{{Zawgyi/Unicode}}
ဂ်ာမနီႏိုင္ငံမွာ COVID-19 ကာကြယ္ေဆး ကို ဒီဇင္ဘာလ ၂၃ ရက္မွာ အတည္ျပဳဖို႔နဲ႕ ဒီႏွစ္မကုန္ခင္ စတင္ထိုးေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း အဂၤါေန႔က ဂ်ာမန္ က်န္းမာေရးဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။
EMA ဥေရာပေဆး၀ါးဆိုင္ရာ ေအဂ်င္စီကေန Pfizer-BioNTech ကာကြယ္ေဆးအတြက္ ေနာက္ဆံုးအတည္ျပဳဖို႔ ဒီဇင္ဘာလ ၂၃ ရက္ေန႔မွာ ေဆြးေႏြးၾကလိမ့္မယ္လို႔ သူ႔အေနနဲ႔ သိရေၾကာင္း ဘာလင္ၿမိဳ႕ေတာ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြမွာ က်န္းမာေရး၀န္ႀကီး Jens Spahn ကေန သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။ EMA ေအဂ်င္စီဟာ ဥေရာပသမဂၢအတြက္ ကာကြယ္ေဆးေတြနဲ႔ အျခား ေဆးဝါးေတြကို အကဲျဖတ္၊ ခြင့္ျပဳခ်က္ေပးရတဲ့ အဖဲြ႔ျဖစ္ပါတယ္။
Pfizer-BioNTech ကာကြယ္ေဆးကိုၿဗိတိန္၊ ကေနဒါ၊ အေမရိကန္နဲ႔ အျခားႏိုင္ငံေတြ မွာ အသံုးျပဳခြင့္ ရထားၿပီျဖစ္ပါတယ္။ ဂ်ာမနီ ႏိုင္ငံအေနနဲ႔ EMA ရဲ႕ခြင့္ျပဳခ်က္ရဖို႔ ေစာင့္ဆိုင္းေနတာနဲ႔ ပတ္သက္လို႔ က်န္းမာေရး၀န္ႀကီး Spahn က ကာကြယ္ေျပာဆိုရာမွာ ဂ်ာမနီအေနန႔ဲ တႏိုင္ငံတည္းဆံုးျဖတ္ခြင့္ျပဳခ်က္ ေပးတာထက္ ဥေရာပ တဝွမ္း က်ယ္က်ယ္ျပန္႔ျပန္႔ ဆံုးျဖတ္ခြင့္ျပဳတာမ်ဳိးကိုပဲ သူ႔အစိုးရက အၿမဲေထာက္ခံခဲ့တာျဖစ္တယ္လို႔ ေျပာဆိုသြားပါတယ္။ လက္ရွိမွာေတာ့ ဂ်ာမနီမွာ ကိုဗစ္-၁၉ ကူးစက္မႈအေျခအေန အဆိုးဆံုးရင္ဆိုင္ေနရပါတယ္။
..........................................
{{Unicode}}
ဂျာမနီနိုင်ငံမှာ COVID-19 ကာကွယ်ဆေး ကို ဒီဇင်ဘာလ ၂၃ ရက်မှာ အတည်ပြုဖို့နဲ့ ဒီနှစ်မကုန်ခင် စတင်ထိုးပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း အင်္ဂါနေ့က ဂျာမန် ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
EMA ဥရောပဆေးဝါးဆိုင်ရာ အေဂျင်စီကနေ Pfizer-BioNTech ကာကွယ်ဆေးအတွက် နောက်ဆုံးအတည်ပြုဖို့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဆွေးနွေးကြလိမ့်မယ်လို့ သူ့အနေနဲ့ သိရကြောင်း ဘာလင်မြို့တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျန်းမာရေးဝန်ကြီး Jens Spahn ကနေ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ EMA အေဂျင်စီဟာ ဥရောပသမဂ္ဂအတွက် ကာကွယ်ဆေးတွေနဲ့ အခြား ဆေးဝါးတွေကို အကဲဖြတ်၊ ခွင့်ပြုချက်ပေးရတဲ့ အဖွဲ့ဖြစ်ပါတယ်။
Pfizer-BioNTech ကာကွယ်ဆေးကိုဗြိတိန်၊ ကနေဒါ၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေ မှာ အသုံးပြုခွင့် ရထားပြီဖြစ်ပါတယ်။ ဂျာမနီ နိုင်ငံအနေနဲ့ EMA ရဲ့ခွင့်ပြုချက်ရဖို့ စောင့်ဆိုင်းနေတာနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီး Spahn က ကာကွယ်ပြောဆိုရာမှာ ဂျာမနီအနေနဲ့ တနိုင်ငံတည်းဆုံးဖြတ်ခွင့်ပြုချက် ပေးတာထက် ဥရောပ တဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဆုံးဖြတ်ခွင့်ပြုတာမျိုးကိုပဲ သူ့အစိုးရက အမြဲထောက်ခံခဲ့တာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ လက်ရှိမှာတော့ ဂျာမနီမှာ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ အဆိုးဆုံးရင်ဆိုင်နေရပါတယ်။