstraZeneca ထုတ္မယ့္ COVID-19 ကာကြယ္ေဆး အိႏၵိယမွာ မၾကာခင္အတည္ျပဳဖို႔ရွိ


(Zawgyi/Unicode)

Oxford/AstraZeneca ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး အေရးေပၚ အသုံးျပဳခြင့္ကို မၾကာမီရက္ပိုင္းအတြင္း ၿဗိတိန္နဲ႔ အိႏၵိယ အစိုးရေတြ အတည္ျပဳေပးအပ္ေတာ့မွာ ျဖစ္ေၾကာင္း အဲဒီ ေဆး ထုတ္လုပ္ခြင့္ ရရွိထားတဲ့ Serum Institute of India က တနလၤာေန႔က ေျပာပါတယ္။

ယူေကနိုင္ငံကေန သတင္းေကာင္းတစ္ခ်ိဳ႕ကို မၾကာခင္ ၾကားၾကရေတာ့မွာ ျဖစ္ေၾကာင္း၊ အဲဒီ ကာကြယ္ေဆး ထိေရာက္မႈ ၉၀ ကေန ၉၅ ရာခိုင္ႏႈန္း ရွိတယ္ဆိုတဲ့ AstraZeneca ကုမၸဏီရဲ့ အမႈေဆာင္ အရာရွိခ်ဳပ္ ေျပာတဲ့စကားကိုလည္း ၾကားၾကရၿပီ ျဖစ္ေၾကာင္း Serum Institute of India ကုမၸဏီရဲ့ အမႈေဆာင္ အရာရွိခ်ဳပ္ ADAR POONAWALLA က ေျပာပါတယ္။

ယူေကနိုင္ငံက အတည္ျပဳၿပီးတဲ့ေနာက္မွာ အိႏၵိယ အစိုးရရဲ့ ခြင့္ျပဳခ်က္ကိုလည္း ရရွိလိမ့္မယ္လို႔ သူက ေျပာပါတယ္။

Serum Institute of India ကုမၸဏီက Oxford/AstraZeneca ကာကြယ္ေဆး ထိုးေဆးေပါင္း သန္း ၄၀ က သန္း ၅၀အထိထုတ္လုပ္ ထားၿပီး မတ္လအေရာက္ ေဆးစက္႐ုံအသစ္ တည္ေဆာက္အၿပီးမွာ တစ္လ ထိုးေဆး သန္း ၁၀၀ အထိ ထုတ္လုပ္နိုင္ဖို႔ ေမၽွာ္မွန္း ထားပါတယ္။

အိႏၵိယနိုင္ငံက ဇန္နဝါရီလက စၿပီး ေနာက္ ၆ လက ၈ လအတြင္း ထိုးေဆး သန္း ၆၀၀ ျဖန္႔ျဖဴးေပးဖို႔ လိုလားေနတာပါ။ အလားတူပဲ Pfizer /BioNTech ကာကြယ္ေဆးနဲ႔ အိႏၵိယ Bharat Biotech ကုမၸဏီ ထုတ္ ကာကြယ္ေဆးေတြကို မၾကာမီ အတည္ျပဳ ခြင့္ျပဳခ်က္ ေပးဖို႔ ကိုလည္း အိႏၵိယ ေဆးဝါး အာဏာပိုင္ေတြက စဥ္းစားေနၿပီ ျဖစ္ပါတယ္။

အိႏၵိယျပည္နည္ တစ္ခ်ိဳ႕မွာ ကာကြယ္ေဆး ျဖန္႔ျဖဴးမႈ စနစ္ အစမ္း ေလ့က်င့္မႈေတြ တနလၤာေန႔က စတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။ ေဆးေတြသိုေလွာင္ သိမ္းဆည္းတာက အစ နည္းပညာဆိုင္ရာ အသုံးျပဳမႈေတြ အဆုံး က်န္းမာေရး ဝန္ထမ္းေတြက စမ္းသပ္စစ္ေဆး ခဲ့ပါတယ္။

အိႏၵိယနိုင္ငံက အေမရိကန္ ၿပီးရင္ ကမၻာမွာ COVID 19 ေရာဂါ ကူးစက္မႈ အမ်ားဆုံး နိုင္ငံ ျဖစ္ၿပီး ကူးစက္ခံရသူ ၁၀.၂ သန္းနဲ႔ ေသဆုံးသူ ၁၅၀, ၀၀၀ နီးပါးရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

AstraZeneca ထုတ်မယ့် COVID-19 ကာကွယ်ဆေး အိန္ဒိယမှာ မကြာခင်အတည်ပြုဖို့ရှိ

(Unicode)

Oxford/AstraZeneca ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အရေးပေါ် အသုံးပြုခွင့်ကို မကြာမီရက်ပိုင်းအတွင်း ဗြိတိန်နဲ့ အိန္ဒိယ အစိုးရတွေ အတည်ပြုပေးအပ်တော့မှာ ဖြစ်ကြောင်း အဲဒီ ဆေး ထုတ်လုပ်ခွင့် ရရှိထားတဲ့ Serum Institute of India က တနင်္လာနေ့က ပြောပါတယ်။

ယူကေနိုင်ငံကနေ သတင်းကောင်းတစ်ချို့ကို မကြာခင် ကြားကြရတော့မှာ ဖြစ်ကြောင်း၊ အဲဒီ ကာကွယ်ဆေး ထိရောက်မှု ၉၀ ကနေ ၉၅ ရာခိုင်နှုန်း ရှိတယ်ဆိုတဲ့ AstraZeneca ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ပြောတဲ့စကားကိုလည်း ကြားကြရပြီ ဖြစ်ကြောင်း Serum Institute of India ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ADAR POONAWALLA က ပြောပါတယ်။

ယူကေနိုင်ငံက အတည်ပြုပြီးတဲ့နောက်မှာ အိန္ဒိယ အစိုးရရဲ့ ခွင့်ပြုချက်ကိုလည်း ရရှိလိမ့်မယ်လို့ သူက ပြောပါတယ်။

Serum Institute of India ကုမ္ပဏီက Oxford/AstraZeneca ကာကွယ်ဆေး ထိုးဆေးပေါင်း သန်း ၄၀ က သန်း ၅၀အထိထုတ်လုပ် ထားပြီး မတ်လအရောက် ဆေးစက်ရုံအသစ် တည်ဆောက်အပြီးမှာ တစ်လ ထိုးဆေး သန်း ၁၀၀ အထိ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်း ထားပါတယ်။

အိန္ဒိယနိုင်ငံက ဇန်နဝါရီလက စပြီး နောက် ၆ လက ၈ လအတွင်း ထိုးဆေး သန်း ၆၀၀ ဖြန့်ဖြူးပေးဖို့ လိုလားနေတာပါ။ အလားတူပဲ Pfizer /BioNTech ကာကွယ်ဆေးနဲ့ အိန္ဒိယ Bharat Biotech ကုမ္ပဏီ ထုတ် ကာကွယ်ဆေးတွေကို မကြာမီ အတည်ပြု ခွင့်ပြုချက် ပေးဖို့ ကိုလည်း အိန္ဒိယ ဆေးဝါး အာဏာပိုင်တွေက စဉ်းစားနေပြီ ဖြစ်ပါတယ်။

အိန္ဒိယပြည်နည် တစ်ချို့မှာ ကာကွယ်ဆေး ဖြန့်ဖြူးမှု စနစ် အစမ်း လေ့ကျင့်မှုတွေ တနင်္လာနေ့က စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ ဆေးတွေသိုလှောင် သိမ်းဆည်းတာက အစ နည်းပညာဆိုင်ရာ အသုံးပြုမှုတွေ အဆုံး ကျန်းမာရေး ဝန်ထမ်းတွေက စမ်းသပ်စစ်ဆေး ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက အမေရိကန် ပြီးရင် ကမ္ဘာမှာ COVID 19 ရောဂါ ကူးစက်မှု အများဆုံး နိုင်ငံ ဖြစ်ပြီး ကူးစက်ခံရသူ ၁၀.၂ သန်းနဲ့ သေဆုံးသူ ၁၅၀, ၀၀၀ နီးပါးရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG