သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြမွာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္ျပဳတဲ့လူငယ္ေတြ ၿငိမ္းစုစီနဲ႔ တရားစြဲခံထားရ


အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္အျဖစ္ စစ္ေတြၿမိဳ႕က လႈပ္ရွားမႈမွာ ဦးေဆာင္သူမ်ားကို ဖမ္းဆီးတဲ့ ျမင္ကြင္း။ (ဒီဇင္ဘာ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ဒီေန႔က်ေရာက္တဲ့ အျပည္ျပည္ဆုိင္ရာ လူ႔အခြင့္အေရးေန႔အျဖစ္ ရခုိင္ျပည္နယ္မွာ လႈပ္ရွားခဲ့ၾကတဲ့ လူငယ္ ၃ ဦးကုိ ရဲတပ္ဖဲြ႔က ဖမ္းဆီးၿပီး ခြင့္ျပဳခ်က္မရဘဲ စုေ၀းလႈပ္ရွားမႈနဲ႔ အမႉဖြင့္ လုိက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က သတင္းေပးပို႔ထားပါတယ္။

အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္အျဖစ္ စစ္ေတြၿမိဳ႕က ဒီကေန႔ အေစာပုိင္း လႈပ္ရွားမႈမွာ ဦးေဆာင္သူ လူငယ္ ၃ ဦးကို ရဲတပ္ဖဲြ႔က ဖမ္းဆီးခဲ့တာပါ။ စစ္ေတြၿမိဳ႕မရဲစခန္းက ဖမ္းဆီးသြားသူ ၃ ေယာက္ကုိေတာ့ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာ ဥပေဒပုဒ္မ ၁၉ နဲ႔ အေရးယူခံခဲ့ရတယ္လုိ႔လည္း ကုိယ္တုိင္ အမႈဖြင့္ခံရသူ တဦးျဖစ္တဲ့ ကိုႏိုင္ႏိုင္ထြန္းက ေျပာပါတယ္။

“က်ေနာ္တို႔ကို စစ္ေတြကမ္းေျခပြိဳင့္မွာ ဓာတ္ပံုရိုက္ေနၾကတယ္ေပါ့ေနာ္.... ဗီႏိုင္းေတြနဲ႔ Peace Logo ဆဲြထားတဲ့ အလံေတြ၊ ျငိမ္းခ်မ္းေရး ငွက္အလံေတြ အဲဒီလိုမ်ိဳးအလံေတြနဲ႔ က်ေနာ္တို႔ ဓာတ္ပံုေတြရိုက္ေနတဲ့ အခ်ိန္ ၁၀ နာရီေလာက္မွာ ရဲကလာၿပီးေတာ့ ေခၚေဆာင္သြားတယ္။ ၿပီးေတာ့ ၿငိမ္းစုစီပုဒ္မ ၁၉ နဲ႔ အမႈဖြင့္တယ္။ ေနာက္ထပ္ ၁၅ ရက္ေန႔ အေၾကာင္းၾကားမယ္လို႔ သူတို႔က ေျပာပါတယ္ဟုတ္။”

အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔နဲ႔ အမ်ိဳးသမီးအၾကမ္းဖက္မႈ ပေပ်ာက္ေရး အထိမ္းအမွတ္အျဖစ္ လူ႔အခြင့္အေရးေတြကုိ ေလးစားလုိက္နာဖုိ႔ တုိက္တြန္းတဲ့အေနနဲ႔ လႈပ္ရွားခဲ့ၾကတာလုိ႔လည္း ေျပာပါတယ္။ လႈပ္ရွားမႈမွာ ဦးေဆာင္သူေတြကုိ ရဲတပ္ဖဲြ႔က အမႈဖြင့္ခဲ့ၿပီးေနာက္ အာမခံနဲ႔ ျပန္လႊတ္ေပးခဲ့ေၾကာင္းလည္း အမႈဖြင့္ခံထားရသူ ေနာက္တဦးျဖစ္တဲ့ မခိုင္ျမတ္သူက ေျပာပါတယ္။

“ဒီေန႔က လူ႔အခြင့္အေရးေန႔လည္းျဖစ္တယ္။ ေနာက္ၿပီးေတာ့ အမ်ိဳးသမီးေတြနဲ႔ ပတ္သက္ၿပီးေတာ့ လႈပ္ရွားမႈေတြလည္း ဒီရက္ပိုင္းမွာ ရွိေနတယ္။ က်မတို႔အေနနဲ႔ လူ႔အခြင့္အေရးကို တန္ဖိုးထားတယ္၊ ေလးစားလိုက္နာတယ္။ အမ်ိဳးသမီးအခြင့္အေရးေတြကိုလည္း တန္ဖိုးထား ေလးစားလိုက္နာတဲ့အတြက္ ဒီလိုမ်ိဳးလုပ္ရတာျဖစ္တယ္။ လူဦးေရကလည္း သိပ္အမ်ားၾကီးရွိတာ မဟုတ္ဘူး။ လမ္းေလွ်ာက္ရင္းပါလာၾကတာဆိုေတာ့ တခ်ိဳ႕လူေတြက... အခုေလာေလာဆယ္မွာေတာ့ က်မတို႔ကို အာမခံနဲ႔ လြတ္ေပးလိုက္တယ္ေပါ့ေနာ္။”

အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္အျဖစ္ စစ္ေတြၿမိဳ႕က လႈပ္ရွားမႈမွာ ပါဝင္ခဲ့သူမ်ား။ (ဒီဇင္ဘာ ၁၀၊ ၂၀၂၀)
အျပည္ျပည္ဆိုင္ရာ လူ႔အခြင့္အေရးေန႔ အထိမ္းအမွတ္အျဖစ္ စစ္ေတြၿမိဳ႕က လႈပ္ရွားမႈမွာ ပါဝင္ခဲ့သူမ်ား။ (ဒီဇင္ဘာ ၁၀၊ ၂၀၂၀)

ၿငိမ္းခ်မ္းစြာ စုေဝးခြင့္နဲ႔ ၿငိမ္းခ်မ္းစြာ စီတန္းလွည့္လည္ျခင္းဆိုင္ရာ ဥပေဒပုဒ္မ ၁၉ အရ အမ်ားဆံုး ေထာင္ဒဏ္ သံုးလကေန၊ ေငြဒဏ္ ၃၀,၀၀၀ ဒါမွမဟုတ္ ျပစ္ဒဏ္ ၂ ခုစလုံးကုိလည္း က်ခံရႏုိင္ပါတယ္။ လူ႔အခြင့္အေရးကုိ ေလးစားလုိက္နာဖုိ႔ ရည္ရြယ္ခ်က္နဲ႔ လႈပ္ရွားသူေတြကုိ အာဏာပုိင္ေတြက အေရးယူဖုိ႔ စီစဥ္ေနတဲ့ အေပၚမွာေတာ့ ကုိယ္တုိင္တရားစဲြခံထားရသူ ေနာက္တဦးျဖစ္တဲ့ ကိုသန္းလွက အခုလုိ တုန္႔ျပန္ေျပာဆုိခဲ့ပါတယ္။

“က်ေနာ္တို႔က ေျပာခ်င္တာက အဓိကအားျဖင့္ ဒီကိစၥက တကယ္တမ္းဆိုရင္ အစိုးရ ကိုယ္တိုင္ကလည္း ခံုခံုမင္မင္ေပါ့ေလ၊ သူတို႔အေနနဲ႔ ထိထိေရာက္ေရာက္ လုပ္သင့္တယ္ေပါ့ေလ။ ႀကိဳဆိုတဲ့ အထိမ္းအမွတ္အေနနဲ႔ ဒီလူ႔အခြင့္အေရးေန႔ကို လုပ္သင့္တယ္။ အစိုးရအေနနဲ႔လည္း မလုပ္ဘူး၊ က်ေနာ္တို႔ ျပည္သူေတြက ႀကိဳဆိုတာကိုလည္း ဒီလို အေရးယူတာေတြတို႔ လုပ္ေတာ့ စိတ္ေတာ့ မေကာင္းဘူးေပါ့ဗ်ာ။ ခံစားရပါတယ္။”

လူ႔အခြင့္အေရးေန႔အျဖစ္ ဦးေဆာင္လႈပ္ရွားမႈေၾကာင့္ လူငယ္ ၃ ဦးကုိ အေရးယူထားတဲ့ ကိစၥနဲ႔ ပတ္သက္လုိ႔ စစ္ေတြၿမိဳ႕မ ရဲစခန္းကို ဗီြအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းလက္ခံေျဖဆိုတဲ့သူ မရွိခဲ့ပါဘူး။

ရခုိင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA ရခုိင္လက္နက္ကုိင္ အဖဲြ႔တုိ႔ရဲ႕ စစ္ေရးပဋိပကၡေတြၾကား ေဒသခံေတြ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ ရင္ဆုိင္ေနရတဲ့အေပၚ ကုလသမဂၢ အပါအ၀င္ ႏုိင္ငံတကာ အသုိင္းအဝန္းနဲ႔ တက္ၾကြလႈပ္ရွားသူေတြကပါ စုိးရိမ္တဲ့ သေဘာထားေတြကုိလည္း ေျပာဆုိထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တွေမှာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်ပြုတဲ့လူငယ်တွေ ငြိမ်းစုစီနဲ့ တရားစွဲခံထားရ

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် ရခိုင်ပြည်နယ်မှာ လှုပ်ရှားခဲ့ကြတဲ့ လူငယ် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ခွင့်ပြုချက်မရဘဲ စုဝေးလှုပ်ရှားမှုနဲ့ အမှူဖွင့် လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်တွေမြို့က ဒီကနေ့ အစောပိုင်း လှုပ်ရှားမှုမှာ ဦးဆောင်သူ လူငယ် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ စစ်တွေမြို့မရဲစခန်းက ဖမ်းဆီးသွားသူ ၃ ယောက်ကိုတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အရေးယူခံခဲ့ရတယ်လို့လည်း ကိုယ်တိုင် အမှုဖွင့်ခံရသူ တဦးဖြစ်တဲ့ ကိုနိုင်နိုင်ထွန်းက ပြောပါတယ်။

“ကျနော်တို့ကို စစ်တွေကမ်းခြေပွိုင့်မှာ ဓာတ်ပုံရိုက်နေကြတယ်ပေါ့နော်.... ဗီနိုင်းတွေနဲ့ Peace Logo ဆွဲထားတဲ့ အလံတွေ၊ ငြိမ်းချမ်းရေး ငှက်အလံတွေ အဲဒီလိုမျိုးအလံတွေနဲ့ ကျနော်တို့ ဓာတ်ပုံတွေရိုက်နေတဲ့ အချိန် ၁၀ နာရီလောက်မှာ ရဲကလာပြီးတော့ ခေါ်ဆောင်သွားတယ်။ ပြီးတော့ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ အမှုဖွင့်တယ်။ နောက်ထပ် ၁၅ ရက်နေ့ အကြောင်းကြားမယ်လို့ သူတို့က ပြောပါတယ်ဟုတ်။”

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နဲ့ အမျိုးသမီးအကြမ်းဖက်မှု ပပျောက်ရေး အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ တိုက်တွန်းတဲ့အနေနဲ့ လှုပ်ရှားခဲ့ကြတာလို့လည်း ပြောပါတယ်။ လှုပ်ရှားမှုမှာ ဦးဆောင်သူတွေကို ရဲတပ်ဖွဲ့က အမှုဖွင့်ခဲ့ပြီးနောက် အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း အမှုဖွင့်ခံထားရသူ နောက်တဦးဖြစ်တဲ့ မခိုင်မြတ်သူက ပြောပါတယ်။

“ဒီနေ့က လူ့အခွင့်အရေးနေ့လည်းဖြစ်တယ်။ နောက်ပြီးတော့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေလည်း ဒီရက်ပိုင်းမှာ ရှိနေတယ်။ ကျမတို့အနေနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားတယ်၊ လေးစားလိုက်နာတယ်။ အမျိုးသမီးအခွင့်အရေးတွေကိုလည်း တန်ဖိုးထား လေးစားလိုက်နာတဲ့အတွက် ဒီလိုမျိုးလုပ်ရတာဖြစ်တယ်။ လူဦးရေကလည်း သိပ်အများကြီးရှိတာ မဟုတ်ဘူး။ လမ်းလျှောက်ရင်းပါလာကြတာဆိုတော့ တချို့လူတွေက... အခုလောလောဆယ်မှာတော့ ကျမတို့ကို အာမခံနဲ့ လွတ်ပေးလိုက်တယ်ပေါ့နော်။”

ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ အများဆုံး ထောင်ဒဏ် သုံးလကနေ၊ ငွေဒဏ် ၃၀,၀၀၀ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ခုစလုံးကိုလည်း ကျခံရနိုင်ပါတယ်။ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ရည်ရွယ်ချက်နဲ့ လှုပ်ရှားသူတွေကို အာဏာပိုင်တွေက အရေးယူဖို့ စီစဉ်နေတဲ့ အပေါ်မှာတော့ ကိုယ်တိုင်တရားစွဲခံထားရသူ နောက်တဦးဖြစ်တဲ့ ကိုသန်းလှက အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့က ပြောချင်တာက အဓိကအားဖြင့် ဒီကိစ္စက တကယ်တမ်းဆိုရင် အစိုးရ ကိုယ်တိုင်ကလည်း ခုံခုံမင်မင်ပေါ့လေ၊ သူတို့အနေနဲ့ ထိထိရောက်ရောက် လုပ်သင့်တယ်ပေါ့လေ။ ကြိုဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ ဒီလူ့အခွင့်အရေးနေ့ကို လုပ်သင့်တယ်။ အစိုးရအနေနဲ့လည်း မလုပ်ဘူး၊ ကျနော်တို့ ပြည်သူတွေက ကြိုဆိုတာကိုလည်း ဒီလို အရေးယူတာတွေတို့ လုပ်တော့ စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ ခံစားရပါတယ်။”

လူ့အခွင့်အရေးနေ့အဖြစ် ဦးဆောင်လှုပ်ရှားမှုကြောင့် လူငယ် ၃ ဦးကို အရေးယူထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ စစ်တွေမြို့မ ရဲစခန်းကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတဲ့သူ မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ရဲ့ စစ်ရေးပဋိပက္ခတွေကြား ဒေသခံတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရင်ဆိုင်နေရတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ တက်ကြွလှုပ်ရှားသူတွေကပါ စိုးရိမ်တဲ့ သဘောထားတွေကိုလည်း ပြောဆိုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG