သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ေတာ္-ပလက္ဝ ေရလမ္းျပန္ဖြင့္ေပးဖို႔ ေဒသခံေတြေတာင္းဆို


ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ (ဓာတ္ပံု - Peter Lawilu, CUSF - Paletwa)

[Zawgyi/Unicode]

စစ္ေရးပဋိပကၡေတြေၾကာင့္ ရခိုင္ျပည္နယ္ေက်ာက္ေတာ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၾကား ေရေၾကာင္းသြားလာမႈေတြ တားျမစ္ထားတာကုိ ႐ုပ္သိမ္းေပးဖုိ႔ ေဒသခံေတြ ေတာင္းဆိုလုိက္ၾကတဲ့အေၾကာင္း တင္ျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြေၾကာင့္ ေက်ာက္ေတာ္နဲ႔ ပလက္ဝၾကား အဓိက ကူးသန္းသြားလာရာ ကုလားတန္ျမစ္ေၾကာင္းကို ပိတ္ထားတာ တစ္ႏွစ္ေလာက္ ရွိလာေနၿပီျဖစ္လို႔ ေဒသခံေတြ ကုန္ေစ်းႏႈန္းႀကီးျမင့္တဲ့ ဒဏ္ခံေနရတာေၾကာင့္ အသြားအလာေတြ ျပန္ဖြင့္ေပးဖုိ႔ ေတာင္းဆုိေနၾကပါတယ္။

ကုလားတန္ျမစ္ ေရေၾကာင္းလမ္း ျပန္ဖြင့္ေပးဖို႔ ျမိဳ႕မိ၊ ၿမိဳ႕ဖေတြက ခ်င္းျပည္နယ္အစိုးရနဲ႔ လုံၿခံဳေရးတာ၀န္ရွိတဲ့ ေဒသခံ စစ္တပ္ကုိပါ တင္ျပထားတယ္လို႔ ပလက္၀ျမိဳ႕ တိုက္ပြဲေရွာင္နဲ႔ သဘာ၀ေဘးကူညီေရးအဖြဲ႔ ဥကၠ႒ ဦးဇာနည္က ေျပာပါတယ္။

“အဲဒါေတြေတာင္းဆိုတာကေတာ့ ျမိဳ႕မိ၊ ၿမိဳ႕ဖေတြ ေတာင္းဆိုတာျဖစ္တယ္။ က်ေနာ္တို႔ ေရလမ္းကို ဖြင့္ေပးဖို႔ လုံျခံဳေရးအေျခအေနအရ ေကာင္းမယ္ဆိုရင္ေတာ့ ဖြင့္ေပးပါဆိုတာ... ေထြအုပ္ပါ ပါတယ္။ ျမိဳ႕မိျမိဳ႕ဖေတြရယ္ တင္ျပထားတာရွိပါတယ္ခင္ဗ်။ တပ္မမွဴးကိုေပါ့၊ ပလက္ဝ တပ္မမွဴးကိုတင္ျပထားတယ္။”

စစ္ေရးတင္းမာမႈေတြၾကား တႏွစ္ေလာက္ၾကာ ကုလားတန္ျမစ္ေၾကာင္း ပိတ္ထားရတဲ့အခ်ိန္မွာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ျမိဳ႕နယ္ကေန ကုန္းေၾကာင္းက ေျခလ်င္ သယ္ေဆာင္ရတဲ့အတြက္ ကုန္စည္စီးဆင္းမႈေတြမွာ အခက္အခဲေတြ ႀကံဳေနရတာလုိ႔လည္း ေဒသခံေတြက ေျပာပါတယ္။ မၾကာေသးခင္ကစလုိ႔ တပ္မေတာ္နဲ႔ တုိက္ခုိက္မႈေတြ ရပ္စဲထားၿပီး ေဆြးေႏြးမႈေတြ လုပ္ေနတဲ့ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခကလည္း ကုလားတန္ျမစ္ေၾကာင္း လမ္းဖြင့္လွစ္ေရး တပ္မေတာ္ဘက္ကို တင္ျပထားတယ္လို႔ ေျပာပါတယ္။

“ရခိုင္နဲ႔ ပလက္၀ေဒသအတြင္းက အေျခခံရိကၡာနဲ႔ ေဆး၀ါးေတြ ျပတ္လပ္ေနတဲ့ေနရာေတြက ျပည္သူေတြအတြက္ ရိကၡာနဲ႔ ေဆး၀ါးေတြ အႏၱရာယ္ကင္းစြာ ပို႔ေဆာင္နိုင္ေရး က်ေနာ္တို႔ဘက္က စစ္တပ္ဘက္ကို အဆိုျပဳထားတယ္။”

ေရလမ္းေၾကာင္း ျပန္ဖြင့္ေပးဖုိ႔ ပလက္၀ၿမိဳ႕တာ၀န္ရွိသူေတြရဲ႕ တင္ျပခ်က္ကုိေတာ့ ကုိဗစ္ကပ္ေရာဂါကူးစက္မႈေတြ တုိးလာေနတဲ့ အေၾကာင္းျပခ်က္နဲ႔ တပ္မေတာ္ဘက္က ျငင္းဆန္ခဲ့တယ္လုိ႔လည္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ေလာဟာက ေျပာပါတယ္။

“ခ်င္းျပည္နယ္အစိုးရေရာ၊ တပ္မေရာ တင္ျပလိုက္တာ သို႔ေသာ္လည္းပဲ လက္ရွိအေျခအေနအရ ပလက္၀မွာ ဒီ positive လူနာေတြ တျဖည္းျဖည္းနဲ႔ မ်ားလာတဲ့အခါက်ေတာ့ေလ လိုင္းေတြျပန္ျပီးေတာ့ က်ေနာ္တို႔ ခြင့္ျပဳလိုက္ရင္ ခရီးသည္ေတြက တဖြဲဖြဲ၀င္လာမယ္။ လက္ရွိ လိုင္းခြင့္ျပဳခ်က္ မေပးေသးေပမဲ့ ကုန္းေၾကာင္းနဲ႔ တခ်ိဳ႕ကျပန္ေနတာရွိတယ္ေလ။ တခ်ိဳ႕ေက်ာင္းသားေတြ၊ စစ္ေတြ၊ ေက်ာက္ေတာ္ဘက္ ေက်ာင္းတက္ေနတာ ရွိတယ္။ ရန္ကုန္ဘက္ ေက်ာင္းတက္ေနရတာ ရွိတယ္။ ရန္ကုန္ျပန္၊ စစ္ေတြျပန္၊ ေက်ာက္ေတာ္ျပန္ ဆိုရင္ေတာ့ positive အမ်ားၾကီးေတြ႕ေနလို႔ေလ။ လက္ရွိအေျခအေနအရေတာ့ ခဏထိန္းၿပီးေတာ့ ေရာဂါလူနာ တျဖည္းျဖည္းနဲ႔ ျပန္ျပီးေတာ့ က်သြားျပီ၊ ေပ်ာက္သြားျပီဆိုရင္ ျပန္ခြင့္ျပဳမယ္။ အဲဒီလိုေတာ့ တပ္မမွဴးက အမိန္႔ရွိပါတယ္ ခင္ဗ်။”

ကုိဗစ္ေရာဂါကူးစက္မႈေတြ အဆုိးဆုံးႀကံဳေနရတဲ့ ရန္ကုန္တုိင္းနဲ႔ ရခိုင္ျပည္နယ္က ျပန္လာသူေတြ အပါအ၀င္ ပလက္၀ၿမိဳ႕နယ္မွာ ေရာဂါကူးစက္မႈေတြလည္း တုိးလာေနတာပါ။ အခုဆုိရင္ အတည္ျပဳလူနာ ၁၅ ေယာက္ထက္မနည္း ရွိေနၿပီလုိ႔လည္း ပလက္၀ျမိဳ႕က တိုက္ပြဲေရွာင္နဲ႔ သဘာ၀ေဘးကူညီေရးအဖြဲ႕ဥကၠ႒ ဦးဇာနည္ကေျပာပါတယ္။

“အခုထိ က်ေနာ္တို႔ ဒီေဆးရံုက ၁၅ ေယာက္ေတာင္ရွိေနျပီ။ အခု Quarantine ခ်ထားတယ္။ ၁၅ ေယာက္ရွိေနၿပီ။ က်ေနာ္တို႔ ပိုးေတြ႕တာေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားေတြ႕တာလည္းပဲ ရန္ကုန္က ျပန္လာတဲ့သူေတြရယ္၊ ေနာက္ ရခိုင္ျပည္နယ္က လာတဲ့လူေတြလည္း မ်ားပါတယ္။”

စစ္ေရးပဋိပကၡေတြေၾကာင့္ တိမ္းေရွာင္လာၿပီး ပလက္၀ျမိဳ႕နယ္မွာ ခုိလႈံေနတဲ့ ဒုကၡသည္ ၁၀,၀၀၀ ေလာက္ ရွိမယ္လုိ႔ ခန္႔မွန္းထားပါတယ္။ ႏုိ၀င္ဘာလ ၈ ရက္ေန႔က ရခုိင္ျပည္နယ္မွာ ေရြးေကာက္ပဲြ မက်င္းပျဖစ္ခဲ့တဲ့ ေနရာေတြမွာ က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA အဖဲြ႔ရဲ႕ ကမ္းလွမ္းခ်က္ကုိ တပ္မေတာ္က လက္ခံခဲ့ၿပီးေနာက္ ၁ လေလာက္ တုိက္ခုိက္မႈေတြ ရပ္ဆုိင္းေနေပမဲ့ ပလက္၀ေရာက္ ဒုကၡသည္ေတြကေတာ့ ေနရပ္မျပန္ႏုိင္ၾကေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်တော်-ပလက်ဝ ရေလမ်းပြန်ဖွင့်ပေးဖို့ ဒေသခံတွေတောင်းဆို

စစ်ရေးပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်ကျောက်တော်နဲ့ ချင်းပြည်နယ် ပလက်ဝကြား ရေကြောင်းသွားလာမှုတွေ တားမြစ်ထားတာကို ရုပ်သိမ်းပေးဖို့ ဒေသခံတွေ တောင်းဆိုလိုက်ကြတဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေကြောင့် ကျောက်တော်နဲ့ ပလက်ဝကြား အဓိက ကူးသန်းသွားလာရာ ကုလားတန်မြစ်ကြောင်းကို ပိတ်ထားတာ တစ်နှစ်လောက် ရှိလာနေပြီဖြစ်လို့ ဒေသခံတွေ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ခံနေရတာကြောင့် အသွားအလာတွေ ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ကုလားတန်မြစ် ရေကြောင်းလမ်း ပြန်ဖွင့်ပေးဖို့ မြို့မိ၊ မြို့ဖတွေက ချင်းပြည်နယ်အစိုးရနဲ့ လုံခြုံရေးတာဝန်ရှိတဲ့ ဒေသခံ စစ်တပ်ကိုပါ တင်ပြထားတယ်လို့ ပလက်ဝမြို့ တိုက်ပွဲရှောင်နဲ့ သဘာဝဘေးကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်က ပြောပါတယ်။

“အဲဒါတွေတောင်းဆိုတာကတော့ မြို့မိ၊ မြို့ဖတွေ တောင်းဆိုတာဖြစ်တယ်။ ကျနော်တို့ ရေလမ်းကို ဖွင့်ပေးဖို့ လုံခြုံရေးအခြေအနေအရ ကောင်းမယ်ဆိုရင်တော့ ဖွင့်ပေးပါဆိုတာ... ထွေအုပ်ပါ ပါတယ်။ မြို့မိမြို့ဖတွေရယ် တင်ပြထားတာရှိပါတယ်ခင်ဗျ။ တပ်မမှူးကိုပေါ့၊ ပလက်ဝ တပ်မမှူးကိုတင်ပြထားတယ်။”

စစ်ရေးတင်းမာမှုတွေကြား တနှစ်လောက်ကြာ ကုလားတန်မြစ်ကြောင်း ပိတ်ထားရတဲ့အချိန်မှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ ကုန်းကြောင်းက ခြေလျင် သယ်ဆောင်ရတဲ့အတွက် ကုန်စည်စီးဆင်းမှုတွေမှာ အခက်အခဲတွေ ကြုံနေရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ မကြာသေးခင်ကစလို့ တပ်မတော်နဲ့ တိုက်ခိုက်မှုတွေ ရပ်စဲထားပြီး ဆွေးနွေးမှုတွေ လုပ်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ခိုင်သုခကလည်း ကုလားတန်မြစ်ကြောင်း လမ်းဖွင့်လှစ်ရေး တပ်မတော်ဘက်ကို တင်ပြထားတယ်လို့ ပြောပါတယ်။

“ရခိုင်နဲ့ ပလက်ဝဒေသအတွင်းက အခြေခံရိက္ခာနဲ့ ဆေးဝါးတွေ ပြတ်လပ်နေတဲ့နေရာတွေက ပြည်သူတွေအတွက် ရိက္ခာနဲ့ ဆေးဝါးတွေ အန္တရာယ်ကင်းစွာ ပို့ဆောင်နိုင်ရေး ကျနော်တို့ဘက်က စစ်တပ်ဘက်ကို အဆိုပြုထားတယ်။”

ရေလမ်းကြောင်း ပြန်ဖွင့်ပေးဖို့ ပလက်ဝမြို့တာဝန်ရှိသူတွေရဲ့ တင်ပြချက်ကိုတော့ ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ အကြောင်းပြချက်နဲ့ တပ်မတော်ဘက်က ငြင်းဆန်ခဲ့တယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာက ပြောပါတယ်။

“ချင်းပြည်နယ်အစိုးရရော တပ်မရော တင်ပြလိုက်တာ သို့သော်လည်းပဲ လက်ရှိအခြေအနေအရ ပလက်ဝမှာ ဒီ positive လူနာတွေ တဖြည်းဖြည်းနဲ့ များလာတဲ့အခါကျတော့လေ လိုင်းတွေပြန်ပြီးတော့ ကျနော်တို့ ခွင့်ပြုလိုက်ရင် ခရီးသည်တွေက တဖွဲဖွဲဝင်လာမယ်။ အခုတော့ လိုင်းခွင့်ပြုချက် မပေးသေးပေမဲ့ ကုန်းကြောင်းနဲ့ တချို့ကပြန်နေတာရှိတယ်လေ။ တချို့ကျောင်းသားတွေ၊ စစ်တွေ၊ ကျောက်တော်ဘက် ကျောင်းတက်နေတာ ရှိတယ်။ ရန်ကုန်ဘက် ကျောင်းတက်နေရတာ ရှိတယ်။ ရန်ကုန်ပြန်၊ စစ်တွေပြန်၊ ကျောက်တော်ပြန် ဆိုရင်တော့ positive အများကြီးတွေ့နေလို့လေ။ လက်ရှိအခြေအနေအရတော့ ခဏထိန်းပြီးတော့ ရောဂါလူနာ တဖြည်းဖြည်းနဲ့ ပြန်ပြီးတော့ ကျသွားပြီးပျောက်သွားပြီးဆိုရင် ပြန်ခွင့်ပြုမယ်။ အဲဒီလိုတော့ တပ်မမှူးက အမိန့်ရှိပါတယ်။”

ကိုဗစ်ရောဂါကူးစက်မှုတွေ အဆိုးဆုံးကြုံနေရတဲ့ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်က ပြန်လာသူတွေ အပါအဝင် ပလက်ဝမြို့နယ်မှာ ရောဂါကူးစက်မှုတွေလည်း တိုးလာနေတာပါ။ အခုဆိုရင် အတည်ပြုလူနာ ၁၅ ယောက်ထက်မနည်း ရှိနေပြီလို့လည်း ပလက်ဝမြို့က တိုက်ပွဲရှောင်နဲ့ သဘာဝဘေးကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကပြောပါတယ်။

“အခုထက်ထိ ကျနော်တို့ ဒီဆေးရုံက ၁၅ ယောက်တောင်ရှိနေပြီ။ အခု Quarantine ချထားတယ်။ ၁၅ ယောက်ရှိတယ်။ ကျနော်တို့ ပိုးတွေ့တာပေါ့နော်။ တော်တော်များများတွေ့တာလည်းပဲ ရန်ကုန်က ပြန်လာတဲ့သူတွေရယ် နောက် ရခိုင်ပြည်နယ်က လာတဲ့သူတွေပဲ များပါတယ်။”

စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်လာပြီး ပလက်ဝမြို့နယ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၁၀,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ နေရာတွေမှာ ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံခဲ့ပြီးနောက် ၁ လလောက် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းနေပေမဲ့ ပလက်ဝရောက် ဒုက္ခသည်တွေကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG