သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္အျဖစ္နည္းတဲ႔ ျမန္မာက ေက်ာင္းသားေတြ ထုိင္၀မ္မွာ ေက်ာင္းျပန္တက္ခြင့္ရ


National Taipei University of Technology

(Zawgyi/Unicode)

ထိုင္ဝမ္ကတကၠသိုလ္ေတြမွာ ပညာသင္ၾကားေနၾကတဲ့ ျမန္မာေက်ာင္းသားေတြကို ေက်ာင္းျပန္လာတက္ဖို႔ ခြင့္ျပဳေၾကာင္း ထိုင္ဝမ္ပညာေရး ဝန္ႀကီးဌာနက ဗုဒၶဟူးေန႔က ေၾကညာ လိုက္ပါတယ္။ ျမန္မာႏုိင္ငံမွာ ကုိဗစ္ျဖစ္ပြားမႈႏႈန္း သိပ္မမ်ားတဲ့အတြက္ အခုလုိ ျမန္မာႏုိင္ငံက ေက်ာင္းသားေတြကုိ ထုိင္၀မ္မွာ ျပန္လာတက္ခြင့္ျပဳလုိက္တာလုိ႔ ဆုိပါတယ္။

ထိုင္ဝမ္ အေရးေပၚ အေျခအေနထိန္းခ်ဳပ္ေရး ဗဟိုဌာန (CECC) က COVID-19 ကူးစက္မႈႏႈန္း နည္းတဲ့နိုင္ငံေတြနဲ႔၊ ကူးစက္မႈ နည္းတာနဲ႔ အသင့္အတင့္ ၾကားရွိတဲ့ နိုင္ငံေတြကို စာရင္းျပဳစုေနခ်ိန္ ကတည္းကစၿပီး နိုင္ငံတကာေက်ာင္းသား ၄၃၁ ေယာက္ကို ထိုင္ဝမ္ကို ျပန္ လာၿပီး ေက်ာင္းတက္ခြင့္ ျပဳလိုက္ၿပီး ျဖစ္တယ္လို႔လည္း ထိုင္ဝမ္ ပညာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

အခု ေၾကညာခ်က္အရ ေရာဂါကူးစက္မႈႏႈန္း နည္း တဲ့ စာရင္းဝင္နိုင္ငံ ေတြက ေက်ာင္းသားေတြကို ထိုင္ဝမ္မွာ ေက်ာင္းတက္ဖို႔ ျပန္လာခြင့္ေပးလိုက္တာ ျဖစ္ပါတယ္။ ကူးစက္မႈ ႏႈန္း သိပ္မမ်ားတဲ့ နိုင္ငံနဲ႔ နယ္ေျမစာရင္းထဲမွာ ျမန္မာအပါအဝင္ နိုင္ငံနဲ႔ နယ္ေျမ ၁၉ ခုရွိၿပီး COVID 19 ေၾကာင့္ ျပန္မလာ နိုင္တဲ့ေက်ာင္းသား ၆၈၀၀ နီးပါး အခု ခြင့္ျပဳတဲ့အထဲ အက်ဳံးဝင္ပါတယ္။ အမ်ားစုက ေဟာင္ေကာင္ ေက်ာင္းသားေတြ ျဖစ္ပါတယ္။

အခုထိ ေက်ာင္းသား ၂၉၂ ေယာက္ျပန္ေရာက္လာၿပီလို႔လည္း ထိုင္ဝမ္ ပညာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ေက်ာင္းသားေဟာင္းေတြတင္မကဘဲ စာရင္းဝင္နိုင္ငံ ၁၉ နိုင္ငံက ေက်ာင္းသားသစ္ေတြကိုလည္း ဇူလိုင္လ ၂၂ ရက္ေန႔က စၿပီး ထိုင္ဝမ္ကို ဝင္ေရာက္ခြင့္ျပဳသြားမွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

ကိုဗစ်အဖြစ်နည်းတဲ့ မြန်မာက ကျောင်းသားတွေ ထိုင်ဝမ်မှာ ကျောင်းပြန်တက်ခွင့်ရ

(Unicode)

ထိုင်ဝမ်ကတက္ကသိုလ်တွေမှာ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသားတွေကို ကျောင်းပြန်လာတက်ဖို့ ခွင့်ပြုကြောင်း ထိုင်ဝမ်ပညာရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ကြေညာ လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်း သိပ်မများတဲ့အတွက် အခုလို မြန်မာနိုင်ငံက ကျောင်းသားတွေကို ထိုင်ဝမ်မှာ ပြန်လာတက်ခွင့်ပြုလိုက်တာလို့ ဆိုပါတယ်။

ထိုင်ဝမ် အရေးပေါ် အခြေအနေထိန်းချုပ်ရေး ဗဟိုဌာန (CECC) က COVID-19 ကူးစက်မှုနှုန်း နည်းတဲ့နိုင်ငံတွေနဲ့၊ ကူးစက်မှု နည်းတာနဲ့ အသင့်အတင့် ကြားရှိတဲ့ နိုင်ငံတွေကို စာရင်းပြုစုနေချိန် ကတည်းကစပြီး နိုင်ငံတကာကျောင်းသား ၄၃၁ ယောက်ကို ထိုင်ဝမ်ကို ပြန် လာပြီး ကျောင်းတက်ခွင့် ပြုလိုက်ပြီး ဖြစ်တယ်လို့လည်း ထိုင်ဝမ် ပညာရေးဝန်ကြီးဌာနက ပြောပါတယ်။

အခု ကြေညာချက်အရ ရောဂါကူးစက်မှုနှုန်း နည်း တဲ့ စာရင်းဝင်နိုင်ငံ တွေက ကျောင်းသားတွေကို ထိုင်ဝမ်မှာ ကျောင်းတက်ဖို့ ပြန်လာခွင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ကူးစက်မှု နှုန်း သိပ်မများတဲ့ နိုင်ငံနဲ့ နယ်မြေစာရင်းထဲမှာ မြန်မာအပါအဝင် နိုင်ငံနဲ့ နယ်မြေ ၁၉ ခုရှိပြီး COVID 19 ကြောင့် ပြန်မလာ နိုင်တဲ့ကျောင်းသား ၆၈၀၀ နီးပါး အခု ခွင့်ပြုတဲ့အထဲ အကျုံးဝင်ပါတယ်။ အများစုက ဟောင်ကောင် ကျောင်းသားတွေ ဖြစ်ပါတယ်။

အခုထိ ကျောင်းသား ၂၉၂ ယောက်ပြန်ရောက်လာပြီလို့လည်း ထိုင်ဝမ် ပညာရေး ဝန်ကြီးဌာနက ပြောပါတယ်။

ကျောင်းသားဟောင်းတွေတင်မကဘဲ စာရင်းဝင်နိုင်ငံ ၁၉ နိုင်ငံက ကျောင်းသားသစ်တွေကိုလည်း ဇူလိုင်လ ၂၂ ရက်နေ့က စပြီး ထိုင်ဝမ်ကို ဝင်ရောက်ခွင့်ပြုသွားမှာဖြစ်ပါတယ်။

XS
SM
MD
LG