(Zawgyi / Unicode)
အိႏၵိယႏုိင္ငံမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း သိသိသာသာ က်ဆင္းလာေပမယ့္လည္း ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ စုစုေပါင္းက စေနေန႔မွာ ၁၀ သန္းေက်ာ္သြားၿပီး ကမၻာမွာ ဒုတိယေျမာက္ ကူးစက္ျဖစ္ပြားမႈ အမ်ားဆံုးႏုိင္ငံ ျဖစ္ေနပါတယ္။
၂၄ နာရီအတြင္း ကူးစက္ခံရမႈ ၂၅,၀၀၀ ေက်ာ္ တိုးလာတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေဖာ္ျပထားၿပီး ေသဆံုးသူ စုစုေပါင္း ၁၄၅,၁၃၆ ဦးထိ ရွိသြားပါၿပီ။
“လူေတြက မေၾကာက္ၾကသလို ႏွာေခါင္စည္းလည္း မဝတ္၊ ေနာက္ တကိုယ္ေရ သန္႔ရွင္းေရးလည္း ေကာင္းေကာင္းမလုပ္ၾကလို႔ ကူးစက္မႈ မ်ားေနတာပါ” လို႔ ေဒလီေဒသခံ ေျပာသြားတာပါ။
ေနာက္ႏွစ္ထဲမွာ ကုိဗစ္ကာကြယ္ေဆး စၿပီးထိုးႏွံဖို႔ အစိုးရက ျပင္ဆင္ေနခ်ိန္မွာပဲ ကူးစက္သူအေရအတြက္ ၁၀ သန္းထိ ေရာက္ရွိလာတာပါ။
လာမယ့္ႏွစ္အတြင္း အိႏၵိယလူဦးေရ သန္း ၃၀၀ ေလာက္ကို COVID-19 ကာကြယ္ေဆး စထိုးေပးဖို႔ အစိုးရက ရည္ရြယ္ထားၿပီး က်န္းမာေရးဝန္ထမ္းေတြကို ဦးစားေပးမွာ ျဖစ္ပါတယ္။
---------------------
(Unicode)
အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ ၁၀ သန်းကျော်ပြီ
အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း သိသိသာသာ ကျဆင်းလာပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်းက စနေနေ့မှာ ၁၀ သန်းကျော်သွားပြီး ကမ္ဘာမှာ ဒုတိယမြောက် ကူးစက်ဖြစ်ပွားမှု အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။
၂၄ နာရီအတွင်း ကူးစက်ခံရမှု ၂၅,၀၀၀ ကျော် တိုးလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပြီး သေဆုံးသူ စုစုပေါင်း ၁၄၅,၁၃၆ ဦးထိ ရှိသွားပါပြီ။
“လူတွေက မကြောက်ကြသလို နှာခေါင်စည်းလည်း မဝတ်၊ နောက် တကိုယ်ရေ သန့်ရှင်းရေးလည်း ကောင်းကောင်းမလုပ်ကြလို့ ကူးစက်မှု များနေတာပါ” လို့ ဒေလီဒေသခံ ပြောသွားတာပါ။
နောက်နှစ်ထဲမှာ ကိုဗစ်ကာကွယ်ဆေး စပြီးထိုးနှံဖို့ အစိုးရက ပြင်ဆင်နေချိန်မှာပဲ ကူးစက်သူအရေအတွက် ၁၀ သန်းထိ ရောက်ရှိလာတာပါ။
လာမယ့်နှစ်အတွင်း အိန္ဒိယလူဦးရေ သန်း ၃၀၀ လောက်ကို COVID-19 ကာကွယ်ဆေး စထိုးပေးဖို့ အစိုးရက ရည်ရွယ်ထားပြီး ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးမှာ ဖြစ်ပါတယ်။