{{Zawgyi/Unicode}}
ထိုင္ဝမ္ လူဦးေရရဲ့ ၆၀ ရာခိုင္ႏႈန္းျဖစ္တဲ့ ထိုင္ဝမ္ျပည္သူျပည္သား ၁၅ သန္းကို COVID 19 ကာကြယ္ေဆးထိုးေပးဖို႔ ရည္မွန္း ထားတယ္လို႔ ထိုင္ဝမ္ က်န္းမာေရး တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။
ထိုင္ဝမ္က COVAX လို႔ေခၚတဲ့ တစ္ကမၻာလုံး ကာကြယ္ေဆး ရရွိေရး အစီအစဥ္ကေန COVID 19 ကာကြယ္ေဆး ဝယ္ယူေရး သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးထားတာပါ။ ဒါေပမယ့္ စမ္းသပ္မႈ တတိယအဆင့္ကို ေရာက္ေနၿပီ ျဖစ္တဲ့ တျခား ကာကြယ္ေဆး ထုတ္လုပ္သူေတြနဲ႔လည္း သေဘာတူခ်က္ရဖို႔ ေဆြးေႏြးေနတယ္လို႔လည္း ထိုင္ဝမ္ ကပ္ေရာဂါ ထိန္းခ်ဳပ္ေရးဗဟိုဌာန ဒုတိယ ညႊန္ၾကားေရးမႉး Jing-Hui Yang က ေျပာပါတယ္။
COVAX အစီအစဥ္က တစ္ကမၻာလုံးကို ကာကြယ္ေဆး ညီတူညီမၽွ ျဖန္႔ျဖဴးေပးဖို႔ ရည္မွန္းထားေပမယ့္ အခုအခ်ိန္အထိ ျဖန္႔ျဖဴး ေပးပို႔ေရး လုပ္ငန္းေတြ စတင္နိုင္ျခင္း မရွိေသးပါဘူး။
ထိုင္ဝမ္အေနနဲ႔ က်န္းမာေရးဝန္ထမ္းေတြနဲ႔ မျဖစ္မရွိ လုပ္ငန္းေတြက လုပ္သားေတြကို ကာကြယ္ေဆး ပထမဦးစားေပး ထိုးႏွံေပးသြားမွာ ျဖစ္ၿပီး အဲဒီေနာက္မွာ အသက္အရြယ္ ႀကီးရင့္သူေတြနဲ႔ တာရွည္ ေရာဂါအခံ ရွိသူေတြကို ကာကြယ္ေဆး ထိုးေပးမွာ ျဖစ္ပါတယ္။
ေရွ႕ႏွစ္ အေစာပိုင္းမွာ ထိုင္ဝမ္ကို COVID 19 ကာကြယ္ေဆးေတြ ေရာက္လာလိမ့္မယ္လို႔လည္း ထိုင္ဝမ္ တာဝန္ရွိသူေတြက ခန္႔မွန္းထားၾက ပါတယ္။
..........................
{{Unicode}}
ထိုင်ဝမ် လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ထိုင်ဝမ်ပြည်သူပြည်သား ၁၅ သန်းကို COVID 19 ကာကွယ်ဆေးထိုးပေးဖို့ ရည်မှန်း ထားတယ်လို့ ထိုင်ဝမ် ကျန်းမာရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ထိုင်ဝမ်က COVAX လို့ခေါ်တဲ့ တစ်ကမ္ဘာလုံး ကာကွယ်ဆေး ရရှိရေး အစီအစဉ်ကနေ COVID 19 ကာကွယ်ဆေး ဝယ်ယူရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတာပါ။ ဒါပေမယ့် စမ်းသပ်မှု တတိယအဆင့်ကို ရောက်နေပြီ ဖြစ်တဲ့ တခြား ကာကွယ်ဆေး ထုတ်လုပ်သူတွေနဲ့လည်း သဘောတူချက်ရဖို့ ဆွေးနွေးနေတယ်လို့လည်း ထိုင်ဝမ် ကပ်ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန ဒုတိယ ညွှန်ကြားရေးမှူး Jing-Hui Yang က ပြောပါတယ်။
COVAX အစီအစဉ်က တစ်ကမ္ဘာလုံးကို ကာကွယ်ဆေး ညီတူညီမျှ ဖြန့်ဖြူးပေးဖို့ ရည်မှန်းထားပေမယ့် အခုအချိန်အထိ ဖြန့်ဖြူး ပေးပို့ရေး လုပ်ငန်းတွေ စတင်နိုင်ခြင်း မရှိသေးပါဘူး။
ထိုင်ဝမ်အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ မဖြစ်မရှိ လုပ်ငန်းတွေက လုပ်သားတွေကို ကာကွယ်ဆေး ပထမဦးစားပေး ထိုးနှံပေးသွားမှာ ဖြစ်ပြီး အဲဒီနောက်မှာ အသက်အရွယ် ကြီးရင့်သူတွေနဲ့ တာရှည် ရောဂါအခံ ရှိသူတွေကို ကာကွယ်ဆေး ထိုးပေးမှာ ဖြစ်ပါတယ်။
ရှေ့နှစ် အစောပိုင်းမှာ ထိုင်ဝမ်ကို COVID 19 ကာကွယ်ဆေးတွေ ရောက်လာလိမ့်မယ်လို့လည်း ထိုင်ဝမ် တာဝန်ရှိသူတွေက ခန့်မှန်းထားကြ ပါတယ်။