သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စီးပြားအခ်က္အခ်ာက်တဲ့ ရန္ကုန္မွာ ကုိဗစ္ထိန္းခ်ဳပ္ႏုိင္မႈ အားနည္းေနေသး (ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢဳိလ္) 


(Zawgyi/Unicode)

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ကိုဗစ္ထိန္းခ်ဳပ္ေရး အားအနည္းဆံုးျဖစ္ေနတဲ့ ရန္ကုန္မွာမွာ မထိန္းခ်ဳပ္ႏုိင္ေသးတာက စီးပြားေရးအတြက္ပါ အေရးပါတယ္လို႔ သတိေပးလိုက္ပါတယ္။

ကိုဗစ္-19 ေနာက္ဆံုးအေျခအေနကို မေန႔ ေသာၾကာေန႔က ျပည္သူကို အစီရင္ခံရာမွာ ေဒၚေအာင္ဆန္းစုၾကည္က ခုလို ကိုဗစ္မထိန္းႏိုင္ေသးတဲ့ရန္ကုန္ရဲ့ အေရးပါမူကို အေလးေပးေျပာခဲ့တာပါ။

“ကိုဗစ္ထိန္းခ်ဳပ္ရာမွာ အားနည္းေနတဲ့ ေနရာအမ်ားဆံုးကေတာ့ ရန္ကုန္ေပါ့။ အဲဒီေတာ့ အထူးသတိထားေစခ်င္ပါတယ္။ အခုအခ်ိန္မွာဆိုရင္ ရာသီဥတုကလည္း ေအးလာၿပီ။ ရန္ကုန္ကေနၿပီးေတာ့ မထိန္းခ်ဳပ္ႏိုင္တာကေတာ့ က်မတို႔ ႏိုင္ငံ တႏိုင္ငံလံုးအတြက္ စိန္ေခၚမႈ တခုပါပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ ရန္ကုန္က က်မတို႔ရဲ႕ စီးပြားေရးၿမိဳ႕ေတာ္ဆိုရင္လည္း မမွားပါဘူး။ အဲဒီေတာ့ စီးပြားေရးၿမိဳ႕ေတာ္ႀကီးကို ျပန္ၿပီးေတာ့ နာလန္ထူေအာင္ လုပ္ဖို႔ဆိုတာဟာ စီးပြားေရး ျပန္လည္ထူေထာင္ေရးအတြက္ အင္မတန္မွ အေရးႀကီးပါတယ္ဆိုတာလည္း သတိေပးခ်င္ပါတယ္။”

ဒါအျပင္ ေဒၚေအာင္ဆန္းစုၾကည္က၊ ကာကြယ္ေဆးဘယ္ေတာ့ရမလဲလို႔ စိတ္ဝင္စားတဲ ျပည္သူေတြအတြက္၊ ႏိုင္ငံတကာကေန အကူအညီရမွာက မလံုေလာက္တာမို႔ ႏိုင္ငံေတာ္က လံုေလာက္ေအာင္ ဝယ္ေပးမွာျဖစ္ၿပီး ေဆးကုိ ဘယ္လိုထိုးမယ္ဆုိတာကိုပါ စီစဥ္ၿပီးၿပီလို႔ ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ကဆက္ၿပီး၊ စီးပြားျပန္လည္ပတ္ေရးက အလြန္အေရးေနႀကီးတာမို႔၊ ကာကြယ္ေဆးထိုးရာမွာ စီးပြားေရးျပန္နလန္ထူေနတဲ့ေနရာေတြကုိ ဦးစားေပးေကာင္းေပးရလိမ့္မယ္၊ စီးပြားျပန္လည္ႏိုင္မဲ့ ကိုဗစ္ထိန္းႏိုင္တဲ့ေနရာေတြမွာ ပိုေစာေစာထိုးတာမ်ိဳးျဖစ္ႏိုင္တယ္၊ မွ်တေစရမယ္ဆိုေပမဲ့ ဘယ္သူေတြ ဘယ္အခ်ိန္မွာရမယ္ဆုိတာကုိေတာ့ ေနာက္မွဆံုးျဖတ္ရမယ္လို႔ ဆိုပါတယ္။

ဒီအေတာအတြင္း ျမန္မာႏိုင္ငံမွာ မေန႔က ပိုးေတြ႔သူသစ္ ၁,၃၇၆ ဦးနဲ႔၊ ေသဆုံးသူ ၁၉ ထပ္တိုးခဲ့တာေၾကာင့္ စုစုေပါင္းပိုးေတြ႔သူ ၁၀၅,၈၀၀ ေက်ာ္နဲ႔ ေသဆံုးသူေပါင္း ၂,၂၂၀ ရွိလာၿပီလို႔႔၊ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနရဲ႕ ည (၈) နာရီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၂၀,၉၀၀ ေက်ာ္ကို စစ္ေဆးခဲ့တာကေန မေန႔က ခုလိုေတြ႔ခဲ့ၿပီး၊ အခုေနာက္ဆံုးခ်ိန္ထိ ဓာတ္ခြဲစစ္ေဆးမူေပါင္း ၁,၃၉၅,၀၀၀ ေက်ာ္ ရွိလာကာ၊ မေန႔ကေဆး႐ုံဆင္းခြင့္ရသူလည္း ၁,၅၂၅ ဦးရွိတာေၾကာင့္၊ ျပန္ေကာင္းသြားသူေပါင္း ၈၄,၃၀၀ ေက်ာ္အျဖစ္ ၈၀% ခန္႔ရွိသြားေပမဲ့၊ ေသဆုံးႏႈန္းကေတာ့ ၂.၁% ရွိေနပါေသးတယ္။

ဒါအအျပင္ တေန႔ ၾကာသာပေတးက ပိုးေတြ႔သူေပါင္း ၁၃၂၀ မွာ၊ ထံုးစံအတိုင္း ရန္ကုန္တိုင္းက ၆၈၆ ဦးနဲ႔အမ်ားဆံုးျဖစ္ၿပီး၊ မႏၱေလးတိုင္းက ၂၆၆ ဦးနဲ႔ ဒုတိယ၊ ပဲခူးတိုင္းက ၁၀၃ ဦးနဲ႔တတိယ၊ စစ္ကိုင္းတိုင္းက ၅၀ နဲ႔ စတုတၳျဖစ္ခဲပါတယ္ ။

တဘက္မွာလည္း ကိုဗစ္ပိတ္ပင္ကန္႔သတ္ခ်က္ေတြေၾကာင့္ လူအမ်ားစားဝတ္ေနေရး ပိုၾကပ္တည္းလာေနတာမို႔၊ အစိုးရအေနနဲ႔ ပိုးထိန္းခ်ဳပ္ေရးနဲ႔ စားဝတ္ေနေရးၾကားမွာ ခ်ိန္ဆလုပ္ေဆာင္ေပးဖို႔ အၾကံျပဳမူေတြလည္းရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

စီးပွားအချက်အခြာကျတဲ့ ရန်ကုန်မှာ ကိုဗစ်ထိန်းချုပ်နိုင်မှု အားနည်းနေသေး (နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်)

(Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်ထိန်းချုပ်ရေး အားအနည်းဆုံးဖြစ်နေတဲ့ ရန်ကုန်မှာမှာ မထိန်းချုပ်နိုင်သေးတာက စီးပွားရေးအတွက်ပါ အရေးပါတယ်လို့ သတိပေးလိုက်ပါတယ်။

ကိုဗစ်-19 နောက်ဆုံးအခြေအနေကို မနေ့ သောကြာနေ့က ပြည်သူကို အစီရင်ခံရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ကိုဗစ်မထိန်းနိုင်သေးတဲ့ရန်ကုန်ရဲ့ အရေးပါမူကို အလေးပေးပြောခဲ့တာပါ။

“ကိုဗစ်ထိန်းချုပ်ရာမှာ အားနည်းနေတဲ့ နေရာအများဆုံးကတော့ ရန်ကုန်ပေါ့။ အဲဒီတော့ အထူးသတိထားစေချင်ပါတယ်။ အခုအချိန်မှာဆိုရင် ရာသီဥတုကလည်း အေးလာပြီ။ ရန်ကုန်ကနေပြီးတော့ မထိန်းချုပ်နိုင်တာကတော့ ကျမတို့ နိုင်ငံ တနိုင်ငံလုံးအတွက် စိန်ခေါ်မှု တခုပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်က ကျမတို့ရဲ့ စီးပွားရေးမြို့တော်ဆိုရင်လည်း မမှားပါဘူး။ အဲဒီတော့ စီးပွားရေးမြို့တော်ကြီးကို ပြန်ပြီးတော့ နာလန်ထူအောင် လုပ်ဖို့ဆိုတာဟာ စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် အင်မတန်မှ အရေးကြီးပါတယ်ဆိုတာလည်း သတိပေးချင်ပါတယ်။”

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်က၊ ကာကွယ်ဆေးဘယ်တော့ရမလဲလို့ စိတ်ဝင်စားတဲ ပြည်သူတွေအတွက်၊ နိုင်ငံတကာကနေ အကူအညီရမှာက မလုံလောက်တာမို့ နိုင်ငံတော်က လုံလောက်အောင် ဝယ်ပေးမှာဖြစ်ပြီး ဆေးကို ဘယ်လိုထိုးမယ်ဆိုတာကိုပါ စီစဉ်ပြီးပြီလို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကဆက်ပြီး၊ စီးပွားပြန်လည်ပတ်ရေးက အလွန်အရေးနေကြီးတာမို့၊ ကာကွယ်ဆေးထိုးရာမှာ စီးပွားရေးပြန်နလန်ထူနေတဲ့နေရာတွေကို ဦးစားပေးကောင်းပေးရလိမ့်မယ်၊ စီးပွားပြန်လည်နိုင်မဲ့ ကိုဗစ်ထိန်းနိုင်တဲ့နေရာတွေမှာ ပိုစောစောထိုးတာမျိုးဖြစ်နိုင်တယ်၊ မျှတစေရမယ်ဆိုပေမဲ့ ဘယ်သူတွေ ဘယ်အချိန်မှာရမယ်ဆိုတာကိုတော့ နောက်မှဆုံးဖြတ်ရမယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံမှာ မနေ့က ပိုးတွေ့သူသစ် ၁,၃၇၆ ဦးနဲ့၊ သေဆုံးသူ ၁၉ ထပ်တိုးခဲ့တာကြောင့် စုစုပေါင်းပိုးတွေ့သူ ၁၀၅,၈၀၀ ကျော်နဲ့ သေဆုံးသူပေါင်း ၂,၂၂၀ ရှိလာပြီလို့၊ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ည (၈) နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၀,၉၀၀ ကျော်ကို စစ်ဆေးခဲ့တာကနေ မနေ့က ခုလိုတွေ့ခဲ့ပြီး၊ အခုနောက်ဆုံးချိန်ထိ ဓာတ်ခွဲစစ်ဆေးမူပေါင်း ၁,၃၉၅,၀၀၀ ကျော် ရှိလာကာ၊ မနေ့ကဆေးရုံဆင်းခွင့်ရသူလည်း ၁,၅၂၅ ဦးရှိတာကြောင့်၊ ပြန်ကောင်းသွားသူပေါင်း ၈၄,၃၀၀ ကျော်အဖြစ် ၈၀% ခန့်ရှိသွားပေမဲ့၊ သေဆုံးနှုန်းကတော့ ၂.၁% ရှိနေပါသေးတယ်။

ဒါအအပြင် တနေ့ ကြာသာပတေးက ပိုးတွေ့သူပေါင်း ၁၃၂၀ မှာ၊ ထုံးစံအတိုင်း ရန်ကုန်တိုင်းက ၆၈၆ ဦးနဲ့အများဆုံးဖြစ်ပြီး၊ မန္တလေးတိုင်းက ၂၆၆ ဦးနဲ့ ဒုတိယ၊ ပဲခူးတိုင်းက ၁၀၃ ဦးနဲ့တတိယ၊ စစ်ကိုင်းတိုင်းက ၅၀ နဲ့ စတုတ္ထဖြစ်ခဲပါတယ် ။

တဘက်မှာလည်း ကိုဗစ်ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် လူအများစားဝတ်နေရေး ပိုကြပ်တည်းလာနေတာမို့၊ အစိုးရအနေနဲ့ ပိုးထိန်းချုပ်ရေးနဲ့ စားဝတ်နေရေးကြားမှာ ချိန်ဆလုပ်ဆောင်ပေးဖို့ အကြံပြုမူတွေလည်းရှိပါတယ်။

XS
SM
MD
LG