သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ပဲြဆန္႔က်င္ဆႏၵျပသူ ဗကသေက်ာင္းသားမ်ားဖမ္းဆီးရံုးတင္ခံရ


ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ တဦးကို မႏၱေလးၿမိဳ႕ ခ်မ္းေအးသာစံ တရားရံုးမွာ ေတြ႔ရ။ (ဓာတ္ပံု - All Burma Federation of Student Unions - cec - စက္တင္ဘာ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္က လက္နက္ကိုင္ပဋိပကၡေတြနဲ႔ အင္တာနက္ ဆက္သြယ္မႈ ကန႔္သတ္ထားတာေတြ အဆုံးသတ္ေရး ေက်ာင္းသားလူငယ္တခ်ဳိ႕ ထပ္မံဖမ္းဆီးခံခဲ့ရၿပီး၊ ဒီကေန႔ ႐ုံးထုတ္စစ္ေဆးခဲ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေျပာျပပါမယ္။

တုိက္ပဲြေတြ အဆုံးသတ္ေရးနဲ႔ အင္တာနက္ ဆက္သြယ္မႈေတြ အျပည့္အ၀ရေရး ေတာင္းဆုိဆႏၵျပခဲ့ၾကတဲ့ ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢအဖြဲ႔ဝင္ေတြထဲက ဖမ္းဆီးခံရသူေတြကုိ ဒီကေန႔ မႏၱေလးၿမိဳ႕မွာ ႐ုံးတင္တရားစဲြဆုိခဲ့တာပါ။ ဖမ္းဆီးခံရသူေတြကုိေတာ့ ၿငိမ္းခ်မ္းစြာ စုေ၀းခြင့္နဲ႔ စီတန္းလွည့္လည္ခြင့္ဆုိင္ရာ ဥပေဒပုဒ္မ ၁၉၊ ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ သဘာ၀ေဘးအႏၱရာယ္ဆုိင္ရာ ဥပေဒပုဒ္မေတြနဲ႔ တရားစဲြဆုိခံခဲ့ရေၾကာင္း မႏၲေလးတိုင္း ဗမာႏိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားသမဂၢအဖြဲ႕ ဒုဥကၠ႒ ဦးေအာင္ျပည့္စုံၿဖိဳး က ေျပာပါတယ္။

မႏၱေလးၿမိဳ႕ ခ်မ္းေအးသာဇံတရားရံုး။ (ဓာတ္ပံု - All Burma Federation of Student Unions - cec - စက္တင္ဘာ ၂၈၊ ၂၀၂၀)
မႏၱေလးၿမိဳ႕ ခ်မ္းေအးသာဇံတရားရံုး။ (ဓာတ္ပံု - All Burma Federation of Student Unions - cec - စက္တင္ဘာ ၂၈၊ ၂၀၂၀)

"အခုကေတာ့ မေန႔က ဖမ္းခံရတဲ့ ၅ ေယာက္ရွိတယ္။ ဒီကေန႔ ျပည္တကၠသိုလ္ ၂ေယာက္ဖမ္းခံရတယ္။ ဒီကေန႔မွာ မေန႔က အဖမ္းခံရတဲ့ ၅ ေယာက္ရယ္။ ဟိုတေန႔က ၃ေယာက္ရယ္ကို ဒီကေန႔ ခ်မ္းေအးသာစံတရား႐ုံးမွာ ႐ုံးထုတ္တယ္။ မေန႔က ပခုကၠဴေက်ာင္းသားသမဂၢ႐ုံးကို ဝင္စီးၿပီး ၅ေယာက္ကို ဖမ္းခဲ့တာပါ။ ႐ုံးထုတ္တာက မီဒီယာေတြကို ေပးမေျဖဘူး။ တရား႐ုံးထဲလည္း ဝင္မရဘူး။ ကိုဗစ္အေၾကာင္းျပီးေတာ့ တရားရံုးထဲ ၀င္ခြင့္မေပးဘူး။ ပုဒ္မ ၄ခုနဲ႔ ဆြဲတယ္ၾကားတယ္။ ၿငိမ္းစုစီ ၁၉ရယ္၊ ၅၀၅ (က) (ခ) ရယ္၊ သဘာဝေဘးအႏၲရာယ္ ၂၅ ရယ္၊ အဲဒီ ၄ခုနဲ႔ဆြဲထားတယ္။"

ရခိုင္ျပည္နယ္က အၾကပ္အတည္းေတြ အဆုံးသတ္ေရး ဒီလဆန္းပုိင္းက ေတာင္းဆုိဆႏၵျပသူေတြ အပါအ၀င္ တက္ၾကြလႈပ္ရွားသူ လူငယ္တခ်ဳိ႕ကုိေတာ့ မေန႔တုန္းက ဗကသမ်ားအဖြဲ႕ခ်ဳပ္ ဗဟိုဌာနခ်ဳပ္႐ုံး ယာယီဖြင့္လွစ္ထားတဲ့ ပခုကၠဴ တကၠသိုလ္ ေက်ာင္းသားသမဂၢ အေဆာက္အဦးကုိ ရဲတပ္ဖဲြ႔က ၀င္ေရာက္စီးနင္း ဖမ္းဆီးခဲ့တာပါ။ ဆႏၵျပလႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ဗကသ အဖြဲ႕ဝင္ ၈ ဦးကို ဒီကေန႔ မႏၱေလးၿမိဳ႕က တရား႐ုံးမွာ ႐ုံးထုတ္ခဲ့တာလို႔လည္း ဦးေအာင္ျပည့္စုံၿဖိဳးက ေျပာပါတယ္။

ဖမ္းဆီးခံထားရသူေတြဟာ မိသားစု၀င္ေတြနဲ႔ မေတြ႔ရေသးဘူးလုိ႔လည္း ေျပာပါတယ္။ တရားလႊတ္ေတာ္ေရွ႕ေန ဦးသိန္းသန္းဦးကေတာ့ ကုိဗစ္ကပ္ေရာဂါကာလမွာ လူစုလူေ၀းကုိ ေရွာင္က်ဥ္ဖုိ႔ လုိအပ္သလုိ၊ အာဏာပုိင္ေတြ အေနနဲ႔လည္း ေက်ာင္းသားလူငယ္ေတြအေပၚ ႀကီးေလးတဲ့ ဥပေဒေတြနဲ႔ အေရးယူဖုိ႔ မသင့္ဘူးလုိ႔ သုံးသပ္ပါတယ္။

"ရခိုင္ျပည္သူကို ေထာက္ခံတာ စာနာေထာက္ထားတာဟာ ဗကသေက်ာင္းသားေတြ တာဝန္ပဲ က်ေနာ္လက္ခံတယ္။ ဒီအခ်ိန္မွာ မလုပ္သင့္ဘူးလို႔ထင္တယ္။ ေက်ာင္းသားေတြက ပညာတတ္ေတြပဲ ပိုထိန္းသိမ္းရမွာေပါ့။ ဒီေရာဂါက လူစုလို႔ ျဖစ္ရင္ကိုယ့္ေၾကာင့္ျဖစ္မွာ။ ဒီဘက္က တာဝန္ရွိသူေတြဘက္ကေတာ့ဗ်ာ။ ဒါကေလးေတြ ကိုယ့္သားသမီး အ႐ြယ္ေလးေတြ၊ မိဘေတာင္ မလိမ္မိုးမလိမ္မာေတြေတာင္ဆုံးမရတာဗ်ာ။ ဒီလို ပုဒ္မေတြ မ်ိဳးစံုနဲ႔ အကုန္ တပ္ၿပီး အေရးယူတာမ်ိဳးေတြ မျဖစ္သင့္ဘူး ထင္တယ္။ မလုပ္သင့္ဘူး။ တရားခံေျပးေတြ အမ်ားႀကီးက်မဖမ္းႏိုင္ဘဲ ေက်ာင္းသားေလးေတြ ဖမ္းတာက်ေတာ့ ခ႐ုခါးေထာင္းက်ိဳက္ဖမ္းသလို ဖမ္းျပတာဗ်ာ။ က်ေနာ္ သေဘာမတူဘူးဗ်ာ။ ထိန္းထိန္း သိမ္းသိမ္းနဲ႔ လုပ္သင့္တယ္။ ၿငိဳးသူရန္ဖက္ႀကီးလို လုပ္တာကေတာ့ လုံးဝမျဖစ္သင့္ပါဘူး။"

ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕႐ုံးေရွ႕မွာ အလားတူ ေတာင္းဆိုခ်က္ေတြနဲ႔ ဆႏၵျပခဲ့ၾကတဲ့ ေက်ာင္းသားသမဂၢအဖြဲ႕ဝင္ လူငယ္ ၃ ဦးကိုလည္း ၿငိမ္းစုစီ ပုဒ္မ ၁၉ နဲ႔ ၿပီးခဲ့တဲ့ တပတ္ထဲ မွာပဲ တရားစြဲဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ပွဲဆန့်ကျင်ဆန္ဒပြသူ ဗကသကျောင်းသားများဖမ်းဆီးရုံးတင်ခံရ

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အင်တာနက် ဆက်သွယ်မှု ကန့်သတ်ထားတာတွေ အဆုံးသတ်ရေး ကျောင်းသားလူငယ်တချို့ ထပ်မံဖမ်းဆီးခံခဲ့ရပြီး၊ ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက ပြောပြပါမယ်။

တိုက်ပွဲတွေ အဆုံးသတ်ရေးနဲ့ အင်တာနက် ဆက်သွယ်မှုတွေ အပြည့်အဝရရေး တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေထဲက ဖမ်းဆီးခံရသူတွေကို ဒီကနေ့ မန္တလေးမြို့မှာ ရုံးတင်တရားစွဲဆိုခဲ့တာပါ။ ဖမ်းဆီးခံရသူတွေကိုတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ တရားစွဲဆိုခံခဲ့ရကြောင်း မန္တလေးတိုင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအောင်ပြည့်စုံဖြိုး က ပြောပါတယ်။

"အခုကတော့ မနေ့က ဖမ်းခံရတဲ့ ၅ ယောက်ရှိတယ်။ ဒီကနေ့ ပြည်တက္ကသိုလ် ၂ယောက်ဖမ်းခံရတယ်။ ဒီကနေ့မှာ မနေ့က အဖမ်းခံရတဲ့ ၅ ယောက်ရယ်။ ဟိုတနေ့က ၃ယောက်ရယ်ကို ဒီကနေ့ ချမ်းအေးသာစံတရားရုံးမှာ ရုံးထုတ်တယ်။ မနေ့က ပခုက္ကူကျောင်းသားသမဂ္ဂရုံးကို ဝင်စီးပြီး ၅ယောက်ကို ဖမ်းခဲ့တာပါ။ ရုံးထုတ်တာက မီဒီယာတွေကို ပေးမဖြေဘူး။ တရားရုံးထဲလည်း ဝင်မရဘူး။ ကိုဗစ်အကြောင်းပြီးတော့ တရားရုံးထဲ ဝင်ခွင့်မပေးဘူး။ ပုဒ်မ ၄ခုနဲ့ ဆွဲတယ်ကြားတယ်။ ငြိမ်းစုစီ ၁၉ရယ်၊ ၅၀၅ (က) (ခ) ရယ်၊ သဘာဝဘေးအန္တရာယ် ၂၅ ရယ်၊ အဲဒီ ၄ခုနဲ့ဆွဲထားတယ်။"

ရခိုင်ပြည်နယ်က အကြပ်အတည်းတွေ အဆုံးသတ်ရေး ဒီလဆန်းပိုင်းက တောင်းဆိုဆန္ဒပြသူတွေ အပါအဝင် တက်ကြွလှုပ်ရှားသူ လူငယ်တချို့ကိုတော့ မနေ့တုန်းက ဗကသများအဖွဲ့ချုပ် ဗဟိုဌာနချုပ်ရုံး ယာယီဖွင့်လှစ်ထားတဲ့ ပခုက္ကူ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာပါ။ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဗကသ အဖွဲ့ဝင် ၈ ဦးကို ဒီကနေ့ မန္တလေးမြို့က တရားရုံးမှာ ရုံးထုတ်ခဲ့တာလို့လည်း ဦးအောင်ပြည့်စုံဖြိုးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေဟာ မိသားစုဝင်တွေနဲ့ မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးကတော့ ကိုဗစ်ကပ်ရောဂါကာလမှာ လူစုလူဝေးကို ရှောင်ကျဉ်ဖို့ လိုအပ်သလို၊ အာဏာပိုင်တွေ အနေနဲ့လည်း ကျောင်းသားလူငယ်တွေအပေါ် ကြီးလေးတဲ့ ဥပဒေတွေနဲ့ အရေးယူဖို့ မသင့်ဘူးလို့ သုံးသပ်ပါတယ်။

"ရခိုင်ပြည်သူကို ထောက်ခံတာ စာနာထောက်ထားတာဟာ ဗကသကျောင်းသားတွေ တာဝန်ပဲ ကျနော်လက်ခံတယ်။ ဒီအချိန်မှာ မလုပ်သင့်ဘူးလို့ထင်တယ်။ ကျောင်းသားတွေက ပညာတတ်တွေပဲ ပိုထိန်းသိမ်းရမှာပေါ့။ ဒီရောဂါက လူစုလို့ ဖြစ်ရင်ကိုယ့်ကြောင့်ဖြစ်မှာ။ ဒီဘက်က တာဝန်ရှိသူတွေဘက်ကတော့ဗျာ။ ဒါကလေးတွေ ကိုယ့်သားသမီး အရွယ်လေးတွေ၊ မိဘတောင် မလိမ်မိုးမလိမ်မာတွေတောင်ဆုံးမရတာဗျာ။ ဒီလို ပုဒ်မတွေ မျိုးစုံနဲ့ အကုန် တပ်ပြီး အရေးယူတာမျိုးတွေ မဖြစ်သင့်ဘူး ထင်တယ်။ မလုပ်သင့်ဘူး။ တရားခံပြေးတွေ အများကြီးကျမဖမ်းနိုင်ဘဲ ကျောင်းသားလေးတွေ ဖမ်းတာကျတော့ ခရုခါးထောင်းကျိုက်ဖမ်းသလို ဖမ်းပြတာဗျာ။ ကျနော် သဘောမတူဘူးဗျာ။ ထိန်းထိန်း သိမ်းသိမ်းနဲ့ လုပ်သင့်တယ်။ ငြိုးသူရန်ဖက်ကြီးလို လုပ်တာကတော့ လုံးဝမဖြစ်သင့်ပါဘူး။"

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မှာ အလားတူ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ် ၃ ဦးကိုလည်း ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ ပြီးခဲ့တဲ့ တပတ်ထဲ မှာပဲ တရားစွဲဆိုထားပါတယ်။

XS
SM
MD
LG