သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္အကူအညီအစီအစဥ္ ကန္လႊတ္ေတာ္သေဘာတူညီခ်က္ရဖို႔ နီးစပ္လာ


ကန္လႊတ္ေတာ္အေဆာက္အဦး။ (ဒီဇင္ဘာ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဆိုင္ရာ အေရးေပၚအကူအညီ ေနာက္တႀကိမ္ ထပ္ေပးေရးကိစၥ လႊတ္ေတာ္တြင္း လအေတာ္ၾကာ ေဆြးေႏြးေနရာကေန သေဘာတူညီခ်က္တခု ရေတာ့မယ့္ အလားအလာရွိလာတဲ့အေၾကာင္း ပါတီႏွစ္ရပ္လံုးရဲ႕ ေခါင္းေဆာင္ေတြက အဂၤါေန႔ေႏွာင္းပိုင္းမွာေျပာပါတယ္။

ေအာက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Kevin McCarthy က "လမ္းေၾကာင္းမွန္ေပၚ ေရာက္ေနၿပီလို႔ က်ေနာ္ယူဆပါတယ္၊ သေဘာတူညီခ်က္ ရႏုိင္ေျခရွိလာၿပီလို႔ ယူဆပါတယ္။" ဆိုၿပီး ေဆြးေႏြးပြဲ ႏွစ္အႀကိမ္အၿပီးမွာ ေျပာခဲ့ပါတယ္။

ေဆြးေႏြးပြဲမွာ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ၊ အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Chuck Schumer နဲ႔ လူမ်ားစုေခါင္းေဆာင္ Mitch McConnell တို႔လည္း ပါဝင္ပါတယ္။

မစၥတာ Schumer က "တိုးတက္မႈရေနၿပီး မၾကာခင္မွာ သေဘာတူညီခ်က္ရလာဖုိ႔ ေမ ွ်ာ္လင့္ပါတယ္။ သေဘာတူညီခ်က္တခုရဖို႔ စစ္မွန္တဲ့ ဆႏၵတခုရွိေနတယ္လို႔ က်ေနာ္ယူဆပါတယ္။" ဆိုၿပီး ေျပာပါတယ္။

သေဘာတူညီခ်က္တခုသာ မရဘူးဆိုရင္ အေရးေပၚ အကူအညီေပးထားတဲ့ အဓိက အစီအစဥ္ အမ်ားအျပားဟာ ဒီလကုန္မွာ သက္တမ္းကုန္သြားမွာျဖစ္ပါတယ္။

ဒီထဲမွာ အလုပ္လက္မဲ့ျဖစ္ေနသူ အေမရိကန္ ၁၂ သန္းကို ေပးေနတဲ့ အလုပ္လက္မဲ့ေထာက္ပံ့ေၾကး အစီအစဥ္နဲ႔ အိမ္ငွားခမေပးႏုိင္တဲ့ ခန္႔မွန္းေျခ အေမရိကန္ သန္း ၄၀ ေဆာင္းရာသီကာလအတြင္း ေနအိမ္ေတြကေန ႏွင္ခ်မခံရေအာင္ ဆိုင္းထားေပးတဲ့ အစီအစဥ္ေတြလည္း ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်အကူအညီအစီအစဉ် ကန်လွှတ်တော်သဘောတူညီချက်ရဖို့ နီးစပ်လာ

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုင်ရာ အရေးပေါ်အကူအညီ နောက်တကြိမ် ထပ်ပေးရေးကိစ္စ လွှတ်တော်တွင်း လအတော်ကြာ ဆွေးနွေးနေရာကနေ သဘောတူညီချက်တခု ရတော့မယ့် အလားအလာရှိလာတဲ့အကြောင်း ပါတီနှစ်ရပ်လုံးရဲ့ ခေါင်းဆောင်တွေက အင်္ဂါနေ့နှောင်းပိုင်းမှာပြောပါတယ်။

အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Kevin McCarthy က "လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ကျနော်ယူဆပါတယ်၊ သဘောတူညီချက် ရနိုင်ခြေရှိလာပြီလို့ ယူဆပါတယ်။" ဆိုပြီး ဆွေးနွေးပွဲ နှစ်အကြိမ်အပြီးမှာ ပြောခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ၊ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Chuck Schumer နဲ့ လူများစုခေါင်းဆောင် Mitch McConnell တို့လည်း ပါဝင်ပါတယ်။

မစ္စတာ Schumer က "တိုးတက်မှုရနေပြီး မကြာခင်မှာ သဘောတူညီချက်ရလာဖို့ မေ ျှာ်လင့်ပါတယ်။ သဘောတူညီချက်တခုရဖို့ စစ်မှန်တဲ့ ဆန္ဒတခုရှိနေတယ်လို့ ကျနော်ယူဆပါတယ်။" ဆိုပြီး ပြောပါတယ်။

သဘောတူညီချက်တခုသာ မရဘူးဆိုရင် အရေးပေါ် အကူအညီပေးထားတဲ့ အဓိက အစီအစဉ် အများအပြားဟာ ဒီလကုန်မှာ သက်တမ်းကုန်သွားမှာဖြစ်ပါတယ်။

ဒီထဲမှာ အလုပ်လက်မဲ့ဖြစ်နေသူ အမေရိကန် ၁၂ သန်းကို ပေးနေတဲ့ အလုပ်လက်မဲ့ထောက်ပံ့ကြေး အစီအစဉ်နဲ့ အိမ်ငှားခမပေးနိုင်တဲ့ ခန့်မှန်းခြေ အမေရိကန် သန်း ၄၀ ဆောင်းရာသီကာလအတွင်း နေအိမ်တွေကနေ နှင်ချမခံရအောင် ဆိုင်းထားပေးတဲ့ အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG