{{Zawgyi/Unicode}}
ဂ်ာမဏီႏိုင္ငံရဲ့ Covid 19 ကပ္ေရာဂါ ျဖစ္ပြါးမႈအေျခေနဟာ သိပ္ကိုဆိုးဝါးေနေၾကာင္းနဲ႔ ဗုဒၶဟူးေန႔ကစၿပီး ေနာက္ထပ္ တင္းၾကပ္တဲ့ ကန္႔သတ္မႈေတြအသစ္ေတြကို စတင္ခ်မွတ္မွာ ျဖစ္တဲ့အတြက္ ျပည္သူေတြ လုိက္နာၾကဖို႔ ဂ်ာမဏီသမၼတ Frank-Walter Steinmeier က တနလၤာေန႔မွာ ပန္ၾကားလိုက္ပါတယ္။
"ဒီကပ္ေရာဂါဒဏ္ခံစားေနရတာ လအေတာ္ၾကာေနၿပီျဖစ္သလိ္ု ၿပီးဆံုးတဲ့အထိလည္္း အတူတကြ ဆက္လက္ရင္ဆိုင္ၾကမွာ ျဖစ္ေၾကာင္းနဲ႔ ဒါကို ေက်ာ္လႊားႏိုင္မွာ ျဖစ္ေၾကာင္း ဂ်ာမန္ဘာသာနဲ႔ ေျပာသြားတာပါ။ အခု ကန္႔သတ္မႈေတြဟာ ဂ်ာမဏီသမိုင္းမွာ အတင္းၾကပ္ဆံုး ျဖစ္ေပမယ့္ အေျခေနက ဒီလိုကန္႔သတ္မွ ျဖစ္မယ့္ အေျခေနျဖစ္ေၾကာင္းလည္း ေျပာပါတယ္။
ႏိုင္ငံတြင္း ဒီေရာဂါကူးစက္မႈ တဟုတ္ထိုး တိုးလာတာကို ရပ္တံ့ေစဖို႔အတြက္ ဇန္နဝါရီလ ၁၀ ရက္ေန႔အထိ သက္ေရာက္မယ့္ ကန္႔သတ္မႈအသစ္ေတြခ်မွတ္မွာ ျဖစ္ေၾကာင္း ဂ်ာမဏီဝန္ႀကီးခ်ဳပ္ ေၾကညာခဲ့ၿပီး ေနာက္တေန႔မွာပဲ ဂ်ာမဏီသမၼတက ျပည္သူကို အခုလို မိန္႔ခြန္းေျပာၾကားခဲ့တာပါ။
မျဖစ္မေနဖြင့္ဖို႔ မလိုတဲ့စီးပြါးေရးလုပ္ငန္းေတြ ပိတ္ဖို႔နဲ႔ လူ ၅ ဦးထက္ ပိုမစုေဝး ဖို႔ ဝန္ႀကီးခ်ဳပ္နဲ႔ ဂ်ာမဏီႏိုင္ငံက ေဒသ ၁၆ ခုရဲ့ အုပ္ခ်ဳပ္ေရးမႈးေတြဟာ တနဂၤေႏြေန႔မွာ သေဘာတူခဲ့ၾကတာပါ။
ဂ်ာမဏီႏိုင္ငံမွာ တနလၤာေန႔မွာပဲ ဒီေရာဂါေနာက္ထပ္ ကူးစက္သူ တေသာင္းခြဲေက်ာ္နဲ႔ လူ ၂၀၀ နီးပါး ေသဆံုးခဲ့ရတာ ျဖစ္ၿပီး အခုဆို ဂ်ာမဏီမွာ ေသဆံုးရသူ စုစုေပါင္း ၂ ေသာင္းေက်ာ္ေနပါၿပီ။ ေဆးရံုေတြမွာလည္း လူနာေတြ မႏိုင္မနင္း အေျခေနေရာက္ေတာ့မယ့္ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။ ဗုဒၶဟူးေန႔က စၿပီး ႏိုင္ငံတဝွမ္းက ေက်ာင္းေတြနဲ႔ မျဖစ္မေန ဖြင့္စရာမလိုတဲ့ ဆိုင္အားလံုး ပိတ္ထားရေတာ့မွာ ျဖစ္ပါတယ္။
.............................................
{{Unicode}}
ဂျာမဏီနိုင်ငံရဲ့ Covid 19 ကပ်ရောဂါ ဖြစ်ပွါးမှုအခြေနေဟာ သိပ်ကိုဆိုးဝါးနေကြောင်းနဲ့ ဗုဒ္ဓဟူးနေ့ကစပြီး နောက်ထပ် တင်းကြပ်တဲ့ ကန့်သတ်မှုတွေအသစ်တွေကို စတင်ချမှတ်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ လိုက်နာကြဖို့ ဂျာမဏီသမ္မတ Frank-Walter Steinmeier က တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။
"ဒီကပ်ရောဂါဒဏ်ခံစားနေရတာ လအတော်ကြာနေပြီဖြစ်သလို ပြီးဆုံးတဲ့အထိလည်း အတူတကွ ဆက်လက်ရင်ဆိုင်ကြမှာ ဖြစ်ကြောင်းနဲ့ ဒါကို ကျော်လွှားနိုင်မှာ ဖြစ်ကြောင်း ဂျာမန်ဘာသာနဲ့ ပြောသွားတာပါ။ အခု ကန့်သတ်မှုတွေဟာ ဂျာမဏီသမိုင်းမှာ အတင်းကြပ်ဆုံး ဖြစ်ပေမယ့် အခြေနေက ဒီလိုကန့်သတ်မှ ဖြစ်မယ့် အခြေနေဖြစ်ကြောင်းလည်း ပြောပါတယ်။
နိုင်ငံတွင်း ဒီရောဂါကူးစက်မှု တဟုတ်ထိုး တိုးလာတာကို ရပ်တံ့စေဖို့အတွက် ဇန်နဝါရီလ ၁၀ ရက်နေ့အထိ သက်ရောက်မယ့် ကန့်သတ်မှုအသစ်တွေချမှတ်မှာ ဖြစ်ကြောင်း ဂျာမဏီဝန်ကြီးချုပ် ကြေညာခဲ့ပြီး နောက်တနေ့မှာပဲ ဂျာမဏီသမ္မတက ပြည်သူကို အခုလို မိန့်ခွန်းပြောကြားခဲ့တာပါ။
မဖြစ်မနေဖွင့်ဖို့ မလိုတဲ့စီးပွါးရေးလုပ်ငန်းတွေ ပိတ်ဖို့နဲ့ လူ ၅ ဦးထက် ပိုမစုဝေး ဖို့ ဝန်ကြီးချုပ်နဲ့ ဂျာမဏီနိုင်ငံက ဒေသ ၁၆ ခုရဲ့ အုပ်ချုပ်ရေးမှုးတွေဟာ တနင်္ဂနွေနေ့မှာ သဘောတူခဲ့ကြတာပါ။
ဂျာမဏီနိုင်ငံမှာ တနင်္လာနေ့မှာပဲ ဒီရောဂါနောက်ထပ် ကူးစက်သူ တသောင်းခွဲကျော်နဲ့ လူ ၂၀၀ နီးပါး သေဆုံးခဲ့ရတာ ဖြစ်ပြီး အခုဆို ဂျာမဏီမှာ သေဆုံးရသူ စုစုပေါင်း ၂ သောင်းကျော်နေပါပြီ။ ဆေးရုံတွေမှာလည်း လူနာတွေ မနိုင်မနင်း အခြေနေရောက်တော့မယ့် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ ဗုဒ္ဓဟူးနေ့က စပြီး နိုင်ငံတဝှမ်းက ကျောင်းတွေနဲ့ မဖြစ်မနေ ဖွင့်စရာမလိုတဲ့ ဆိုင်အားလုံး ပိတ်ထားရတော့မှာ ဖြစ်ပါတယ်။