ကို႐ိုနာဗိုင္းရပ္စ္ေတြရဲ႕ Mutation ဆင့္ကဲေျပာင္းလဲမႈ ျဖစ္စဥ္ဟာ အခု Covid-19 ေရာဂါအတြက္ အႏၲရာယ္သိပ္ႀကီးတယ္လို႔ အဏုဇီဝေဗဒပညာရွွင္ မခင္ဇာဝင္းျပည့္ က ေျပာပါတယ္။ ျမန္မာအပါအဝင္ ကမာၻတလႊာ ရင္ဆိုင္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ လူကိုကူးစက္တဲ့အေနထားနဲ႔ မကူးေအာင္ ဘယ္လိုေရွုာင္ရမလဲ ဆိုတာေတြကို Online ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။
ေမး ။ ။ မခင္ဇာဝင္းျပည့္ က်မတို႔ VOA ကို ေျဖၾကားေပးတဲ့အတြက္ အမ်ားႀကီးေက်းဇူးတင္ပါတယ္။ အခု မခင္ဇာဝင္းျပည့္က Utah ျပည္နယ္မွာ ေက်ာင္းတက္ေနတယ္ေပါ့။ တက္ေရာက္သင္ၾကားေနတဲ့ ဘာသာရပ္ေတြအေၾကာင္း နည္းနည္းေျပာျပေပးပါ။
ေျဖ ။ ။ အခုလို VOA မွာ ေျပာခြင့္ရတာကို အမ်ားႀကီးေက်းဇူးတင္ပါတယ္ရွင့္။ က်မ အခု Utah ျပည္နယ္၊ Brigham Young University မွာ Microbiology အဏုဇီဝေဗဒ ဘာသာရပ္ကို သင္ၾကားေနပါတယ္။ ဘြဲ႔လြန္အတြက္ သင္ၾကားေနတာ ျဖစ္ပါတယ္။ ဘာလုပ္ရသလဲဆိုရင္ေတာ့ Projects ေတြမွာေတာ့ က်မေလ့လာေနတဲ့ bacteria ေတြရဲ ႔ မ်ဳိးဗီဇဆင့္ကဲေျပာင္းလဲမႈေလးေတြကို ေလ့လာေနတာ ျဖစ္ပါတယ္။
ေမး ။ ။ ဆိုေတာ့ ဒီတကၠသိုလ္ကို မေရာက္ခင္၊ အရင္တုန္းကလဲ bacteria မဟုတ္ဘဲ၊ virus ေတြကိုလည္း ေလ့လာေနခဲ့တယ္ဆိုေတာ့ အဲဒီအပိုင္းနဲ႔လည္း ဘြဲ႔ယူထားတယ္ဆိုေတာ့ အခု ျမန္မာႏုိင္ငံအပါအဝင္ တကမာၻလံုးမွာ လႈပ္လႈပ္ရွားရွား ျဖစ္ေနတဲ့ ကိုဗစ္-၁၉ ေရာဂါနဲ႔ ပတ္သက္ၿပီးေတာ့ ဆင့္ကဲေျပာင္းလဲမႈေတြကေန ဒီေရာဂါကို ျဖစ္ေစတယ္ဆိုေတာ့ ဆင့္ကဲေျပာင္းလဲမႈေတြ ဘယ္လုိျဖစ္လာတယ္ဆိုတာကို အကုန္လံုးက သိခ်င္ေနၾကပါတယ္။ အဲဒါကို နည္းနည္းေလး ေျပာျပေပးပါ။ ပထမဦးဆံုး ဒီဆင့္ကဲေျပာင္းလဲမႈကို မေျပာခင္၊ ဘယ္အေကာင္အမ်ဳိးအစားကေန ဒီဗိုင္းရပ္စ္မ်ဳိးကို သယ္ႏုိင္တယ္ဆိုတာကို စေျပာေပးပါ။
ေျဖ ။ ။ ကိုရိုနာဗိုင္းရပ္စ္ ေခၚ ကိုဗစ္-၁၉ က ကိုရိုနာဗိုင္းရပ္စ္ မိသားစုဝင္ ဗိုင္းရပ္စ္တစ္မ်ဳိး ျဖစ္တယ္။ သူ႔မွာ မိသားစုဝင္ေတြ အမ်ားႀကီးရိွတယ္။ အဲဒီအထဲမွာ ရိုးရိုး အေအးမိ၊ ႏွာေစးေခ်ာင္းဆိုးတာလည္း ကိုရိုနာဗိုင္းရပ္စ္ အမ်ဳိးအစားပဲ။ ေနာက္ ငွက္ေတြ၊ ႏြားေတြ၊ ကၽြဲေတြမွာ ျဖစ္ႏုိင္တယ္ဆိုတာေတြလည္း ရိွတယ္။ အခုလက္ရိွ ကိုဗစ္-၁၉ နဲ႔ အနီးစပ္ဆံုး ancestor သူ႔ရဲ ႔မေျပာင္းခင္ မ်ဳိးဗီဇအေနနဲ႔ အနီးစပ္ဆံုးေကာင္ကေတာ့ လင္းႏို႔ေတြမွာ ရိွခဲ့တယ္။ ဘယ္လိုမ်ဳိး ကူးသလဲဆိုတာက လင္းႏို႔က တိုက္ရိုက္ကူးသလား။ ၾကားခံေကာင္ သင္းေခြခ်ပ္ေကာင္ေလးေတြက ကူးသလားဆိုတာေတြကေတာ့ အခုထိ အျငင္းပြားေနဆဲပါ။ ေသခ်ာလဲ အတည္မျပဳရေသးပါဘူး။
ေမး ။ ။ အခု ကိုဗစ္-၁၉ ေရာဂါ လူကိုကူးစက္တာက mutation လို႔ေခၚတဲ့ ဆင့္ကဲေျပာင္းလဲမႈ ျဖစ္စဥ္ကေန ျဖစ္လာတယ္ဆိုေတာ့ လူကို ဘယ္လိုမ်ဳိးမ်ား တဆင့္တဆင့္ ေျပာင္းလဲၿပီးေတာ့ ကူးတာလဲ။ နည္းနည္းေျပာျပေပးပါ။
ေျဖ ။ ။ ကိုဗစ္-၁၉ က လူကိုကူးရင္ mutation ျဖစ္ရတယ္ဆိုတာေတာ့ ဟုတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီဗိုင္းရပ္စ္က အရင္တုန္းက ျဖစ္ခဲ့တာနဲ႔ ေျပာမယ္ဆိုရင္ HIV ကို သြားၾကည့္မယ္ဆိုရင္ HIV ဆိုရင္ ေမ်ာက္ေတြမွာ ျဖစ္ခဲ့တယ္။ ေမ်ာက္ေတြမွာ ယားနားမ်ဳိး ျဖစ္ေပမယ့္ လူေတြဆီကို ေရာက္တဲ့အခ်ိန္မွာေတာ့ ဆဲလ္ပံုစံမတူတာနဲ႔ ေနာက္ျဖစ္တဲ့အက်ဳိးဆက္ မတူတာေတြ ရိွတာေၾကာင့္ လူကိုကူးဖို႔အတြက္ ဗိုင္းရပ္စ္က နည္းနည္းေလးေျပာင္းသြားတယ္။ အဲဒီလိုေျပာင္းလိုက္တဲ့အခ်ိန္မွာ လူေတြမွာ ေရာဂါပိုၿပီျဖစ္တယ္။ ေမ်ာက္ေတြမွာ မျဖစ္ဘူး။ အဲဒီလိုပဲ ကိုဗစ္-၁၉ ဆိုရင္လဲ လင္းႏို႔ေတြဆီမွာျဖစ္တယ္။ ဒါေပမဲ့ လင္းႏို႔ေတြမွာ ျဖစ္ေနတာ ေသေလာက္တဲ့ အေျခအေနမရိွဘဲ၊ လူေတြဆီေရာက္တဲ့အခ်ိန္မွာ ဆဲလ္အေနအထား မတူတာေၾကာင့္ အရမ္းႀကီးေရာဂါျဖစ္ေစတယ္။ အရမ္းကိုေသလြယ္တဲ့ဟာမ်ဳိးေတြ ျဖစ္လာတယ္။ mutation ကေတာ့ host တစ္ေနရာကေန တစ္ေနရာ ခုန္တဲ့အခ်ိန္မွာ mutation က နည္းနည္းေတာ့ ဆင့္ကဲေျပာင္းလဲမႈက ျဖစ္ကိုျဖစ္ရတယ္။ အရင္တုန္းက SARS, MARS တို႔မွာလည္း လူကိုမေရာက္ခင္ သူတုိ႔ေရွ ႔က ancestor မူရင္းကေန ေျပာင္းလဲခ်ိန္မွာ (၅၀) ရာခိုင္ႏႈန္းေလာက္ပဲ မူရင္းနဲ႔တူတာတို႔၊ (၇၉) ရာခိုင္ႏႈန္းေလာက္ တူေတာ့တာတုိ႔ ရိွခဲ့တယ္။ အခု ဆဲလ္ကိုဗစ္ကေတာ့ လူကိုေရာက္တဲ့အခ်ိန္မွာ သူ႔ရဲ ႔ အရင္ဇစ္ျမစ္ဟာရဲ ႔ (၉၆.၂) ရာခိုင္ႏႈန္း တူေနတယ္။ နည္းနည္းေတာ့ ေျပာင္းသြားၿပီ၊ ဒါေပမဲ့ ေတာ္ေတာ္မ်ားမ်ား တူေနေသးတာကို ေတြ႔ရပါတယ္။
ေမး ။ ။ ဆိုေတာ့ ဆိုလိုခ်င္တဲ့ အဓိပၸါယ္က ဒီလိုမ်ဳိး လံုးဝေျပာင္းလဲတာ မဟုတ္ဘူး၊ တူေနတာေတြက အရမ္းမ်ားေနတယ္ဆိုေတာ့ ေရွ ႔ဆက္ဘာေတြ ျဖစ္လာႏိုင္လဲ။ ဒါက ေတာ္ေတာ္အႏၱရာယ္ႀကီးတဲ့ အေနအထားလို႔လည္း ေျပာတယ္ဆိုေတာ့။ အဲဒီေတာ့ ဘာေတြဆက္ျဖစ္လာႏုိင္သလဲ။ ဒီေလာက္ တူတာေတြ အရမ္းမ်ားေနတယ္ဆိုေတာ့။
ေျဖ ။ ။ တူတာေတြ အရမ္းမ်ားေနတယ္ဆိုတာက လူကို အခုမွစၿပီးေတာ့ ကူးခါစဆုိေတာ့ သူ႔မွာထပ္ၿပီးေတာ့ ဆင့္ကဲေျပာင္းလဲမႈ ျဖစ္ႏုိင္စြမ္းေတြ ရိွေနေသးတယ္ဆိုတဲ့အခါၾကေတာ့ ျဖစ္မလား၊ မျဖစ္ဘူးလားဆိုတာကို ေသခ်ာမသိေပမယ့္၊ အရင္တုန္းက ျဖစ္ခဲ့တဲ့ ကပ္ေရာဂါေတြ - ေနရာေဒသအလိုက္ျဖစ္တဲ့ epidemics ကပ္ေရာဂါေတြပဲျဖစ္ျဖစ္၊ pandemic ကမာၻနဲ႔တဝွမ္းျဖစ္တဲ့ ကပ္ေရာဂါပဲျဖစ္ျဖစ္။ အဲဒီလိုျဖစ္တဲ့အခါမွာ ဗိုင္းရပ္စ္က mutation ျဖစ္သြားၿပီးေတာ့ တစ္ခါထပ္ၿပီးေတာ့ ပံုစံေျပာင္းသြားတယ္။ ပထမဦးဆံုး wave မွာဆိုရင္ လူႀကီးေတြကို၊ ခုခံအားနည္းတဲ့လူေတြကို အဓိကပစ္မွတ္ထားတယ္ဆိုေပမယ့္ ေနာက္လာမယ့္ wave မွာ ေျပာင္းလဲသြားၿပီ၊ ဆင့္ကဲေျပာင္းလဲသြားၿပီဆိုရင္ လူငယ္ေတြကို ျဖစ္ႏုိင္တယ္ဆိုတဲ့ အေနအထား ျဖစ္လာႏုိင္တယ္။ ပံုစံေျပာင္းသြားတဲ့ ျဖစ္ႏုိင္ေခ် သူ႔မွာ ျဖစ္ဖို႔အခြင့္အေရးေတြ အမ်ားႀကီးရိွႏုိင္တယ္။ သူက ေပါက္ခါစအေကာင္လို ျဖစ္ေနတဲ့ အေျခအေနဆိုေတာ့။
ေမး ။ ။ ဆိုေတာ့ ကိုဗစ္-၁၉ က အင္မတန္အႏၱရာယ္ႀကီးေနတဲ့ အေနအထားမွာေပါ့။
ေျဖ ။ ။ ဟုတ္ကဲ့။ သတိေတာ့ ထားရမယ္။ အခု ေသတဲ့လူေတြနဲ႔ ကူးစက္ခံရတဲ့လူေတြ အမ်ားႀကီး ျဖစ္ေနတဲ့အတြက္ေၾကာင့္ ေတာ္ေတာ္မ်ားမ်ားေတာ့ သတိထားရမွာေပါ့။
ေမး ။ ။ ဒီလိုမ်ဳိး ကိုဗစ္-၁၉ အႏၱရာယ္ ရိွေနတာကို အခု သိပၸံပညာရွင္ေတြ အကုန္လံုးက ႀကိဳးစားပမ္းစားနဲ႔ ဒီေရာဂါကို ကုသဖုိ႔အတြက္ ေဆးေတြရွာေနပါတယ္။ ဒီအေျခအေနေလး နည္းနည္းေျပာျပေပးပါ။ အခုေလာေလာဆယ္ ေဆးဘယ္ႏွစ္မ်ဳိးေလာက္ ေတြ႔ထားၿပီးၿပီလဲဆိုတာကို နည္းနည္းေလးေျပာျပေပးပါ။
ေျဖ ။ ။ အခုေလာေလာဆယ္မွာက ဟိုတေလာေလးကမွ approve ျဖစ္သြားတဲ့ဟာက ဧၿပီလထဲမွာ approve ျဖစ္သြားတဲ့ေဆးက Ivermectin ဆိုတာ ရိွတယ္။ သူကေတာ့ အရင္တုန္းက အီဘိုလာဗိုင္းရပ္စ္ကို ကုသဖုိ႔အတြက္ အဓိကထုတ္ခဲ့တယ္။ ဒါေပမဲ့ အဆင္မေျပခဲ့ဘူး။ အခုဒီမွာၾကေတာ့မွ သူသံုးတဲ့ဟာက အဆင္ေျပလာတယ္။ အဆင္ေျပတယ္ဆိုတာ လံုးဝႀကီးေပ်ာက္သြားတာမ်ဳိး မဟုတ္ဘူး။ သူက ဗိုင္းရပ္စ္က လူထဲကို ဝင္သြားၿပီဆုိရင္ ဒီလိုမ်ဳိးဗိုင္းရပ္စမ်ဳိးဆိုရင္ ပြားေနရင္ပြားေနၿပီး သူ႔ဟာနဲ႔သူ တခ်ိန္ၾကရင္ ပြားတဲ့ႏႈန္းေႏွးသြားတယ္။ က်သြားတယ္။ အဲဒီဟာ ျဖစ္သြားေတာ့မွ။ အဲဒါေၾကာင့္ ရိုးရိုးအေအးမိဖ်ားလာလို႔ရိွရင္ ပိုးသတ္ေဆးမေသာက္ဘဲနဲ႔ သူ႔ဟာနဲ႔သူ ပ်က္သြားတယ္။ ဒီဗိုင္းရပ္စ္က ပြားေနရင္နဲ႔ အရိွန္သတ္သြားတဲ့ အေနအထားေရာက္ေအာင္ လုပ္ရတယ္။ ဒါေပမဲ့ ကိုရိုနာဗိုင္းရပ္စ္မွာေတာ့ ဒီအရိွန္မသတ္ခင္မွာပင္ လူက ေဆးရံုေတြေရာက္၊ ေသတဲ့အထိ ျဖစ္ကုန္တာ။ ဆိုေတာ့ --- က အဲဒီအရိွန္သတ္တဲ့ဟာကို ပိုၿပီးေတာ့ျမန္တယ္။ ေနာက္ ကာကြယ္ေဆးေတြမွာဆိုရင္ေတာ့ ဗိုင္းရပ္စ္က ဆဲလ္ကို လာၿပီးေတာ့ မေပါင္းခင္မွာ - ဆဲလ္ေပၚမွာ receptors ေလးေတြ ရိွတယ္။ receptors ေတြက ဇီဝကမၼျဖစ္စဥ္အတြက္ေတာ့ အဆင္ေျပတယ္။ သူ႔မွာ လုပ္စရာအလုပ္ေတြ ရိွတယ္။ ဒါေပမဲ့ ဗိုင္းရပ္စ္က ဒီလိုမ်ဳိးေတြလာၿပီးေပါင္းလိုက္ၿပီဆိုရင္ သူ႔ရဲ ႔စူးခၽြန္ေလးက အဲဒီမွာ conformational changes ဆိုတာ ျဖစ္ၿပီး activate ျဖစ္ကာ ေပါင္းလို႔ရသြားၿပီဆိုကာ အထဲထဲကိုဝင္ၿပီးေတာ့ ဝင္သြားႏုိင္တယ္။ ဒီလိုေပါင္းမယ္ဆိုတဲ့ ေနရာကို ေဆးေတြက မေပါင္းရေအာင္ လုပ္ေနတယ္။ အဲဒီမွာ Convalescent plasma therapy လုပ္တယ္ဆိုတာကလဲ ဒါကိုပဲလုပ္တာ။ အခုတေလာ ၿပီးခဲ့တဲ့ တစ္ရက္၊ ႏွစ္ရက္ကမွ ထြက္လာတဲ့ -- ကုမၸဏီက ထုတ္တယ္ဆိုတဲ့ဟာကေတာ့ တစ္ရာရာခိုင္ႏႈန္း ဆဲလ္ေတြကို ဓါတ္ခြဲခန္း ဖန္ျပားေပၚမွာ စမ္းတဲ့အခါမွာ lab ဓါတ္ခြဲခန္းထဲမွာ ဆဲလ္ေတြ ေမြးၿပီးေတာ့ ဆဲလ္ေတြကို ဗိုင္းရပ္စ္သြင္းတယ္။ ဗိုင္းရပ္စ္သြင္းၿပီးေတာ့ ဒီေဆးနဲ႔စမ္းတယ္။ စမ္းတဲ့ အခု တစ္ရာေက်ာ္ေလာက္ထဲမွာ ဒီေကာင္ေလးတစ္ခုက တစ္ရာရာခိုင္ႏႈန္း အဆင္ေျပတယ္။ တစ္ရာရာခိုင္ႏႈန္း ဗိုင္းရပ္စ္ကင္းတဲ့ဟာမ်ဳိးကို ရေစတယ္။ ဖန္ျပားေပၚမွာေတာ့ သီအိုရီအရ ျပထားၿပီးၿပီ။ ဒါေပမဲ့ ဖန္ျပားေပၚမွာ အေကာင္ေလးေတြနဲ႔ စမ္းတာပဲ ရိွေသးတယ္။ လူနဲ႔စမ္းရမယ္ဆိုတာေတာ့ ရိွေသးတယ္။ ဒါက သူတုိ႔လုပ္ေနတဲ့ ေနာက္ဆံုးအေျခအေနလို႔ ေျပာရမ်ာေပါ့။
ေမး ။ ။ ဆိုေတာ့ အခု mutation ျဖစ္သြားတယ္ဆိုတဲ့ ဆင့္ကဲေျပာင္းလဲမႈျဖစ္စဥ္ေတြကို မျဖစ္ေအာင္လို႔ အရင္ႀကိဳၿပီးေတာ့ ဆဲလ္ေတြ လူထဲကို ဝင္တဲ့အခါမွာ မဝင္ႏုိင္ေအာင္ တားဖို႔အတြက္ ႀကိဳးစားေနၾကတယ္။ ဆိုေတာ့ ဒီလုိမ်ဳိးအေနအထားမွာ အႏၱရာယ္ကလဲ အရမ္းရိွေနတယ္။ ႀကိဳးစားေနတာေတြကလဲ မေအာင္ျမင္ေသးဘူး။ ဒီအေျခအေနအတြင္းမွာ လူေတြအေနနဲ႔ ဒီဗိုင္းရပ္စ္က ကိုယ့္ဆီကူးမလာေအာင္ ဘယ္လိုလႈပ္ရွားေနထိုင္ရမယ္ဆိုတာကို နည္းနည္းေလးေျပာျပေပးပါ။ ဘယ္လိုလုပ္မယ္ဆိုတာ။
ေျဖ ။ ။ အဓိကေတာ့ လူေတြအခ်င္းခ်င္း ခပ္ခြါခြါေနရမယ္။ (၆) ေပအကြာ ေနရမယ္။ အဓိကေတာ့ သန္႔ရွင္းေရးက အရမ္းအေရးႀကီးတယ္။ သန္႔ရွင္းေရးလုပ္ရမယ္။ လက္ေတြကို တအားႀကီး ေၾကာက္တယ္ဆိုတာမ်ဳိး ျမန္မာျပည္မွာ ေဆးေတြအမ်ားႀကီး ျဖန္းေနတာကို ေတြ႔တယ္။ အဲဒါကိုေတာ့ WHO က ေျပာထားတာရိွတယ္။ အဲဒီလိုမ်ဳိး ျဖန္းတာက လူကို အႏၱရာယ္ေပးတာပဲ ရိွတယ္။ အက်ဳိးသိပ္မရိွဘူးဆိုတာ။ ဆိုေတာ့ အရမ္းေၾကာက္ေနတာထက္ စဥ္းစဥ္းစားစားနဲ႔ ဆင္ဆင္ျခင္ျခင္ ေနရမယ္။ ေနာက္အျပင္သြားရင္ မျဖစ္မေန Mask အုပ္ရမယ္။ မ်က္လံုးေတြဘာေတြလည္း အကာအကြယ္ေလးနဲ႔ ကာကြယ္ထားတာေကာင္းတယ္။ ေနာက္ တခ်ဳိ ႔ေတြေရးထားတာေတြ႔တယ္။ နားထဲကိုဝင္တယ္ဆိုတာ - နားထဲကိုေတာ့ မဝင္ဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ဆဲလ္ပံုစံ မတူလို႔ပါ။ အဓိကေတာ့ ႏွာေခါင္း၊ ပါးစပ္ နဲ႔ မ်က္လံုးေတြ။ ေနာက္ လက္ေတြကိုလည္း ဂရုတစိုက္ ေသခ်ာေလး ေဆးေၾကာေပးမယ္။ ေသခ်ာတာကေတာ့ ေရရွည္ (၁) ႏွစ္ေလာက္အထိေတာ့ ဒီလိုမ်ဳိး ဂရုစိုက္ၿပီး ေနသြားဖို႔ကိုေတာ့ ျပင္ဆင္ထားရမယ္။ စိတ္အားျဖင့္ေကာ၊ ခႏၶာကိုယ္အားျဖင့္ ျပင္ဆင္ထားရမယ္ဆိုတာကိုေတာ့ ေျပာခ်င္ပါတယ္။
ေမး ။ ။ ဒီလိုမ်ဳိး ေရာဂါမကူးစက္ေအာင္က ေရာဂါ ကူးစက္တဲ့ပံုစံကို သိထားတယ္ဆိုရင္ လူေတြက ဆင္ျခင္ထိန္းသိမ္းေနႏုိင္တယ္။ ဆုိေတာ့ ေရာဂါကူးစက္တဲ့ ပံုစံက ေစာေစာက မ်က္လံုး၊ ႏွာေခါင္း၊ ပါးစပ္တုိ႔က အဓိက။ ေနာက္ၿပီးေတာ့ လက္ေတြဘာေတြဆိုေတာ့ ေရာဂါက ဒီဗိုင္းရပ္စ္ေလးေတြက ဘယ္လိုမ်ဳိးပံုစံနဲ႔လာၿပီး လူေတြဆီကို ဘယ္လိုဝင္လဲ နည္းနည္းေျပာျပေပးပါ။
ေျဖ ။ ။ အခုေျပာေနတဲ့ Facebook မွာေတာ့ ေတာ္ေတာ္ေလး ပ်ံ ႔ေနတယ္။ တခ်ဳိ ႔ကလဲ မ်က္ႏွာမွာ အေမႊးရိွတာ၊ မရိွတာ။ သိပ္ၿပီးေတာ့ မ်က္ႏွာေတြ မကိုင္ရဘူး။ လက္ေတြဘာေတြဆိုရင္ သတိထားရမယ္။ ေနာက္ခပ္ခြါခြါေနလိုက္တယ္ဆိုရင္ ဘာျဖစ္လဲဆိုေတာ့ တဘက္လူတစ္ေယာက္က ႏွာေခ်းလိုက္တယ္၊ ေခ်ာင္းဆိုးလိုက္တယ္ဆိုရင္ ထြက္လာတဲ့ အမႈန္အမႊားေလးေတြက မ်က္စိနဲ႔ျမင္တာက တံေတြးထြက္တယ္ဆိုတာ။ အဲဒါမဟုတ္ဘူး။ မ်က္စိနဲ႔မျမင္ရတဲ့ အမႈန္ေလးေတြ ရိွတယ္။ အဲဒီအမႈန္ေလးေတြက ဒီလူတစ္ေယာက္ရဲ ႔ ႏွာေခ်းခဲ့မယ္။ ေခ်ာင္းဆိုခဲ့တယ္ဆိုတာကို မသိဘဲနဲ႔ ထိုင္ခံု၊ စားပြဲကို ကိုင္လိုက္မယ္။ အဲဒါကို ဂရုမစိုက္ဘဲနဲ႔ မ်က္ႏွာေတြ ဘာေတြကိုင္လိုက္မယ္ဆိုရင္ အဲဒါက ကူးႏုိင္တယ္။ ေနာက္ ကိုယ္ကျဖတ္သြားတဲ့အခ်ိန္ တျခားလူက ဟပ္ေခ်းျဖစ္တဲ့ဟာမ်ဳိး - အဲဒီလိုမ်ဳိး ဘယ္နားေတြမွာ ဗိုင္းရပ္စ္ ရိွမယ္ဆိုတာ မသိေတာ့ ကိုယ္က သန္႔ရွင္းေရးကိုေတာ့ ၾကပ္ၾကပ္မတ္မတ္ လုပ္ေပးရမယ္။ ဒီဘက္မွာဆိုရင္လဲ က်မတို႔က တေနရာကို သြားၿပီဆိုရင္ အၿမဲတမ္းလက္ေဆးတယ္။ ေနာက္တေနရာကို သြားတဲ့အခါမွာလဲ လက္ေဆး။ မ်က္ႏွာကိုလည္း မ်က္ႏွာစည္းေတြနဲ႔ အုပ္ထားတဲ့အခါၾကေတာ့ မကိုင္မီေအာင္ အဓိက ကိုယ့္ကိုယ္ကို ကာကြယ္တားဆီးထားဖို႔ သတိထားဆင္ျခင္ရမယ္ ျဖစ္ပါတယ္။
ေမး ။ ။ အခုလိုမ်ဳိး ေသခ်ာေျဖၾကား ရွင္းျပတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။
==Unicode==
ကိုရိုနာဗိုင်းရပ်စ်တွေရဲ့ Mutation ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ဟာ အခု Covid-19 ရောဂါအတွက် အန္တရာယ်သိပ်ကြီးတယ်လို့ အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့် က ပြောပါတယ်။ မြန်မာအပါအဝင် ကမ္ဘာတလွှာ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် လူကိုကူးစက်တဲ့အနေထားနဲ့ မကူးအောင် ဘယ်လိုရှေုာင်ရမလဲ ဆိုတာတွေကို Online ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ မခင်ဇာဝင်းပြည့် ကျမတို့ VOA ကို ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။ အခု မခင်ဇာဝင်းပြည့်က Utah ပြည်နယ်မှာ ကျောင်းတက်နေတယ်ပေါ့။ တက်ရောက်သင်ကြားနေတဲ့ ဘာသာရပ်တွေအကြောင်း နည်းနည်းပြောပြပေးပါ။
ဖြေ ။ ။ အခုလို VOA မှာ ပြောခွင့်ရတာကို အများကြီးကျေးဇူးတင်ပါတယ်ရှင့်။ ကျမ အခု Utah ပြည်နယ်၊ Brigham Young University မှာ Microbiology အဏုဇီဝဗေဒ ဘာသာရပ်ကို သင်ကြားနေပါတယ်။ ဘွဲ့လွန်အတွက် သင်ကြားနေတာ ဖြစ်ပါတယ်။ ဘာလုပ်ရသလဲဆိုရင်တော့ Projects တွေမှာတော့ ကျမလေ့လာနေတဲ့ bacteria တွေရဲ့ မျိုးဗီဇဆင့်ကဲပြောင်းလဲမှုလေးတွေကို လေ့လာနေတာ ဖြစ်ပါတယ်။
မေး ။ ။ ဆိုတော့ ဒီတက္ကသိုလ်ကို မရောက်ခင်၊ အရင်တုန်းကလဲ bacteria မဟုတ်ဘဲ၊ virus တွေကိုလည်း လေ့လာနေခဲ့တယ်ဆိုတော့ အဲဒီအပိုင်းနဲ့လည်း ဘွဲ့ယူထားတယ်ဆိုတော့ အခု မြန်မာနိုင်ငံအပါအဝင် တကမ္ဘာလုံးမှာ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီးတော့ ဆင့်ကဲပြောင်းလဲမှုတွေကနေ ဒီရောဂါကို ဖြစ်စေတယ်ဆိုတော့ ဆင့်ကဲပြောင်းလဲမှုတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာကို အကုန်လုံးက သိချင်နေကြပါတယ်။ အဲဒါကို နည်းနည်းလေး ပြောပြပေးပါ။ ပထမဦးဆုံး ဒီဆင့်ကဲပြောင်းလဲမှုကို မပြောခင်၊ ဘယ်အကောင်အမျိုးအစားကနေ ဒီဗိုင်းရပ်စ်မျိုးကို သယ်နိုင်တယ်ဆိုတာကို စပြောပေးပါ။
ဖြေ ။ ။ ကိုရိုနာဗိုင်းရပ်စ် ခေါ် ကိုဗစ်-၁၉ က ကိုရိုနာဗိုင်းရပ်စ် မိသားစုဝင် ဗိုင်းရပ်စ်တစ်မျိုး ဖြစ်တယ်။ သူ့မှာ မိသားစုဝင်တွေ အများကြီးရှိတယ်။ အဲဒီအထဲမှာ ရိုးရိုး အအေးမိ၊ နှာစေးချောင်းဆိုးတာလည်း ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားပဲ။ နောက် ငှက်တွေ၊ နွားတွေ၊ ကျွဲတွေမှာ ဖြစ်နိုင်တယ်ဆိုတာတွေလည်း ရှိတယ်။ အခုလက်ရှိ ကိုဗစ်-၁၉ နဲ့ အနီးစပ်ဆုံး ancestor သူ့ရဲ့မပြောင်းခင် မျိုးဗီဇအနေနဲ့ အနီးစပ်ဆုံးကောင်ကတော့ လင်းနို့တွေမှာ ရှိခဲ့တယ်။ ဘယ်လိုမျိုး ကူးသလဲဆိုတာက လင်းနို့က တိုက်ရိုက်ကူးသလား။ ကြားခံကောင် သင်းခွေချပ်ကောင်လေးတွေက ကူးသလားဆိုတာတွေကတော့ အခုထိ အငြင်းပွားနေဆဲပါ။ သေချာလဲ အတည်မပြုရသေးပါဘူး။
မေး ။ ။ အခု ကိုဗစ်-၁၉ ရောဂါ လူကိုကူးစက်တာက mutation လို့ခေါ်တဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကနေ ဖြစ်လာတယ်ဆိုတော့ လူကို ဘယ်လိုမျိုးများ တဆင့်တဆင့် ပြောင်းလဲပြီးတော့ ကူးတာလဲ။ နည်းနည်းပြောပြပေးပါ။
ဖြေ ။ ။ ကိုဗစ်-၁၉ က လူကိုကူးရင် mutation ဖြစ်ရတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီဗိုင်းရပ်စ်က အရင်တုန်းက ဖြစ်ခဲ့တာနဲ့ ပြောမယ်ဆိုရင် HIV ကို သွားကြည့်မယ်ဆိုရင် HIV ဆိုရင် မျောက်တွေမှာ ဖြစ်ခဲ့တယ်။ မျောက်တွေမှာ ယားနားမျိုး ဖြစ်ပေမယ့် လူတွေဆီကို ရောက်တဲ့အချိန်မှာတော့ ဆဲလ်ပုံစံမတူတာနဲ့ နောက်ဖြစ်တဲ့အကျိုးဆက် မတူတာတွေ ရှိတာကြောင့် လူကိုကူးဖို့အတွက် ဗိုင်းရပ်စ်က နည်းနည်းလေးပြောင်းသွားတယ်။ အဲဒီလိုပြောင်းလိုက်တဲ့အချိန်မှာ လူတွေမှာ ရောဂါပိုပြီဖြစ်တယ်။ မျောက်တွေမှာ မဖြစ်ဘူး။ အဲဒီလိုပဲ ကိုဗစ်-၁၉ ဆိုရင်လဲ လင်းနို့တွေဆီမှာဖြစ်တယ်။ ဒါပေမဲ့ လင်းနို့တွေမှာ ဖြစ်နေတာ သေလောက်တဲ့ အခြေအနေမရှိဘဲ၊ လူတွေဆီရောက်တဲ့အချိန်မှာ ဆဲလ်အနေအထား မတူတာကြောင့် အရမ်းကြီးရောဂါဖြစ်စေတယ်။ အရမ်းကိုသေလွယ်တဲ့ဟာမျိုးတွေ ဖြစ်လာတယ်။ mutation ကတော့ host တစ်နေရာကနေ တစ်နေရာ ခုန်တဲ့အချိန်မှာ mutation က နည်းနည်းတော့ ဆင့်ကဲပြောင်းလဲမှုက ဖြစ်ကိုဖြစ်ရတယ်။ အရင်တုန်းက SARS, MARS တို့မှာလည်း လူကိုမရောက်ခင် သူတို့ရှေ့က ancestor မူရင်းကနေ ပြောင်းလဲချိန်မှာ (၅၀) ရာခိုင်နှုန်းလောက်ပဲ မူရင်းနဲ့တူတာတို့၊ (၇၉) ရာခိုင်နှုန်းလောက် တူတော့တာတို့ ရှိခဲ့တယ်။ အခု ဆဲလ်ကိုဗစ်ကတော့ လူကိုရောက်တဲ့အချိန်မှာ သူ့ရဲ့ အရင်ဇစ်မြစ်ဟာရဲ့ (၉၆.၂) ရာခိုင်နှုန်း တူနေတယ်။ နည်းနည်းတော့ ပြောင်းသွားပြီ၊ ဒါပေမဲ့ တော်တော်များများ တူနေသေးတာကို တွေ့ရပါတယ်။
မေး ။ ။ ဆိုတော့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ဒီလိုမျိုး လုံးဝပြောင်းလဲတာ မဟုတ်ဘူး၊ တူနေတာတွေက အရမ်းများနေတယ်ဆိုတော့ ရှေ့ဆက်ဘာတွေ ဖြစ်လာနိုင်လဲ။ ဒါက တော်တော်အန္တရာယ်ကြီးတဲ့ အနေအထားလို့လည်း ပြောတယ်ဆိုတော့။ အဲဒီတော့ ဘာတွေဆက်ဖြစ်လာနိုင်သလဲ။ ဒီလောက် တူတာတွေ အရမ်းများနေတယ်ဆိုတော့။
ဖြေ ။ ။ တူတာတွေ အရမ်းများနေတယ်ဆိုတာက လူကို အခုမှစပြီးတော့ ကူးခါစဆိုတော့ သူ့မှာထပ်ပြီးတော့ ဆင့်ကဲပြောင်းလဲမှု ဖြစ်နိုင်စွမ်းတွေ ရှိနေသေးတယ်ဆိုတဲ့အခါကြတော့ ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာကို သေချာမသိပေမယ့်၊ အရင်တုန်းက ဖြစ်ခဲ့တဲ့ ကပ်ရောဂါတွေ - နေရာဒေသအလိုက်ဖြစ်တဲ့ epidemics ကပ်ရောဂါတွေပဲဖြစ်ဖြစ်၊ pandemic ကမ္ဘာနဲ့တဝှမ်းဖြစ်တဲ့ ကပ်ရောဂါပဲဖြစ်ဖြစ်။ အဲဒီလိုဖြစ်တဲ့အခါမှာ ဗိုင်းရပ်စ်က mutation ဖြစ်သွားပြီးတော့ တစ်ခါထပ်ပြီးတော့ ပုံစံပြောင်းသွားတယ်။ ပထမဦးဆုံး wave မှာဆိုရင် လူကြီးတွေကို၊ ခုခံအားနည်းတဲ့လူတွေကို အဓိကပစ်မှတ်ထားတယ်ဆိုပေမယ့် နောက်လာမယ့် wave မှာ ပြောင်းလဲသွားပြီ၊ ဆင့်ကဲပြောင်းလဲသွားပြီဆိုရင် လူငယ်တွေကို ဖြစ်နိုင်တယ်ဆိုတဲ့ အနေအထား ဖြစ်လာနိုင်တယ်။ ပုံစံပြောင်းသွားတဲ့ ဖြစ်နိုင်ချေ သူ့မှာ ဖြစ်ဖို့အခွင့်အရေးတွေ အများကြီးရှိနိုင်တယ်။ သူက ပေါက်ခါစအကောင်လို ဖြစ်နေတဲ့ အခြေအနေဆိုတော့။
မေး ။ ။ ဆိုတော့ ကိုဗစ်-၁၉ က အင်မတန်အန္တရာယ်ကြီးနေတဲ့ အနေအထားမှာပေါ့။
ဖြေ ။ ။ ဟုတ်ကဲ့။ သတိတော့ ထားရမယ်။ အခု သေတဲ့လူတွေနဲ့ ကူးစက်ခံရတဲ့လူတွေ အများကြီး ဖြစ်နေတဲ့အတွက်ကြောင့် တော်တော်များများတော့ သတိထားရမှာပေါ့။
မေး ။ ။ ဒီလိုမျိုး ကိုဗစ်-၁၉ အန္တရာယ် ရှိနေတာကို အခု သိပ္ပံပညာရှင်တွေ အကုန်လုံးက ကြိုးစားပမ်းစားနဲ့ ဒီရောဂါကို ကုသဖို့အတွက် ဆေးတွေရှာနေပါတယ်။ ဒီအခြေအနေလေး နည်းနည်းပြောပြပေးပါ။ အခုလောလောဆယ် ဆေးဘယ်နှစ်မျိုးလောက် တွေ့ထားပြီးပြီလဲဆိုတာကို နည်းနည်းလေးပြောပြပေးပါ။
ဖြေ ။ ။ အခုလောလောဆယ်မှာက ဟိုတလောလေးကမှ approve ဖြစ်သွားတဲ့ဟာက ဧပြီလထဲမှာ approve ဖြစ်သွားတဲ့ဆေးက Ivermectin ဆိုတာ ရှိတယ်။ သူကတော့ အရင်တုန်းက အီဘိုလာဗိုင်းရပ်စ်ကို ကုသဖို့အတွက် အဓိကထုတ်ခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူး။ အခုဒီမှာကြတော့မှ သူသုံးတဲ့ဟာက အဆင်ပြေလာတယ်။ အဆင်ပြေတယ်ဆိုတာ လုံးဝကြီးပျောက်သွားတာမျိုး မဟုတ်ဘူး။ သူက ဗိုင်းရပ်စ်က လူထဲကို ဝင်သွားပြီဆိုရင် ဒီလိုမျိုးဗိုင်းရပ်စမျိုးဆိုရင် ပွားနေရင်ပွားနေပြီး သူ့ဟာနဲ့သူ တချိန်ကြရင် ပွားတဲ့နှုန်းနှေးသွားတယ်။ ကျသွားတယ်။ အဲဒီဟာ ဖြစ်သွားတော့မှ။ အဲဒါကြောင့် ရိုးရိုးအအေးမိဖျားလာလို့ရှိရင် ပိုးသတ်ဆေးမသောက်ဘဲနဲ့ သူ့ဟာနဲ့သူ ပျက်သွားတယ်။ ဒီဗိုင်းရပ်စ်က ပွားနေရင်နဲ့ အရှိန်သတ်သွားတဲ့ အနေအထားရောက်အောင် လုပ်ရတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်မှာတော့ ဒီအရှိန်မသတ်ခင်မှာပင် လူက ဆေးရုံတွေရောက်၊ သေတဲ့အထိ ဖြစ်ကုန်တာ။ ဆိုတော့ --- က အဲဒီအရှိန်သတ်တဲ့ဟာကို ပိုပြီးတော့မြန်တယ်။ နောက် ကာကွယ်ဆေးတွေမှာဆိုရင်တော့ ဗိုင်းရပ်စ်က ဆဲလ်ကို လာပြီးတော့ မပေါင်းခင်မှာ - ဆဲလ်ပေါ်မှာ receptors လေးတွေ ရှိတယ်။ receptors တွေက ဇီဝကမ္မဖြစ်စဉ်အတွက်တော့ အဆင်ပြေတယ်။ သူ့မှာ လုပ်စရာအလုပ်တွေ ရှိတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်က ဒီလိုမျိုးတွေလာပြီးပေါင်းလိုက်ပြီဆိုရင် သူ့ရဲ့စူးချွန်လေးက အဲဒီမှာ conformational changes ဆိုတာ ဖြစ်ပြီး activate ဖြစ်ကာ ပေါင်းလို့ရသွားပြီဆိုကာ အထဲထဲကိုဝင်ပြီးတော့ ဝင်သွားနိုင်တယ်။ ဒီလိုပေါင်းမယ်ဆိုတဲ့ နေရာကို ဆေးတွေက မပေါင်းရအောင် လုပ်နေတယ်။ အဲဒီမှာ Convalescent plasma therapy လုပ်တယ်ဆိုတာကလဲ ဒါကိုပဲလုပ်တာ။ အခုတလော ပြီးခဲ့တဲ့ တစ်ရက်၊ နှစ်ရက်ကမှ ထွက်လာတဲ့ -- ကုမ္ပဏီက ထုတ်တယ်ဆိုတဲ့ဟာကတော့ တစ်ရာရာခိုင်နှုန်း ဆဲလ်တွေကို ဓါတ်ခွဲခန်း ဖန်ပြားပေါ်မှာ စမ်းတဲ့အခါမှာ lab ဓါတ်ခွဲခန်းထဲမှာ ဆဲလ်တွေ မွေးပြီးတော့ ဆဲလ်တွေကို ဗိုင်းရပ်စ်သွင်းတယ်။ ဗိုင်းရပ်စ်သွင်းပြီးတော့ ဒီဆေးနဲ့စမ်းတယ်။ စမ်းတဲ့ အခု တစ်ရာကျော်လောက်ထဲမှာ ဒီကောင်လေးတစ်ခုက တစ်ရာရာခိုင်နှုန်း အဆင်ပြေတယ်။ တစ်ရာရာခိုင်နှုန်း ဗိုင်းရပ်စ်ကင်းတဲ့ဟာမျိုးကို ရစေတယ်။ ဖန်ပြားပေါ်မှာတော့ သီအိုရီအရ ပြထားပြီးပြီ။ ဒါပေမဲ့ ဖန်ပြားပေါ်မှာ အကောင်လေးတွေနဲ့ စမ်းတာပဲ ရှိသေးတယ်။ လူနဲ့စမ်းရမယ်ဆိုတာတော့ ရှိသေးတယ်။ ဒါက သူတို့လုပ်နေတဲ့ နောက်ဆုံးအခြေအနေလို့ ပြောရမျာပေါ့။
မေး ။ ။ ဆိုတော့ အခု mutation ဖြစ်သွားတယ်ဆိုတဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်တွေကို မဖြစ်အောင်လို့ အရင်ကြိုပြီးတော့ ဆဲလ်တွေ လူထဲကို ဝင်တဲ့အခါမှာ မဝင်နိုင်အောင် တားဖို့အတွက် ကြိုးစားနေကြတယ်။ ဆိုတော့ ဒီလိုမျိုးအနေအထားမှာ အန္တရာယ်ကလဲ အရမ်းရှိနေတယ်။ ကြိုးစားနေတာတွေကလဲ မအောင်မြင်သေးဘူး။ ဒီအခြေအနေအတွင်းမှာ လူတွေအနေနဲ့ ဒီဗိုင်းရပ်စ်က ကိုယ့်ဆီကူးမလာအောင် ဘယ်လိုလှုပ်ရှားနေထိုင်ရမယ်ဆိုတာကို နည်းနည်းလေးပြောပြပေးပါ။ ဘယ်လိုလုပ်မယ်ဆိုတာ။
ဖြေ ။ ။ အဓိကတော့ လူတွေအချင်းချင်း ခပ်ခွါခွါနေရမယ်။ (၆) ပေအကွာ နေရမယ်။ အဓိကတော့ သန့်ရှင်းရေးက အရမ်းအရေးကြီးတယ်။ သန့်ရှင်းရေးလုပ်ရမယ်။ လက်တွေကို တအားကြီး ကြောက်တယ်ဆိုတာမျိုး မြန်မာပြည်မှာ ဆေးတွေအများကြီး ဖြန်းနေတာကို တွေ့တယ်။ အဲဒါကိုတော့ WHO က ပြောထားတာရှိတယ်။ အဲဒီလိုမျိုး ဖြန်းတာက လူကို အန္တရာယ်ပေးတာပဲ ရှိတယ်။ အကျိုးသိပ်မရှိဘူးဆိုတာ။ ဆိုတော့ အရမ်းကြောက်နေတာထက် စဉ်းစဉ်းစားစားနဲ့ ဆင်ဆင်ခြင်ခြင် နေရမယ်။ နောက်အပြင်သွားရင် မဖြစ်မနေ Mask အုပ်ရမယ်။ မျက်လုံးတွေဘာတွေလည်း အကာအကွယ်လေးနဲ့ ကာကွယ်ထားတာကောင်းတယ်။ နောက် တချို့တွေရေးထားတာတွေ့တယ်။ နားထဲကိုဝင်တယ်ဆိုတာ - နားထဲကိုတော့ မဝင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆဲလ်ပုံစံ မတူလို့ပါ။ အဓိကတော့ နှာခေါင်း၊ ပါးစပ် နဲ့ မျက်လုံးတွေ။ နောက် လက်တွေကိုလည်း ဂရုတစိုက် သေချာလေး ဆေးကြောပေးမယ်။ သေချာတာကတော့ ရေရှည် (၁) နှစ်လောက်အထိတော့ ဒီလိုမျိုး ဂရုစိုက်ပြီး နေသွားဖို့ကိုတော့ ပြင်ဆင်ထားရမယ်။ စိတ်အားဖြင့်ကော၊ ခန္ဓာကိုယ်အားဖြင့် ပြင်ဆင်ထားရမယ်ဆိုတာကိုတော့ ပြောချင်ပါတယ်။
မေး ။ ။ ဒီလိုမျိုး ရောဂါမကူးစက်အောင်က ရောဂါ ကူးစက်တဲ့ပုံစံကို သိထားတယ်ဆိုရင် လူတွေက ဆင်ခြင်ထိန်းသိမ်းနေနိုင်တယ်။ ဆိုတော့ ရောဂါကူးစက်တဲ့ ပုံစံက စောစောက မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့က အဓိက။ နောက်ပြီးတော့ လက်တွေဘာတွေဆိုတော့ ရောဂါက ဒီဗိုင်းရပ်စ်လေးတွေက ဘယ်လိုမျိုးပုံစံနဲ့လာပြီး လူတွေဆီကို ဘယ်လိုဝင်လဲ နည်းနည်းပြောပြပေးပါ။
ဖြေ ။ ။ အခုပြောနေတဲ့ Facebook မှာတော့ တော်တော်လေး ပျံ့နေတယ်။ တချို့ကလဲ မျက်နှာမှာ အမွှေးရှိတာ၊ မရှိတာ။ သိပ်ပြီးတော့ မျက်နှာတွေ မကိုင်ရဘူး။ လက်တွေဘာတွေဆိုရင် သတိထားရမယ်။ နောက်ခပ်ခွါခွါနေလိုက်တယ်ဆိုရင် ဘာဖြစ်လဲဆိုတော့ တဘက်လူတစ်ယောက်က နှာချေးလိုက်တယ်၊ ချောင်းဆိုးလိုက်တယ်ဆိုရင် ထွက်လာတဲ့ အမှုန်အမွှားလေးတွေက မျက်စိနဲ့မြင်တာက တံတွေးထွက်တယ်ဆိုတာ။ အဲဒါမဟုတ်ဘူး။ မျက်စိနဲ့မမြင်ရတဲ့ အမှုန်လေးတွေ ရှိတယ်။ အဲဒီအမှုန်လေးတွေက ဒီလူတစ်ယောက်ရဲ့ နှာချေးခဲ့မယ်။ ချောင်းဆိုခဲ့တယ်ဆိုတာကို မသိဘဲနဲ့ ထိုင်ခုံ၊ စားပွဲကို ကိုင်လိုက်မယ်။ အဲဒါကို ဂရုမစိုက်ဘဲနဲ့ မျက်နှာတွေ ဘာတွေကိုင်လိုက်မယ်ဆိုရင် အဲဒါက ကူးနိုင်တယ်။ နောက် ကိုယ်ကဖြတ်သွားတဲ့အချိန် တခြားလူက ဟပ်ချေးဖြစ်တဲ့ဟာမျိုး - အဲဒီလိုမျိုး ဘယ်နားတွေမှာ ဗိုင်းရပ်စ် ရှိမယ်ဆိုတာ မသိတော့ ကိုယ်က သန့်ရှင်းရေးကိုတော့ ကြပ်ကြပ်မတ်မတ် လုပ်ပေးရမယ်။ ဒီဘက်မှာဆိုရင်လဲ ကျမတို့က တနေရာကို သွားပြီဆိုရင် အမြဲတမ်းလက်ဆေးတယ်။ နောက်တနေရာကို သွားတဲ့အခါမှာလဲ လက်ဆေး။ မျက်နှာကိုလည်း မျက်နှာစည်းတွေနဲ့ အုပ်ထားတဲ့အခါကြတော့ မကိုင်မီအောင် အဓိက ကိုယ့်ကိုယ်ကို ကာကွယ်တားဆီးထားဖို့ သတိထားဆင်ခြင်ရမယ် ဖြစ်ပါတယ်။
မေး ။ ။ အခုလိုမျိုး သေချာဖြေကြား ရှင်းပြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။