သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာရွတလႊား ကိုဗစ္ကူးစက္မႈမ်ား


ေတာင္ကိုရီးယားႏိုင္ငံ Seoul ၿမိဳ႕မွာ ကိုဗစ္ေရာဂါ စစ္ေဆးေပးေနတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

အာရွတလႊား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ဆက္ၿပီးျဖစ္ေနတာမွာ ေတာင္ကိုရီးယားမွာ ဒီကေန႔ ကူးစက္မႈႏႈန္း ျမင့္တက္ခဲ့ပါတယ္။ က်န္းမာေရးဆိုင္ရာ တာဝန္ရွိသူေတြအေနနဲ႔ ၿမိဳ႕ေတာ္ Soul ၿမိဳ႕နဲ႔ တဝိုက္ပိုၿပီး တင္းၾကပ္တဲ့ စည္းမ်ဥ္းကန္႔သတ္ခ်က္ေတြ ခ်မွတ္ဖို႔ ဖိအားေပးမႈေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။ ေတာင္ကိုရီးယားမွာ ဒီကေန႔ တရက္ထဲ ကူးစက္သူ ၁,၀၇၈ ေယာက္နဲ႔ လြန္ခဲ့တဲ့ ၄၈ နာရီအတြင္း ေသဆုံးသူက ၂၅ ေယာက္ရွိပါတယ္။ အခုထိ စုေပါင္း ကူးစက္သူ ၄၅,၄၀၀ ေက်ာ္နဲ႔ ေသဆုံးသူေပါင္း ၆၀၀ ေက်ာ္ရွိပါတယ္။

ဂ်ပန္ႏိုင္ငံ ၿမိဳ႕ေတာ္တိုက်ိဳ မွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၆၇၈ ေယာက္ရွိပါတယ္။ တႏိုင္ငံလုံးအတိုင္းအတာနဲ႔အဂၤါေန႔က ကူးစက္သူ ၂,၄၀၀ ေက်ာ္ရွိပါတယ္။ ႏိုင္ငံတြင္း အခုထိ ကူးစက္သူေပါင္း ၁၈၄,၄၀၀ ေက်ာ္နဲ႔ ေသဆုံးသူေပါင္း ၂,၆၈၀ ေက်ာ္ရွိတာပါ။ ဝန္ႀကီးခ်ဳပ္ Yoshihide Suga အေနနဲ႔ ကပ္ေရာဂါေၾကာင့္ စီးပြါးေရးထိခိုက္မႈေတြၾကား ေနာက္ထပ္ကန္႔သတ္ခ်က္ေတြ ခ်မွတ္ဖို႔ တုန္႔ဆိုင္းေနတာလည္း ျဖစ္ပါတယ္။

သီရိလကၤာႏိုင္ငံမွာ ပိတ္ထားတာ ၂ လေလာက္ရွိေနၿပီျဖစ္တဲ့ အဓိက ငါးေစ်းႀကီးကို ျပန္ဖြင့္ခြင့္ျပဳလိုက္ပါတယ္။ ၿမိဳ႕ေတာ္ Colombo အစြန္အဖ်ားမွာရွိတဲ့ ဒီငါးေစ်းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၅၀ နီးပါးေတြ႕ခဲ့ၿပီးတဲ့ေနာက္ ေအာက္တိုဘာလတုန္းက ပိတ္ထားခဲ့တာပါ။ ဒီငါးေစ်းကေန စတင္ခဲ့တဲ့ ကူးစက္မႈကေန လူေပါင္း ၂၆,၇၀၀ ေက်ာ္ေလာက္ကို ေရာဂါကူးစက္ခဲ့ပါတယ္။ အခု ေစ်းျပန္ဖြင့္ခြင့္ေပးေပမဲ့ လက္ကားေရာင္းဝယ္တာကိုေတာ့ ကန္႔သတ္ထားပါတယ္။ သီရိလကၤာမွာ အခုထိ ေရာဂါကူးစက္သူေပါင္း ၃၄,၁၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၁၅၄ ေယာက္ရွိပါတယ္။

အာရွတလႊား ကိုဗစ္ကူးစက္မႈမ်ား
please wait

No media source currently available

0:00 0:01:23 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာရှတလွှား ကိုဗစ်ကူးစက်မှုများ

အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်ပြီးဖြစ်နေတာမှာ တောင်ကိုရီးယားမှာ ဒီကနေ့ ကူးစက်မှုနှုန်း မြင့်တက်ခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ မြို့တော် Soul မြို့နဲ့ တဝိုက်ပိုပြီး တင်းကြပ်တဲ့ စည်းမျဉ်းကန့်သတ်ချက်တွေ ချမှတ်ဖို့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ တောင်ကိုရီးယားမှာ ဒီကနေ့ တရက်ထဲ ကူးစက်သူ ၁,၀၇၈ ယောက်နဲ့ လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း သေဆုံးသူက ၂၅ ယောက်ရှိပါတယ်။ အခုထိ စုပေါင်း ကူးစက်သူ ၄၅,၄၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၆၀၀ ကျော်ရှိပါတယ်။

ဂျပန်နိုင်ငံ မြို့တော်တိုကျို မှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆၇၈ ယောက်ရှိပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့အင်္ဂါနေ့က ကူးစက်သူ ၂,၄၀၀ ကျော်ရှိပါတယ်။ နိုင်ငံတွင်း အခုထိ ကူးစက်သူပေါင်း ၁၈၄,၄၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၂,၆၈၀ ကျော်ရှိတာပါ။ ဝန်ကြီးချုပ် Yoshihide Suga အနေနဲ့ ကပ်ရောဂါကြောင့် စီးပွါးရေးထိခိုက်မှုတွေကြား နောက်ထပ်ကန့်သတ်ချက်တွေချမှတ်ဖို့ တုန့်ဆိုင်းနေတာလည်း ဖြစ်ပါတယ်။

သီရိလင်္ကာနိုင်ငံမှာ ပိတ်ထားတာ ၂ လလောက်ရှိနေပြီဖြစ်တဲ့ အဓိက ငါးဈေးကြီးကို ပြန်ဖွင့်ခွင့်ပြုလိုက်ပါတယ်။ မြို့တော် Colombo အစွန်အဖျားမှာရှိတဲ့ ဒီငါးဈေးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၅၀ နီးပါးတွေ့ခဲ့ပြီးတဲ့နောက် အောက်တိုဘာလတုန်းက ပိတ်ထားခဲ့တာပါ။ ဒီငါးဈေးကနေ စတင်ခဲ့တဲ့ ကူးစက်မှုကနေ လူပေါင်း ၂၆,၇၀၀ ကျော်လောက်ကို ရောဂါကူးစက်ခဲ့ပါတယ်။ အခု ဈေးပြန်ဖွင့်ခွင့်ပေးပေမဲ့ လက်ကားရောင်းဝယ်တာကိုတော့ ကန့်သတ်ထားပါတယ်။ သီရိလင်္ကာမှာ အခုထိ ရောဂါကူးစက်သူပေါင်း ၃၄,၁၀၀ ကျော်နဲ့ သေဆုံးသူ ၁၅၄ ယောက်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG