သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ပဋိပကၡေက်းရြာမ်ား ျပန္လည္ထူေထာင္ေရး အကူအညီ လိုအပ္


ရခိုင္ျပည္နယ္ ေျမာက္ဦးရွိ ေရွးေဟာင္း ေစတီပုထိုးမ်ား။ (ႏိုဝင္ဘာ ၀၈၊ ၂၀၁၂)

[Zawgyi/Unicode]

ရခိုင္္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႔ AA ရခိုင္လက္နက္ကိုင္အဖြဲ႔တုိ႔ၾကား စစ္ေရးပဋိပကၡအတြင္း ေနအိမ္ေတြ မီးေလာင္ပ်က္စီးခဲ့တဲ့ စစ္ေရွာင္ေတြ ဘဝျပန္လည္ထူေထာင္ေရး အကူအညီေတြ လိုအပ္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးမွာပါ။

ရခိုင္္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္ေတြမွာ ၂ ႏွစ္ၾကာ စစ္ပြဲအတြင္း အိမ္ေျခအမ်ားအျပား မီးေလာင္ခဲ့သလို အိုးအိမ္မဲ့ ျဖစ္သြားသူေတြကလည္း ၂,၀၀၀ ေက်ာ္ရွိေနတယ္လုိ႔ ေဒသခံအကူအညီေပးေရးအဖဲြ႔ တခုျဖစ္တဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး (REC) က ခန္႔မွန္းထားပါတယ္။

အုိးအိမ္ေတြ ပ်က္စီးခဲ့ၾကတဲ့ စစ္ေဘးဒုကၡသည္ေတြ ျပန္လည္ထူေထာင္ေရးအတြက္ အကူအညီေတြလိုအပ္ေနတယ္လို႔လည္း REC အဖဲြ႔ အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“က်ေနာ္တို႔ REC က ထုတ္တဲ့စာရင္းေတြအရဆို အိမ္ေျခ ၂,၀၀၅ အိမ္ေလာက္စာရင္းေကာက္ယူရထားပါတယ္ခင္ဗ်။ ဒီမီးေလာင္ပ်က္စီးသြားတဲ့ဟာနဲ႔ ပတ္သက္ျပီးေတာ့မွ အစိုးရဖက္က တာ၀န္ယူေဆာင္ရြက္ေပးတာ တခုမွ မရွိေသးဘူးေပါ့ေနာ္။ ေတာ္ေတာ္မ်ားမ်ားကေတာ့ မူလေနရပ္မွာပဲ အိမ္ေဆာက္ျပီးေတာ့မွ အတည္တက်ေနလို႔ မရေသးပါဘူး။ အခုကေတာ့ စစ္ေဘးေရွာင္စခန္းေတြမွာပဲ။ ရြာေပါင္းက ၄၁ ရြာရွိပါတယ္။ အမ်ားဆုံးျမိဳ႕နယ္ကေက်ာက္ေတာ္ျမိဳ႕နယ္ အမ်ားဆုံးေပါ့။ ျပီးလို႔ရွိရင္ ရေသ့ေတာင္၊ ဘူးသီးေတာင္တို႔။ ေနာက္ျပီးေတာ့ ပလက္၀တိုက္ပြဲတြင္းမွာလည္း အိမ္ေလာင္တာေတြ မ်ားပါတယ္။”

၂ဝ၂ဝ ျပည့္နစ္ မတ္လအတြင္းက ေက်ာက္ေတာ္ျမိဳ႕နယ္အတြင္း တင္းမႀကီး တင္းမ၊ ဘုရားေပါင္းနဲ႔ ေတာင္ေပါက္ ေက်းရြာတို႔အပါဝင္ ေက်းရြာတခ်ိဳ႕ တိုက္ပြဲျဖစ္စဥ္အတြင္းမီးေလာင္မႈ ျဖစ္ပြါးခဲ့ပါတယ္။

ဒီမီးေလာင္မႈဟာ တပ္မေတာ္စစ္ေၾကာင္းက မီးရိႈ႕ခဲ့ေၾကာင္း ေဒသခံရြာသားေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျမန္မာနိုင္ငံ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ကို တိုင္ၾကားထားေပမဲ့ တပ္မေတာ္ဘက္ကေတာ့ က်ဴးလြန္တာမရွိေၾကာင္းနဲ႔ ေက်းရြာေတြကို AA ဘက္က မီးရိႈ႕တာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္ကေတာ့ အိမ္မီးေလာင္တဲ့ တင္းမ ေက်းရြာဘက္မွာ ေနအိမ္အလုံး ၄၀ ေဆာက္လုပ္ေပးဖို႕ စီစဥ္ေနတယ္လို႔ ေျပာဆိုထားပါတယ္။

ဒါေပမဲ့ စစ္ေရွာင္ရြာသားေတြအေနနဲ႔ ေနရပ္ျပန္ႏုိင္မယ့္ အေျခအေန မရွိေသးဘူးလို႔ ဦးေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“အစိုးရကေနျပီးမွ ေက်ာက္ေတာ္ျမိဳ႕နယ္ တင္းမရြာမွာ ရွိတဲ့ ေဒသခံေတြ ေနရပ္ျပန္လို႔ ရွိရင္ အိမ္ေတြေဆာက္ေပးမယ္ဆိုျပီးေတာ့မွ ေျပာပါတယ္။ သူတို႔ ပထမဆုံးအေနနဲ႔ အိမ္ေျခ ၄၀ ေဆာက္ေပးမယ္လို႔ ေျပာပါတယ္။ ျပန္မယ့္သူေတာ့ တေယာက္မွ မရွိေသးဘူး။ ဘာေၾကာင့္လဲဆိုလို႔ရွိရင္ အဲဒီအနီးနားမွာလည္း တပ္စခန္းေတြအမ်ားၾကီး။ ေက်းရြာအနီး အနား ပါတ္၀န္းက်င္မွာဆိုလို႔ရွိရင္ လုံျခံဳေရးတပ္စခန္းေတြ ခဏဆုံဆည္းရပါတယ္။ မူလအေျခအေနအတိုင္းေနဖို႔က်ေတာ့ ဘယ္လိုမွ မျဖစ္နိုင္ေသးပါဘူး။”

တိုက္ပြဲျပင္းထန္ျဖစ္ပြါးခဲ့ျပီး ရြာမီးေလာင္ခဲ့တဲ့ ရေသ့ေတာင္ျမိဳ႕နယ္ ေအာင္သာစည္ရြာသားတဦးကေတာ့ ေနရပ္ကိုျပန္လို႔ မျဖစ္ေသးဘူးလို႔ ဆိုပါတယ္။

“ေအာင္သာစည္မွာေတာ့ တေယာက္မွ မေရာက္ၾကေသးဘူး။ ဘာတခုမွ အကူညီေပးတာမၾကားဘူး။ အဲဒီေအာင္သာစည္ ရြာသားေတြကို။ ေလယာဥ္နဲ႔ ဗုံးၾကဲတယ္။ အိမ္ေျခက ပ်က္စီးသြားတာ လက္နက္ၾကီးက်တာေရာ၊ မီးေလာင္တာေရာ အကုန္လုံးဆိုရင္ တရြာလုံးေပါ့ ၉၀ ေက်ာ္ေလာက္ရွိတယ္။

အလားတူခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ဘက္မွာလည္း တိုက္ပြဲျဖစ္စဥ္အတြင္း ေက်းရြာေတြမီးေလာင္မႈ၊ လူေသဆုံးမႈ ျဖစ္ပြါးခဲ့ေပမဲ့ ေဒသခံအာဏာပိုင္ေတြကေန အကူညီေပးတာမရွိဘူးလို႔ ၀က္မေက်းရြာသားဦးေက်ာ္သိန္း ကေျပာပါတယ္။

“ခုေလာေလာဆယ္မွာေတာ့ ဒီမီးေလာင္သြားတဲ့ ရြာေတြေရာ လက္နက္ၾကီးက်တဲ့ ရြာေတြေရာ အကုန္လုံးက စစ္ေဘးေရွာင္မွာေနၾကတယ္။ သူတို႔က တခါေတာ့ေျပာဖူးတယ္။ စစ္ေဘးေရွာင္ေတြ ရြာျပန္ခ်င္သလားလို႔ လာေမးတယ္။ ဒါေပမဲ့ သူတို႔က တာ၀န္ယူတာ၀န္ခံမွဳေတာ့မရွိဘူး။ ရြာမွာရွိတဲ့ ေလယာဥ္ေပၚကခ်တဲ့ မိုင္းဗုံးေတြ မိုင္းေတြ အကုန္လုံးေတြကိုရွင္းျပီးမွ ဒီစစ္ေတြဆုံးမွျဖင့္ က်ေနာ္တို႔ကျပန္ရဲမယ္။ ”

ျပီးခဲ့တဲ့မတ္လေလာက္မွာ ျမန္မာစစ္ေရယာဥ္ကေန ေလေၾကာင္းနဲ႔ ပစ္ခတ္ခဲ့လို႔ ပီ၀ုန္း မီးေခ်ာင္းစတဲ့ေက်းရြာ မီးေလာင္ခဲ့သလို ျမိတ္စာ၀ေက်းရြာ ၃ ရြာ ၿပိန္တိန္ေက်းရြာက ခ်င္းတုိင္းရင္းသား ၁၁ ဦး ေလေၾကာင္းတုိက္ခိုက္မႈအတြင္း ေသဆုံးခဲ့မႈအတြက္ ကန္႔ကြက္ေၾကာင္းလည္း ခူမီးခ်င္းမ်ဳိးႏြယ္စုမ်ားေရးရာေပါင္းစပ္ညွိႏႈိင္းေရးေကာင္စီက သတင္းထုတ္ျပန္ ထားပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ တလနီးပါး ပစ္ခတ္တိုက္ခိုက္မႈ ရပ္တန္႔ေနေပမဲ့ ျမန္မာစစ္တပ္ဘက္က လက္နက္အင္အား၊ ရိကၡာ စုေဆာင္းတင္ပို႔တာေတြ ရွိေနတာေၾကာင့္ တိုက္ပြဲေတြ ျပန္ျဖစ္မွာ စုိးရိမ္တယ္လုိ႔လည္း ေဒသခံေတြကေျပာၾကပါတယ္။

ႏွစ္ ႏွစ္တာ တိုက္ပြဲအတြင္းဘူးသီးေတာင္ျမိဳ႕နယ္ေက်းရြာ ၈ ခုကအိမ္ေျခ ၁၆၃ ေဆာင္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွ ေက်းရြာ ၁၄ ခုက ၁,၂၇၅ ေဆာင္၊ ရေသ့ေတာင္ၿမိဳ႕နယ္မွ ေက်းရြာ ၉ ခုက ၆၉ ေဆာင္၊ မင္းျပားၿမိဳ႕နယ္မွ ေက်းရြာ ၁ ရြာက ၂၈ ေဆာင္၊ ေျမာက္ဦးၿမိဳ႕နယ္မွ ေက်းရြာ ၄ ခုက ၂၁ဝ ေဆာင္၊ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ေက်းရြာ ၈ ခုမွ ၂၅၂ ေဆာင္ ပုဏၰားကၽြန္း၊ အမ္း၊ ေက်ာက္ျဖဴက ေက်းရြာတခ်ိဳ႕လည္း မီးေလာင္ပ်က္စီးခဲ့ေၾကာင္း ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံးက စာရင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်ပဋိပက္ခကျေးရွာများ ပြန်လည်ထူထောင်ရေး အကူအညီ လိုအပ်

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား စစ်ရေးပဋိပက္ခအတွင်း နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့ စစ်ရှောင်တွေ ဘဝပြန်လည်ထူထောင်ရေး အကူအညီတွေလိုအပ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်တွေမှာ ၂ နှစ်ကြာ စစ်ပွဲအတွင်း အိမ်ခြေအများအပြား မီးလောင်ခဲ့သလို အိုးအိမ်မဲ့ ဖြစ်သွားသူတွေကလည်း ၂,၀၀၀ ကျော်ရှိနေတယ်လို့ ဒေသခံအကူအညီပေးရေးအဖွဲ့ တခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ခန့်မှန်းထားပါတယ်။

အိုးအိမ်တွေ ပျက်စီးခဲ့ကြတဲ့ စစ်ဘေးဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့လည်း REC အဖွဲ့ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“ကျနော်တို့ REC က ထုတ်တဲ့စာရင်းတွေအရဆို အိမ်ခြေ ၂,၀၀၅ အိမ်လောက်စာရင်းကောက်ယူရထားပါတယ်ခင်ဗျ။ ဒီမီးလောင်ပျက်စီးသွားတဲ့ဟာနဲ့ ပတ်သက်ပြီးတော့မှ အစိုးရဖက်က တာဝန်ယူဆောင်ရွက်ပေးတာ တခုမှမရှိသေးဘူးပေါ့နော်။ တော်တော်များများကတော့ မူလနေရပ်မှာပဲ အိမ်ဆောက်ပြီးတော့မှ အတည်တကျနေလို့ မရသေးပါဘူး။ အခုကတော့ စစ်ဘေးရှောင်စခန်းတွေမှာပဲ။ ရွာပေါင်းက ၄၁ ရွာရှိပါတယ်။ အများဆုံးမြို့နယ်ကကျောက်တော်မြို့နယ် အများဆုံးပေါ့။ ပြီးလို့ရှိရင် ရသေ့တောင်၊ ဘူးသီးတောင်တို့။ နောက်ပြီးတော့ ပလက်ဝတိုက်ပွဲတွင်းမှာလည်း အိမ်လောင်တာတွေ များပါတယ်။”

၂ဝ၂ဝ ပြည့်နစ် မတ်လအတွင်းက ကျောက်တော်မြို့နယ်အတွင်း တင်းမကြီး တင်းမ၊ ဘုရားပေါင်းနဲ့ တောင်ပေါက် ကျေးရွာတို့အပါဝင် ကျေးရွာတချို့ တိုက်ပွဲဖြစ်စဉ်အတွင်းမီးလောင်မှု ဖြစ်ပွါးခဲ့ပါတယ်။

ဒီမီးလောင်မှုဟာ တပ်မတော်စစ်ကြောင်းက မီးရှို့ခဲ့ကြောင်း ဒေသခံရွာသားတွေ လွှတ်တော်ကိုယ်စားလှယ်တွေက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို တိုင်ကြားထားပေမဲ့ တပ်မတော်ဘက်ကတော့ ကျူးလွန်တာမရှိကြောင်းနဲ့ ကျေးရွာတွေကို AA ဘက်က မီးရှို့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကတော့ အိမ်မီးလောင်တဲ့ တင်းမ ကျေးရွာဘက်မှာ နေအိမ်အလုံး ၄၀ ဆောက်လုပ်ပေးဖို့ စီစဉ်နေတယ်လို့ ပြောဆိုထားပါတယ်။

ဒါပေမဲ့ စစ်ရှောင်ရွာသားတွေအနေနဲ့ နေရပ်ပြန်နိုင်မယ့် အခြေအနေ မရှိသေးဘူးလို့ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“အစိုးရကနေပြီးမှ ကျောက်တော်မြို့နယ် တင်းမရွာမှာရှိတဲ့ ဒေသခံတွေ နေရပ်ပြန်လို့ ရှိရင် အိမ်တွေဆောက်ပေးမယ်ဆိုပြီးတော့မှ ပြောပါတယ်။ သူတို့ ပထမဆုံးအနေနဲ့ အိမ်ခြေ ၄၀ ဆောက်ပေးမယ်လို့ပြောပါတယ်။ ပြန်မယ့်သူတော့ တယောက်မှ မရှိသေးဘူး။ ဘာကြောင့်လဲဆိုလို့ရှိရင် အဲဒီအနီးနားမှာလည်း တပ်စခန်းတွေအများကြီး။ ကျေးရွာအနီး အနား ပါတ်ဝန်းကျင်မှာဆိုလို့ရှိရင် လုံခြုံရေးတပ်စခန်းတွေ ခဏဆုံဆည်းရပါတယ်။ မူလအခြေအနေအတိုင်းနေဖို့ကျတော့ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။”

တိုက်ပွဲပြင်းထန်ဖြစ်ပွါးခဲ့ပြီး ရွာမီးလောင်ခဲ့တဲ့ ရသေ့တောင်မြို့နယ် အောင်သာစည်ရွာသားတဦးကတော့ နေရပ်ကိုပြန်လို့ မဖြစ်သေးဘူးလို့ ဆိုပါတယ်။

“အောင်သာစည်မှာတော့ တယောက်မှ မရောက်ကြသေးဘူး။ ဘာတခုမှ အကူညီပေးတာမကြားဘူး။ အဲဒီအောင်သာစည် ရွာသားတွေကို။ လေယာဉ်နဲ့ ဗုံးကြဲတယ်။ အိမ်ခြေက ပျက်စီးသွားတာ လက်နက်ကြီးကျတာရော၊ မီးလောင်တာရော အကုန်လုံးဆိုရင် တရွာလုံးပေါ့ ၉၀ ကျော်လောက်ရှိတယ်။

အလားတူချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာလည်း တိုက်ပွဲဖြစ်စဉ်အတွင်း ကျေးရွာတွေမီးလောင်မှု၊ လူသေဆုံးမှု ဖြစ်ပွါးခဲ့ပေမဲ့ ဒေသခံအာဏာပိုင်တွေကနေ အကူညီပေးတာမရှိဘူးလို့ ဝက်မကျေးရွာသားဦးကျော်သိန်း ကပြောပါတယ်။

“ခုလောလောဆယ်မှာတော့ ဒီမီးလောင်သွားတဲ့ ရွာတွေရော လက်နက်ကြီးကျတဲ့ ရွာတွေရော အကုန်လုံးက စစ်ဘေးရှောင်မှာနေကြတယ်။ သူတို့က တခါတော့ပြောဖူးတယ်။ စစ်ဘေးရှောင်တွေရွာပြန်ချင်သလားလို့လာမေးတယ်။ ဒါပေမဲ့ သူတို့က တာဝန်ယူတာဝန်ခံမှုတော့မရှိဘူး။ ရွာမှာရှိတဲ့ လေယာဉ်ပေါ်ကချတဲ့ မိုင်းဗုံးတွေ မိုင်းတွေ အကုန်လုံးတွေကိုရှင်းပြီးမှ ဒီစစ်တွေဆုံးမှဖြင့် ကျနော်တို့ကပြန်ရဲမယ်။ ”

ပြီးခဲ့တဲ့မတ်လလောက်မှာ မြန်မာစစ်ရေယာဉ်ကနေ လေကြောင်းနဲ့ ပစ်ခတ်ခဲ့လို့ ပီဝုန်း မီးချောင်းစတဲ့ကျေးရွာ မီးလောင်ခဲ့သလို မြိတ်စာဝကျေးရွာ ၃ ရွာ ပြိန်တိန်ကျေးရွာက ချင်းတိုင်းရင်းသား ၁၁ ဦး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့မှုအတွက် ကန့်ကွက်ကြောင်းလည်း ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တလနီးပါး ပစ်ခတ်တိုက်ခိုက်မှု ရပ်တန့်နေပေမဲ့ မြန်မာစစ်တပ်ဘက်က လက်နက်အင်အား၊ ရိက္ခာ စုဆောင်းတင်ပို့တာတွေ ရှိနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်မှာ စိုးရိမ်တယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။

နှစ် နှစ်တာ တိုက်ပွဲအတွင်းဘူးသီးတောင်မြို့နယ်ကျေးရွာ ၈ ခုကအိမ်ခြေ ၁၆၃ ဆောင်၊ ကျောက်တော်မြို့နယ်မှ ကျေးရွာ ၁၄ ခုက ၁,၂၇၅ ဆောင်၊ ရသေ့တောင်မြို့နယ်မှ ကျေးရွာ ၉ ခုက ၆၉ ဆောင်၊ မင်းပြားမြို့နယ်မှ ကျေးရွာ ၁ ရွာက ၂၈ ဆောင်၊ မြောက်ဦးမြို့နယ်မှ ကျေးရွာ ၄ ခုက ၂၁ဝ ဆောင်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကျေးရွာ ၈ ခုမှ ၂၅၂ ဆောင် ပုဏ္ဏားကျွန်း၊ အမ်း၊ ကျောက်ဖြူက ကျေးရွာတချို့လည်း မီးလောင်ပျက်စီးခဲ့ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက စာရင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG