သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Covid ကာကြယ္ေဆး တေန႔ ၅ သန္းေက်ာ္ ျဖန္႔ျဖဴးႏိုင္ေအာင္ အိႏၵိယစီစဥ္


အိႏိၵယႏိုင္ငံ ေဒလီေလဆိပ္တြင္ Covid ကာကြယ္ေဆး ျဖန္႔ျဖဴးေရးအတြက္ျပင္ဆင္ထားသည့္ျမင္ကြင္း(Reuters)

{{Zawgyi/Unicode}}

အိႏၵိယႏုိင္ငံတြင္း အေရးေပၚ အသံုးအျဖစ္ ခြင့္ျပဳေပးဖို႔ COVID 19 ကာကြယ္ေဆး သံုးမ်ိဳးကို အစိုးရက သံုးသပ္ေနၿပီး ေဆးဝါးျဖန္႔ျဖဴးေရး အတြက္လည္း ျပင္ဆင္ေနပါၿပီ။

ေအာက္စဖို႔ဒ္႔ တကၠသိုလ္နဲ႔ AstraZeneca ထုတ္ ကာကြယ္ေဆး၊ Pfizer ကာကြယ္ေဆး၊ ေနာက္ အိႏၵိယ ႏုိင္ငံတြင္းမွာဘဲ စမ္းသပ္ထားတဲ႔ Bharat Biotech ရဲ႕ ကာကြယ္ေဆး သံုးမ်ိဳးကို အသံုးျပဳခြင့္ေပးဖို႔ သံုးသပ္ေနတာပါ။

ႏုိင္ငံရဲ႕ အႀကီးဆံုး ေလဆိပ္ႀကီးမွာေတာ့ လာမယ့္ ဇန္န၀ါရီလထဲမွာ တရက္ကို COVID-19 ကာကြယ္ေဆး ပုလင္းေပါင္း ၅ ဒသမ ၄ သန္း ျဖန္႔ျဖဴးႏုိင္ေရး စီစဥ္ေနေၾကာင္း ေဒလီႏုိင္ငံတကာ ေလဆိပ္လီမိတက္ DIAL ရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ Videh Kumar Jaipuriar က ေျပာပါတယ္။

အပူခ်ိန္ ၂ ဒီဂရီ စင္တီဂရိတ္ကေန ၈ ဒီဂရီ စင္တီဂရိတ္ အတြင္းမွာဆိုရင္ ကာကြယ္ေဆး ပုလင္း အလံုးေရ ၂ ဒသမ ၇ သန္း သိုေလွာင္ႏုိင္ၿပီး တရက္ကို ၂ ႀကိမ္ ပို႔ေဆာင္ႏုိင္မယ္ဆိုရင္ ေန႔စဥ္ COVID 19 ကာကြယ္ေဆး ပုလင္းအေရအတြက္ ၅ ဒသမ ၄ သန္း ပို႔ေဆာင္ႏုိင္မယ္လို႔ ေျပာပါတယ္။ ။

ေဒလီ ေလဆိပ္ႀကီးတခုလံုး အေနနဲ႔ ေန႔စဥ္ ကာကြယ္ေဆးပုလင္း အေရအတြက္ ၈ သန္းေလာက္ကို စီမံခန္႔ခြဲႏုိင္ေၾကာင္းလည္း ေျပာပါတယ္။

Pfizer ရဲ႕ ကာကြယ္ေဆးကေတာ့ အပူခ်ိန္ အႏုတ္ ၇၀ ဒီဂရီ စင္တီဂရိတ္မွာ ထားရမွာေၾကာင့္ ေဒလီ ေလဆိပ္မွာ သိုေလွာင္ႏုိင္တဲ႔ ေနရာမရွိေပမယ့္လည္း ေရခဲေျခာက္အသံုးျပဳႏုိင္သလို ဒီထက္ေလ်ာ့တဲ႔ အပူခ်ိန္နဲ႔ ရက္ေပါင္း ၃၀ ေလာက္ ထားႏုိင္တာေၾကာင့္ ပို႔ေဆာင္ ျဖန္႔ျဖဴးေပးႏုိင္တယ္လုိ႔လည္း သူက ေျပာပါတယ္။

လူဦးေရ သန္း ၁,၃၀၀ ရွိတဲ႔ အိႏၵိယမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္သူ အေရအတြက္က ၁၀ သန္းေက်ာ္ ကို ေရာက္ရွိေနၿပီး ကမၻာမွာ ဒုတိယေျမာက္ ဗိုင္းရပ္စ္ ကူးစက္မႈ အဆိုးဆံုး ႏုိင္ငံ ျဖစ္ေနၿပီး ကာကြယ္ေဆးက အေရးႀကီးေနတာ ျဖစ္ပါတယ္။

..........................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

အိန္ဒိယနိုင်ငံတွင်း အရေးပေါ် အသုံးအဖြစ် ခွင့်ပြုပေးဖို့ COVID 19 ကာကွယ်ဆေး သုံးမျိုးကို အစိုးရက သုံးသပ်နေပြီး ဆေးဝါးဖြန့်ဖြူးရေး အတွက်လည်း ပြင်ဆင်နေပါပြီ။

အောက်စဖို့ဒ့် တက္ကသိုလ်နဲ့ AstraZeneca ထုတ် ကာကွယ်ဆေး၊ Pfizer ကာကွယ်ဆေး၊ နောက် အိန္ဒိယ နိုင်ငံတွင်းမှာဘဲ စမ်းသပ်ထားတဲ့ Bharat Biotech ရဲ့ ကာကွယ်ဆေး သုံးမျိုးကို အသုံးပြုခွင့်ပေးဖို့ သုံးသပ်နေတာပါ။

နိုင်ငံရဲ့ အကြီးဆုံး လေဆိပ်ကြီးမှာတော့ လာမယ့် ဇန်နဝါရီလထဲမှာ တရက်ကို COVID-19 ကာကွယ်ဆေး ပုလင်းပေါင်း ၅ ဒသမ ၄ သန်း ဖြန့်ဖြူးနိုင်ရေး စီစဉ်နေကြောင်း ဒေလီနိုင်ငံတကာ လေဆိပ်လီမိတက် DIAL ရဲ့ အမှုဆောင် အရာရှိချုပ် Videh Kumar Jaipuriar က ပြောပါတယ်။

အပူချိန် ၂ ဒီဂရီ စင်တီဂရိတ်ကနေ ၈ ဒီဂရီ စင်တီဂရိတ် အတွင်းမှာဆိုရင် ကာကွယ်ဆေး ပုလင်း အလုံးရေ ၂ ဒသမ ၇ သန်း သိုလှောင်နိုင်ပြီး တရက်ကို ၂ ကြိမ် ပို့ဆောင်နိုင်မယ်ဆိုရင် နေ့စဉ် COVID 19 ကာကွယ်ဆေး ပုလင်းအရေအတွက် ၅ ဒသမ ၄ သန်း ပို့ဆောင်နိုင်မယ်လို့ ပြောပါတယ်။ ။

ဒေလီ လေဆိပ်ကြီးတခုလုံး အနေနဲ့ နေ့စဉ် ကာကွယ်ဆေးပုလင်း အရေအတွက် ၈ သန်းလောက်ကို စီမံခန့်ခွဲနိုင်ကြောင်းလည်း ပြောပါတယ်။

Pfizer ရဲ့ ကာကွယ်ဆေးကတော့ အပူချိန် အနုတ် ၇၀ ဒီဂရီ စင်တီဂရိတ်မှာ ထားရမှာကြောင့် ဒေလီ လေဆိပ်မှာ သိုလှောင်နိုင်တဲ့ နေရာမရှိပေမယ့်လည်း ရေခဲခြောက်အသုံးပြုနိုင်သလို ဒီထက်လျော့တဲ့ အပူချိန်နဲ့ ရက်ပေါင်း ၃၀ လောက် ထားနိုင်တာကြောင့် ပို့ဆောင် ဖြန့်ဖြူးပေးနိုင်တယ်လို့လည်း သူက ပြောပါတယ်။

လူဦးရေ သန်း ၁,၃၀၀ ရှိတဲ့ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်က ၁၀ သန်းကျော် ကို ရောက်ရှိနေပြီး ကမ္ဘာမှာ ဒုတိယမြောက် ဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံး နိုင်ငံ ဖြစ်နေပြီး ကာကွယ်ဆေးက အရေးကြီးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG