သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေနာ္အုန္းလွနဲ႔ ဆႏၵျပသူ ၃ ဦး ျပန္လႊတ္ေပးဖုိ႔ လူ႔အခြင့္အေရးအဖဲြ႔ေတြ ေတာင္းဆုိ 


ျငိမ္းခ်မ္းစြာ ဆႏၵျပမႈေၾကာင့္ ေထာင္ခ်ခံရတဲ့ အခြင့္အေရး တက္ၾကြလွဳပ္ရွားသူ ေနာ္အုန္းလွ

(Zawgyi/Unicode)

လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ ျငိမ္းခ်မ္းစြာ စုေ၀းခြင့္ အခြင့္အေရးေတြကို အသုံးခ်ဳျပီး ျငိမ္းခ်မ္းစြာ ဆႏၵျပရုံကေလးနဲ႔ ေထာင္ဒဏ္ ၁ လစီ ခ်ခံ ခဲ့ရတဲ့ တက္ၾကြလွဳပ္ရွားသူ ၄ ဦးကို ျခြင္းခ်က္မရွိ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ ျမန္မာ အာဏာပိိုင္ေတြကို လူ႔အခြင့္အေရးအဖြဲ႔ ၃ ခုက ပူးတြဲ ေတာင္းဆိုလိုက္ပါတယ္။ Amnesty International, Human Rights Watch နဲ႔ Civil Rights Defenders အဖြဲ႕တို႔က ေဖေဖာ္၀ါရီ ၂၈ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ျပီး ေတာင္းဆိုလိုက္တာလည္း ျဖစ္ပါတယ္။

အဲဒီ ေၾကညာခ်က္မွာ ေနာ္အုံးလွ၊ ေမာင္ဦး၊ ဦးငယ္ (ေခၚ) ဆန္းလွိဳင္နဲ႔ စႏၵာျမင့္တို႔ကို ခြင့္ျပဳခ်က္ မရွိဘဲ ဆႏၵျပမွဳ ျငိမ္းစုစီ ဥပေဒပုဒ္မ (၁၉/၂၀) နဲ႔ အျပစ္ရွိေၾကာင္း ေၾကညာျပီး ေဖေဖာ္၀ါရီ ၁၇ ရက္ေန႔က ျမ၀တီ ျမိဳ႕နယ္ တရားရုံးက ေထာင္ဒဏ္ ၁ လ စီ ခ်မွတ္ခဲ့တယ္လို႔ ပါရွိခဲ့ပါတယ္။ အဲဒီ ဥပေဒအရ ျငိမ္းခ်မ္းစြာ ဆႏၵျပမယ္ဆိုတာကို တရား၀င္ အသိေပးရုံသာ လိုအပ္ေပမဲ့ တကယ့္ လက္ေတြ႔မွာ အာဏာ ပိုင္ေတြက ခြင့္ျပဳခ်က္အေနနဲ႔ က်င့္သုံးေနေၾကာင္း ေဖာ္ျပထားပါတယ္။

ေဖာ္ျပပါ လူ႔အခြင့္အေရး အဖြဲ႕ ၃ ဖြဲ႕အေနနဲ႔ အက်ဥ္းက် ခံရသူ ၄ ဦးစလုံးကို ႏုိင္ငံေရး အက်ဥ္းသားအျဖစ္ ယူဆသတ္မွတ္ျပီး သူတို႔ကို ျမန္မာ အာဏာပိုင္ေတြ အေနနဲ႔ ျခြင္းခ်က္မရွိ အျမန္ဆုုံး လႊတ္ေပးဖို႔ ေတာင္းဆိုေၾကာင္း ပါရွိပါတယ္။

အဲဒီ အဖြဲ႕ ၃ ဖြဲ႕အေနနဲ႔ လူစုေ၀းခြင့္နဲ႔ ျငိမ္းခ်မ္းစြာ ဆႏၵျပေရးဆိုင္ရာ ဥပေဒေတြအပါအ၀င္ ျမန္မာႏုိ္င္ငံက ျပဌာန္းထားတဲ့ ဥပေဒေတြ အေပၚ စိုးရိမ္မကင္း ျဖစ္မိေၾကာင္း၊ အဲဒီ ဥပေဒေတြဟာ လြတ္လပ္စြာ ေျပာဆိုခြင့္နဲ႔ ျငိမ္းခ်မ္းစြာ စုေ၀းခြင့္ ဆိုင္ရာ အခြင့္အေရးေတြနဲ႔ မကိုက္ညီတာေၾကာင့္ ျပန္လည္ သုံးသပ္ ျပင္ဆင္ဖို႔ ျမန္မာ အာဏာပိုင္ေတြကို တိုက္တြန္းေၾကာင္း ပါရွိပါတယ္။

ကရင္ျပည္နယ္ ျမ၀တီ ျမိဳ႕နယ္က ေျမယာ ျပႆနာ ျဖစ္ေနတဲ့ ေရႊျမစႏၵ အိမ္ယာ စီမံကိန္းနဲ႔ ပတ္သက္ျပီး နစ္နာခဲ့ရသူေတြကို ဦးေဆာင္ျပီး ဆႏၵျပခဲ့တာေၾကာင့္ ဒီမိုကေရစီႏွင့္ ျငိမ္းခ်မ္းေရး အမ်ိဳးသမီး အဖြဲ႔ ဥကၠဌ ေနာ္အုန္းလွ အပါအ၀င္ တက္ၾကြ လွဳပ္ရွား သူ ၄ ဦး ေဖေဖာ္၀ါရီလထဲ ေထာင္ဒဏ္ တစ္လစီ က်ခံခဲ့ရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

နော်အုန်းလှနဲ့ ဆန္ဒပြသူ ၃ ဦး ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆို

(Unicode)

လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် အခွင့်အရေးတွေကို အသုံးချုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြရုံကလေးနဲ့ ထောင်ဒဏ် ၁ လစီ ချခံ ခဲ့ရတဲ့ တက်ကြွလှုပ်ရှားသူ ၄ ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို လူ့အခွင့်အရေးအဖွဲ့ ၃ ခုက ပူးတွဲ တောင်းဆိုလိုက်ပါတယ်။ Amnesty International, Human Rights Watch နဲ့ Civil Rights Defenders အဖွဲ့တို့က ဖေဖော်ဝါရီ ၂၈ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီ ကြေညာချက်မှာ နော်အုံးလှ၊ မောင်ဦး၊ ဦးငယ် (ခေါ်) ဆန်းလှိုင်နဲ့ စန္ဒာမြင့်တို့ကို ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှု ငြိမ်းစုစီ ဥပဒေပုဒ်မ (၁၉/၂၀) နဲ့ အပြစ်ရှိကြောင်း ကြေညာပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြဝတီ မြို့နယ် တရားရုံးက ထောင်ဒဏ် ၁ လ စီ ချမှတ်ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ အဲဒီ ဥပဒေအရ ငြိမ်းချမ်းစွာ ဆန္ဒပြမယ်ဆိုတာကို တရားဝင် အသိပေးရုံသာ လိုအပ်ပေမဲ့ တကယ့် လက်တွေ့မှာ အာဏာ ပိုင်တွေက ခွင့်ပြုချက်အနေနဲ့ ကျင့်သုံးနေကြောင်း ဖော်ပြထားပါတယ်။

ဖော်ပြပါ လူ့အခွင့်အရေး အဖွဲ့ ၃ ဖွဲ့အနေနဲ့ အကျဉ်းကျ ခံရသူ ၄ ဦးစလုံးကို နိုင်ငံရေး အကျဉ်းသားအဖြစ် ယူဆသတ်မှတ်ပြီး သူတို့ကို မြန်မာ အာဏာပိုင်တွေ အနေနဲ့ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပါရှိပါတယ်။

အဲဒီ အဖွဲ့ ၃ ဖွဲ့အနေနဲ့ လူစုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြရေးဆိုင်ရာ ဥပဒေတွေအပါအဝင် မြန်မာနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေတွေ အပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း၊ အဲဒီ ဥပဒေတွေဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဆိုင်ရာ အခွင့်အရေးတွေနဲ့ မကိုက်ညီတာကြောင့် ပြန်လည် သုံးသပ် ပြင်ဆင်ဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းကြောင်း ပါရှိပါတယ်။

ကရင်ပြည်နယ် မြဝတီ မြို့နယ်က မြေယာ ပြဿနာ ဖြစ်နေတဲ့ ရွှေမြစန္ဒ အိမ်ယာ စီမံကိန်းနဲ့ ပတ်သက်ပြီး နစ်နာခဲ့ရသူတွေကို ဦးဆောင်ပြီး ဆန္ဒပြခဲ့တာကြောင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး အဖွဲ့ ဥက္ကဌ နော်အုန်းလှ အပါအဝင် တက်ကြွ လှုပ်ရှား သူ ၄ ဦး ဖေဖော်ဝါရီလထဲ ထောင်ဒဏ် တစ်လစီ ကျခံခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG