သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရေသ့ေတာင္ၿမိဳ႕နယ္ဘက္ စပါးရိတ္သိမ္းခ်ိန္ ပစ္ခတ္လို႔ ထိတ္လန္႔ေနၾက


လက္နက္ႀကီးေၾကာင့္ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကို တိမ္းေရွာင္လာၾကတဲ့ မိုးစဲကြြ်န္းေဒသခံမ်ား (ဓာတ္ပံု - ေမယုထြန္း - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ ပစ္ခတ္မႈေတြရွိေနလို႔ ေဒသခံေတြ သြားလာေနထိုင္ လုပ္ကိုင္ေရးေတြမွာ အခက္အခဲေတြ႔ရသလို စိုးရိမ္ပူပန္ေနၾကပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ စုစည္းတင္ျပထားပါတယ္။

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား ပစ္ခတ္တိုက္ခိုက္မႈ တလနီးပါး ရပ္တန႔္ေနရာကေန အခုရက္ပိုင္းအတြင္း ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ အရပ္သားေတြရွိတဲ့ ေနရာေတြကို လွမ္းပစ္တာေတြ ရွိတဲ့အတြက္ ေက်ာက္ရံ ေမာင္ျဖဴေက်းရြာသားေတြ စပါးရိတ္သိမ္းလို႔ မရဘူးလို႔ ေက်ာက္ရံေက်းရြာသားတဦးက ေျပာပါတယ္။

“အေျခအေနကေတာ့ သူတို႔ကေတာ့ ၿငိမ္းခ်မ္းေရး လုပ္ထားတယ္။ လူထုေတြကေတာ့ ေတာ္ေတာ္ဒုကၡေတြ႔တယ္ဗ်ာ။ စပါးသိမ္းလို႔မရ ေသနတ္ေတြနဲ႔ပစ္တာ။ ေက်ာက္ရံမွာ ဧက ၉၉.၄၀ ရွိတယ္။ အဲဒါကို စပါးရိတ္သိမ္းရင္ ရိတ္တာနဲ႔ အမ်က္ေတာင္နဲ႔ ေရစိုးေခ်ာင္းဗ်ဴဟာကေန ပစ္တာ။ ေက်ာက္ရံရြာနဲ႔ ေမာင္ျဖဴေက်းရြာကို သူတို႔က ပစ္ေနတာ။”

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား ပစ္ခတ္မႈ ရပ္တန္႔ေနစဥ္အခိုက္မွာ စစ္ေရွာင္ေနရာကေန စိုက္ပ်ိဳးထားတဲ့ လယ္ေျမက စပါးရိတ္သိမ္းဖို႔ ေခတၱျပန္လာၾကေပမယ့္ ရိတ္သိမ္းဖို႔ အခြင့္မသာဘူးလို႔ သူကဆိုပါတယ္။

ဒါ့့အျပင္ မၾကာေသးခင္က ဖြင့္ထားတဲ့ ေမယုျမစ္ေၾကာင္းလမ္းကိုလည္း သြားလာေရး တဖန္ကန္႔သတ္ထားတယ္လို႔ ေရဘုတ္ရြာသား ဦးစိန္ျဖဴက ဆိုပါတယ္။

“ဟုတ္တယ္။ ေမယုျမစ္က တားတယ္။ နယ္လုံေထာက္ခံခ်က္ လုိတယ္တို႔ ဘာတို႔ အဲဒီလိုမ်ိဳး ျပန္ျဖစ္ေနတယ္ေပါ့။ ဟိုလအတြင္း နည္းနည္းျပန္ဖြင့္ေပးတာေပါ့။ ေနာက္ အသြားအလာေတြကို ျပန္ကန္႔သတ္လိုက္တာေပါ့။ မသြားရဘူး ျပန္ပိတ္လိုက္တယ္။”

ႏုိဝင္ဘာလ ၁၂ ရက္ေန႔ေနာက္ပိုင္း ေမယုျမစ္ေၾကာင္းလမ္း သြားလာမႈကို တပ္မေတာ္ေရတပ္ကေန ဖြင့္လွစ္ေပးခဲ့ေပမယ့္ အခုတဖန္ ျပန္လည္စိစစ္ ကန္႔သတ္မႈေတြ ျပဳလုပ္လာတာပါ။

အပစ္ရပ္ေနတဲ့ ကာလအတြင္း ျမန္မာ့တပ္မေတာ္အေနနဲ႔ ကုန္းလမ္း၊ ေရလမ္းေတြကေန လက္နက္ခဲယမ္း ရိကၡာေတြကို စုေဆာင္းေနဆဲ အေျခအေနေၾကာင့္ တိုက္ပြဲ ျပန္လည္ျဖစ္ပြားလာမွာကို ေဒသခံေတြ စိုးရိမ္တယ္လို႔ ေရဘုတ္ရြာသား ဦးစိန္ျဖဴက ဆိုပါတယ္။

“အခုက ဒီၾကားထဲမွာက ျမန္မာ့တပ္မေတာ္ကေနၿပီးေတာ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြ စားနပ္ရိကၡာေတြ တအားတင္တာ။ ဒါက ဒုတိယလႈိင္းအတြက္ ျပင္ဆင္ေနၿပီလား သံသယရွိတယ္။ စစ္ပြဲတေက်ာ့ျပန္ေပါ့။”

တပ္မေတာ္က ရခုိင္ျပည္နယ္မွာ ထိုးစစ္ဆင္တာေတြ ရပ္ဆုိင္းထားၿပီး လမ္းတံတား လုံၿခံဳေရးကိုသာ အဓိက ေဆာင္ရြက္ေနတယ္လု႔ိလည္း တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

လုံၿခံဳေရးအတြက္ စိတ္မခ်ရတာေၾကာင့္ ရခုိင္ျပည္နယ္က ေရြးေကာက္ပဲြေတြ မက်င္းပႏုိင္ခဲ့တဲ့ ေနရာေတြမွာ ျပန္လည္က်င္းပႏုိင္မယ့္ အေျခအေနေတြ ဖန္တီးဖုိ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ရဲ႕ ႏုိဝင္ဘာ ၁၂ ရက္ေန႔ ထုတ္ျပန္ခ်က္ကို တပ္မေတာ္က ႀကိဳဆုိလုိက္ၿပီးေနာက္ တုိက္ပဲြေတြ ၿငိမ္သက္လာရာကေန ေနရပ္ျပန္သြားတဲ့ စစ္ေဘးေရွာင္တခ်ဳိ႕လည္း ရွိလာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ မိုးစဲကၽြန္းေဒသက ကံျပင္၊ ေရႊေလာင္းတင္၊ ျမင္းဂန္ေခ်ာင္း၊ ကူေတာင္ စတဲ့ ေမယုျမစ္ကမ္းေဘးက စစ္ေရွာင္ရြာသားေတြ ေနရပ္ျပန္တာရွိေပမယ့္ တိုက္ပြဲအျပင္းအထန္ ျဖစ္ပြားခဲ့ဖူးတဲ့ ေက်ာက္တန္း ထီးစြဲေဒသမွာေတာ့ ေနရပ္ျပန္ႏုိင္ျခင္း မရွိေသးပါဘူး။

တိုက္ပြဲၿငိမ္သက္လို႔ ေနရပ္ကို ျပန္လာၾကည့္႐ႈတာမ်ိဳး ရွိတယ္လို႔လည္း ရေသ့ေတာင္ၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

“ျပန္တဲ့သူေတြက ကိုယ့္ရပ္ရြာနဲ႔ ကိုယ့္အိမ္ကို သြားၾကည့္တာ အေျခအေန၊ တခ်ိဳ႕က်ေတာ့ သူတို႔ စပါးရိတ္ဖို႔ သြားတာ။ ေနတဲ့သူက သိပ္နည္းတယ္။ သူတို႔လိုအပ္ခ်က္က ရြာမွာ ဘာမွမရွိေတာ့ဘူးေလ။ အိမ္ျပင္ဖို႔ သစ္က ဝါးကအစ မရွိဘူး။ ေတာေတာင္သြားဖို႔လည္း ခက္တယ္။ ရြာျပင္သြားဖို႔လည္း မိုင္းေတြကို သူတို႔ ေၾကာက္တာလည္းရွိတယ္။ တခ်ိဳ႕ အိမ္ပ်က္သြားၿပီး လက္နက္ႀကီးက်လို႔ ေနာက္ မီးေလာင္သြားတဲ့အိမ္ မီး႐ႈိ႕ခံရတဲ့အိမ္ ေနာက္ စားစရာ ၾကက္ဝက္ကၽြဲႏြားလည္း ဘာမွမရွိေတာ့ဘူး။”

ႏွစ္ဖက္တပ္ဖြဲ႔အၾကား တိုက္ပြဲရပ္တန္႔ေနတဲ့ အေျခအေနေၾကာင့္ ေနရပ္ျပန္သူေတြ၊ စပါးရိတ္သိမ္းဖို႔ ျပန္တဲ့သူေတြ ရွိတဲ့အတြက္ စစ္ေျပးဒုကၡသည္ အေရအတြက္က အနည္းငယ္ ေလ်ာ့သြားၿပီးေတာ့ ဒီဇင္ဘာလ ၃ ရက္ေန႔အထိဆိုရင္ စစ္ေဘးေရွာင္ဦးေရ ၁၉၀,၀၀၀ ေက်ာ္ရွိတယ္လုိ႔ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ား အစည္းအ႐ုံး (REC) စာရင္းအရ သိရပါတယ္။

အခုႏွစ္ ဒီဇင္ဘာလ ၁ ရက္ကေန ၃၁ ရက္ေန႔အထိ တပ္မေတာ္ဘက္က အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားေပမယ့္ အစိုးရကေန အၾကမ္းဖက္အဖြဲ႔အျဖစ္ သတ္မွတ္ထားတဲ့ AA အဖြဲ႔နဲ႔ ရခိုင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ပလက္ဝေဒသတို႔ မပါဝင္ခဲ့ပါဘူး။

ဒါေပမယ့္ ရခိုင္ျပည္နယ္အတြင္း ေရြးေကာက္ပဲြ က်င္းပႏုိင္ေရး၊ ခက္ခဲတဲ့ေဒသေတြကို ေဆးဝါးရိကၡာ ပို႔ေဆာင္ေရး၊ အျပန္အလွန္ ယုံၾကည္မႈကို ဆက္လက္ထိန္းသိမ္းဖို႔အတြက္ ႏုိဝင္ဘာလ ၂၅ ရက္ေန႔မွာ တပ္မေတာ္ အဆင့္ျမင့္အရာရွိေတြနဲ႔ Online က ေဆြးေႏြးခဲ့ၾကေၾကာင္းနဲ႔ ႏွစ္ဖက္ လူခ်င္းေတြ႔ဆံု ေဆြးေႏြးဖို႔ကို ညႇိႏႈိင္းေနေၾကာင္း AA အဖြဲ႔ကေန ဒီလဆန္းမွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရသေ့တောင်မြို့နယ်ဘက် စပါးရိတ်သိမ်းချိန် ပစ်ခတ်လို့ ထိတ်လန့်နေကြ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ဘက်မှာ ပစ်ခတ်မှုတွေရှိနေလို့ ဒေသခံတွေ သွားလာနေထိုင် လုပ်ကိုင်ရေးတွေမှာ အခက်အခဲတွေ့ရသလို စိုးရိမ်ပူပန်နေကြပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် စုစည်းတင်ပြထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ပစ်ခတ်တိုက်ခိုက်မှု တလနီးပါး ရပ်တန့်နေရာကနေ အခုရက်ပိုင်းအတွင်း ရသေ့တောင်မြို့နယ်ဘက်မှာ အရပ်သားတွေရှိတဲ့ နေရာတွေကို လှမ်းပစ်တာတွေ ရှိတဲ့အတွက် ကျောက်ရံ မောင်ဖြူကျေးရွာသားတွေ စပါးရိတ်သိမ်းလို့ မရဘူးလို့ ကျောက်ရံကျေးရွာသားတဦးက ပြောပါတယ်။

“အခြေအနေကတော့ သူတို့ကတော့ ငြိမ်းချမ်းရေး လုပ်ထားတယ်။ လူထုတွေကတော့ တော်တော်ဒုက္ခတွေ့တယ်ဗျာ။ စပါးသိမ်းလို့မရ သေနတ်တွေနဲ့ပစ်တာ။ ကျောက်ရံမှာ ဧက ၉၉.၄၀ ရှိတယ်။ အဲဒါကို စပါးရိတ်သိမ်းရင် ရိတ်တာနဲ့ အမျက်တောင်နဲ့ ရေစိုးချောင်းဗျူဟာကနေ ပစ်တာ။ ကျောက်ရံရွာနဲ့ မောင်ဖြူကျေးရွာကို သူတို့က ပစ်နေတာ။”

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား ပစ်ခတ်မှု ရပ်တန့်နေစဉ်အခိုက်မှာ စစ်ရှောင်နေရာကနေ စိုက်ပျိုးထားတဲ့ လယ်မြေက စပါးရိတ်သိမ်းဖို့ ခေတ္တပြန်လာကြပေမယ့် ရိတ်သိမ်းဖို့ အခွင့်မသာဘူးလို့ သူကဆိုပါတယ်။

ဒါ့အပြင် မကြာသေးခင်က ဖွင့်ထားတဲ့ မေယုမြစ်ကြောင်းလမ်းကိုလည်း သွားလာရေး တဖန်ကန့်သတ်ထားတယ်လို့ ရေဘုတ်ရွာသား ဦးစိန်ဖြူက ဆိုပါတယ်။

“ဟုတ်တယ်။ မေယုမြစ်က တားတယ်။ နယ်လုံထောက်ခံချက် လိုတယ်တို့ ဘာတို့ အဲဒီလိုမျိုး ပြန်ဖြစ်နေတယ်ပေါ့။ ဟိုလအတွင်း နည်းနည်းပြန်ဖွင့်ပေးတာပေါ့။ နောက် အသွားအလာတွေကို ပြန်ကန့်သတ်လိုက်တာပေါ့။ မသွားရဘူး ပြန်ပိတ်လိုက်တယ်။”

နိုဝင်ဘာလ ၁၂ ရက်နေ့နောက်ပိုင်း မေယုမြစ်ကြောင်းလမ်း သွားလာမှုကို တပ်မတော်ရေတပ်ကနေ ဖွင့်လှစ်ပေးခဲ့ပေမယ့် အခုတဖန် ပြန်လည်စိစစ် ကန့်သတ်မှုတွေ ပြုလုပ်လာတာပါ။

အပစ်ရပ်နေတဲ့ ကာလအတွင်း မြန်မာ့တပ်မတော်အနေနဲ့ ကုန်းလမ်း၊ ရေလမ်းတွေကနေ လက်နက်ခဲယမ်း ရိက္ခာတွေကို စုဆောင်းနေဆဲ အခြေအနေကြောင့် တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်တယ်လို့ ရေဘုတ်ရွာသား ဦးစိန်ဖြူက ဆိုပါတယ်။

“အခုက ဒီကြားထဲမှာက မြန်မာ့တပ်မတော်ကနေပြီးတော့ လက်နက်ခဲယမ်းမီးကျောက်တွေ စားနပ်ရိက္ခာတွေ တအားတင်တာ။ ဒါက ဒုတိယလှိုင်းအတွက် ပြင်ဆင်နေပြီလား သံသယရှိတယ်။ စစ်ပွဲတကျော့ပြန်ပေါ့။”

တပ်မတော်က ရခိုင်ပြည်နယ်မှာ ထိုးစစ်ဆင်တာတွေ ရပ်ဆိုင်းထားပြီး လမ်းတံတား လုံခြုံရေးကိုသာ အဓိက ဆောင်ရွက်နေတယ်လု့ိလည်း တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လုံခြုံရေးအတွက် စိတ်မချရတာကြောင့် ရခိုင်ပြည်နယ်က ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့တဲ့ နေရာတွေမှာ ပြန်လည်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ကို တပ်မတော်က ကြိုဆိုလိုက်ပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်လာရာကနေ နေရပ်ပြန်သွားတဲ့ စစ်ဘေးရှောင်တချို့လည်း ရှိလာပါတယ်။

ရသေ့တောင်မြို့နယ် မိုးစဲကျွန်းဒေသက ကံပြင်၊ ရွှေလောင်းတင်၊ မြင်းဂန်ချောင်း၊ ကူတောင် စတဲ့ မေယုမြစ်ကမ်းဘေးက စစ်ရှောင်ရွာသားတွေ နေရပ်ပြန်တာရှိပေမယ့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ဖူးတဲ့ ကျောက်တန်း ထီးစွဲဒေသမှာတော့ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။

တိုက်ပွဲငြိမ်သက်လို့ နေရပ်ကို ပြန်လာကြည့်ရှုတာမျိုး ရှိတယ်လို့လည်း ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ပြန်တဲ့သူတွေက ကိုယ့်ရပ်ရွာနဲ့ ကိုယ့်အိမ်ကို သွားကြည့်တာ အခြေအနေ၊ တချို့ကျတော့ သူတို့ စပါးရိတ်ဖို့ သွားတာ။ နေတဲ့သူက သိပ်နည်းတယ်။ သူတို့လိုအပ်ချက်က ရွာမှာ ဘာမှမရှိတော့ဘူးလေ။ အိမ်ပြင်ဖို့ သစ်က ဝါးကအစ မရှိဘူး။ တောတောင်သွားဖို့လည်း ခက်တယ်။ ရွာပြင်သွားဖို့လည်း မိုင်းတွေကို သူတို့ ကြောက်တာလည်းရှိတယ်။ တချို့ အိမ်ပျက်သွားပြီး လက်နက်ကြီးကျလို့ နောက် မီးလောင်သွားတဲ့အိမ် မီးရှို့ခံရတဲ့အိမ် နောက် စားစရာ ကြက်ဝက်ကျွဲနွားလည်း ဘာမှမရှိတော့ဘူး။”

နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲရပ်တန့်နေတဲ့ အခြေအနေကြောင့် နေရပ်ပြန်သူတွေ၊ စပါးရိတ်သိမ်းဖို့ ပြန်တဲ့သူတွေ ရှိတဲ့အတွက် စစ်ပြေးဒုက္ခသည် အရေအတွက်က အနည်းငယ် လျော့သွားပြီးတော့ ဒီဇင်ဘာလ ၃ ရက်နေ့အထိဆိုရင် စစ်ဘေးရှောင်ဦးရေ ၁၉၀,၀၀၀ ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) စာရင်းအရ သိရပါတယ်။

အခုနှစ် ဒီဇင်ဘာလ ၁ ရက်ကနေ ၃၁ ရက်နေ့အထိ တပ်မတော်ဘက်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားပေမယ့် အစိုးရကနေ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပလက်ဝဒေသတို့ မပါဝင်ခဲ့ပါဘူး။

ဒါပေမယ့် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ ခက်ခဲတဲ့ဒေသတွေကို ဆေးဝါးရိက္ခာ ပို့ဆောင်ရေး၊ အပြန်အလှန် ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းဖို့အတွက် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ တပ်မတော် အဆင့်မြင့်အရာရှိတွေနဲ့ Online က ဆွေးနွေးခဲ့ကြကြောင်းနဲ့ နှစ်ဖက် လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ကို ညှိနှိုင်းနေကြောင်း AA အဖွဲ့ကနေ ဒီလဆန်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG