[Zawgyi/Unicode]
ျမန္မာႏုိင္ငံက တင္ပို႔တဲ့ ေရထြက္ကုန္ပစၥည္းေတြကုိ ကုိဗစ္ေရာဂါပိုး ကင္းရွင္းေၾကာင္း အေထာက္အထားပါမွသာ တင္သြင္းခြင့္ျပဳဖုိ႔ တ႐ုတ္ႏုိင္ငံက ကန္႔သတ္လုိက္တဲ့အတြက္ ျမန္မာကုန္သည္ေတြ အခက္ႀကံဳေနတဲ့အေၾကာင္း တင္ျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။
ျမန္မာ့ေရထြက္ကုန္ေတြအားလုံး ကိုဗစ္ေရာဂါ ဓာတ္ခြဲစစ္ေဆးဖို႔နဲ႔ သတ္မွတ္ထားတဲ့ သီးသန႔္သိုေလွာင္ခန္းေတြနဲ႔ ပို႔ေဆာင္ဖို႔ တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္ တယ္ဟုတ္ျပည္နယ္ခြဲ တာဝန္ရွိသူေတြက ညႊန္ၾကားခ်က္ ထုတ္ျပန္လုိက္တဲ့အတြက္ ျမန္မာကုန္သည္ေတြ အခက္အခဲ ႀကံဳေနရတာ ျဖစ္ပါတယ္။ ဒီကိစၥအတြက္ ျမန္မာႏုိင္ငံက ကုန္သည္ေတြနဲ႔ လုပ္ငန္းရွင္ေတြ ေဆြးေႏြးတုိင္ပင္ဖုိ႔ စီစဥ္ထားေၾကာင္းလည္း မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္တာဝန္ခံ ဦးမင္းေအာင္ေအးက ဗြီအိုေအကို ေျပာပါတယ္။
“မနက္ျဖန္ေတာ့ က်ေနာ္က ငါးဦးစီးတို႔ ေရထြက္ကုန္လုပ္တဲ့ အေအးခန္းကုမၸဏီကို က်ေနာ္က အစည္းအေဝးေခၚဖို႔ ျပင္ထားတယ္။ လက္ရွိ ဟိုဘက္က တ႐ုတ္ႏိုင္ငံဘက္က ဘာေတြေတာင္းဆိုတာလဲ၊ ဘာလို႔ေအးခဲငါးေတြ ပို႔လို႔မရတာလဲဆိုတာ က်ေနာ္တို႔ဒါကို meeting ေလးလုပ္ဖို႔ ရွိတယ္။ ဘာအခက္အခဲရွိလဲ တ႐ုတ္ဘက္၊ ျမန္မာဘက္၊ ဒါကိုယ့္ဌာနခ်င္း ေဆြးေႏြးဖို႔ က်ေနာ္တို႔ စီစဥ္ထားတယ္။”
ေအးခဲထားတဲ့ စားေသာက္ကုန္ေတြကေန ကုိဗစ္ေရာဂါပုိး ကူးစက္ႏုိင္ေျခ နည္းပါးတယ္လုိ႔ ကမာၻ႔က်န္းမာေရးအဖဲြ႔ (WHO) က ေျပာဆုိထားေပမဲ့ တ႐ုတ္ႏုိင္ငံကေတာ့ ျပည္ပကတင္ပုိ႔တဲ့ သား၊ ငါး၊ စားေသာက္ကုန္ေတြကုိ တင္းတင္းၾကပ္ၾကပ္ စစ္ေဆးေနပါတယ္။ ျမန္မာႏိုင္ငံ ေရထြက္ကုန္ပစၥည္း ထုတ္လုပ္သူမ်ားႏွင့္ ပို႔ကုန္လုပ္ငန္းရွင္မ်ားအသင္း အတြင္းေရးမႉး ဦးမ်ိဳးၫႊန႔္ကေတာ့ တ႐ုတ္အာဏာပုိင္ေတြရဲ႕ ေတာင္းဆုိခ်က္ဟာ ခုိင္မာမႈမရွိဘူးလုိ႔ ေျပာပါတယ္။
“တ႐ုတ္ျပည္မွာ product မွာ ကို႐ိုနာဗိုင္းရပ္စ္ packaging ေပၚမွာ coronavirus ေတြ႕တယ္ဆိုတာ က်ေနာ္ေလ့လာမိသေလာက္ ရွင္းျပရရင္ ဘယ္တိုင္းျပည္မွာမွ အဲဒီလို case မ်ိဳး မေတြ႕ဖူးဘူး။ ေရထြက္ပစၥည္းမွာဆိုရင္ ေရထြက္ပစၥည္းကုန္ကေန ကူးဖို႔ရာ သိပ္အေၾကာင္းမျမင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ WHO ကလည္းဒါကို evidence (သက္ေသျပဖို႔) မရွိဘူးလို႔ ေျပာထားတယ္။”
ယူနန္ျပည္နယ္ အာဏာပုိင္ေတြကေတာ့ ျမန္မာႏုိင္ငံက ေရထြက္ကုန္ေတြကို ဒီဇင္ဘာလ ၆ ရက္ကစၿပီး စစ္ေဆးၾကပ္မတ္ဖို႔ ညႊန္ၾကားထားပါတယ္။
မူဆယ္- နမ့္ခမ္း နယ္စပ္ကုန္သည္မ်ားအသင္း ဗဟိုအလုပ္အမႈေဆာင္နဲ႔ ကဏန္း လုပ္ငန္းရွင္မ်ားအသင္း တာဝန္ရွိသူလည္းျဖစ္တဲ့ ဦးထြန္းလင္းစိုးကေတာ့ တ႐ုတ္အာဏာပုိင္ေတြရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ျမန္မာကုန္သည္ေတြအတြက္ အခက္အခဲေတြ ႀကံဳေနရတယ္လုိ႔ ဗြီအိုေအကိုေျပာပါတယ္။
“တ႐ုတ္ဘက္ကေတာ့ က်ေနာ္တို႔ ကဏန္းနဲ႔ ပတ္သက္တဲ့ ပစၥည္းေတြကိုေတာ့ ကိုဗစ္ကင္းရွင္းေၾကာင္း ေထာက္ခံခ်က္ဆိုၿပီး အဲလိုေတာင္းတာေပါ့။ ပထမအႀကိမ္တုန္းကေတာ့ ငါးဦးစီးရဲ႕ ေရာဂါပိုးမႊား ကင္းရွင္းေၾကာင္းဆိုၿပီးေတာ့ ေတာင္းတာ။ ေနာက္ပိုင္းက် ျပန္ၿပီး ေျပာင္းလဲသြားတယ္။ ငါးဦးစီးရဲ႕ ေရာဂါကင္းရွင္းေၾကာင္းကို မရေတာ့ဘူး။ ကိုဗစ္ကင္းရွင္းေၾကာင္းဆိုၿပီး ေတာင္းတာ။ ေတာင္းေတာ့ အေတာ္ေလး အၾကပ္႐ိုက္တာေပါ့ဗ်ာ၊ လူေတြေတာင္မွ မေပးႏိုင္တဲ့ အေနအထားမ်ိဳးဆိုေတာ့။”
တ႐ုတ္အာဏာပုိင္ေတြရဲ႕ ကန္႔သတ္ခ်က္အသစ္နဲ႔ ပတ္သက္လို႔ ျမန္မာႏုိင္ငံက ျပည္နယ္နဲ႔တိုင္း ငါးဦးစီးတာဝန္ရွိသူေတြနဲ႔ ေရထြက္ကုန္လုပ္ငန္းရွင္ေတြရဲ႕ ဒီေန႔အစည္းအေဝးမွာ ေဆြးေႏြးခ့ဲတယ္လုိ႔လည္းေျပာပါတယ္။
ျမန္မာႏိုင္ငံဟာ တ႐ုတ္နဲ႔ ထိုင္းႏိုင္ငံကို နယ္စပ္ကေန ေရထြက္ကုန္ပစၥည္း အမ်ားဆုံး တင္ပို႔ေနတာပါ။ ျမန္မာကုန္သြယ္ေရး ဝန္ႀကီးဌာနရဲ႕ စာရင္းအရ ျပည္ပကို ေရထြက္ကုန္တင္ပို႔ႏိုင္တဲ့ ပမာဏဟာ ၂၀၁၉- ၂၀၂၀ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ သန္းေပါင္း ၈၅၈.၉ ေက်ာ္ရွိၿပီး အဲဒီအထဲက သန္း ၅၀၀ ေက်ာ္ဟာ နယ္စပ္ကုန္သြယ္ေရးက ရခဲ့တာပါ။
ျမန္မာႏုိင္ငံမွာ မၾကာေသးခင္လေတြကစလုိ႔ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာရာက ေသဆုံးသူ ၂,၀၀၀ ေက်ာ္နဲ႔ ကူးစက္မႈဟာ တ႐ုတ္ႏုိင္ငံထက္ေတာင္ ပုိမ်ားၿပီး ၁၀၀,၀၀၀ ေက်ာ္ ရွိလာရာက တ႐ုတ္ႏုိင္ငံဘက္ကလည္း နယ္စပ္ကုန္သြယ္ေရးနဲ႔ သြားလာ၀င္ထြက္တာေတြကုိ ကန္႔သတ္လာေနတာ ျဖစ္ပါတယ္။
[Unicode Version]
မြန်မာ့ရေထွက်ကုန်တွေ ကိုဗစ်ကင်းရှင်းကြောင်းပါမှ တရုတ်လက်ခံမယ်
မြန်မာနိုင်ငံက တင်ပို့တဲ့ ရေထွက်ကုန်ပစ္စည်းတွေကို ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း အထောက်အထားပါမှသာ တင်သွင်းခွင့်ပြုဖို့ တရုတ်နိုင်ငံက ကန့်သတ်လိုက်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်ကြုံနေတဲ့အကြောင်း တင်ပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။
မြန်မာ့ရေထွက်ကုန်တွေအားလုံး ကိုဗစ်ရောဂါ ဓာတ်ခွဲစစ်ဆေးဖို့နဲ့ သတ်မှတ်ထားတဲ့ သီးသန့်သိုလှောင်ခန်းတွေနဲ့ ပို့ဆောင်ဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုတ်ပြည်နယ်ခွဲ တာဝန်ရှိသူတွေက ညွှန်ကြားချက် ထုတ်ပြန်လိုက်တဲ့အတွက် မြန်မာကုန်သည်တွေ အခက်အခဲ ကြုံနေရတာ ဖြစ်ပါတယ်။ ဒီကိစ္စအတွက် မြန်မာနိုင်ငံက ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေ ဆွေးနွေးတိုင်ပင်ဖို့ စီစဉ်ထားကြောင်းလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ ဦးမင်းအောင်အေးက ဗွီအိုအေကို ပြောပါတယ်။
“မနက်ဖြန်တော့ ကျနော်က ငါးဦးစီးတို့ ရေထွက်ကုန်လုပ်တဲ့ အအေးခန်းကုမ္ပဏီကို ကျနော်က အစည်းအဝေးခေါ်ဖို့ ပြင်ထားတယ်။ လက်ရှိ ဟိုဘက်က တရုတ်နိုင်ငံဘက်က ဘာတွေတောင်းဆိုတာလဲ၊ ဘာလို့အေးခဲငါးတွေ ပို့လို့မရတာလဲဆိုတာ ကျနော်တို့ဒါကို meeting လေးလုပ်ဖို့ ရှိတယ်။ ဘာအခက်အခဲရှိလဲ တရုတ်ဘက်၊ မြန်မာဘက်၊ ဒါကိုယ့်ဌာနချင်း ဆွေးနွေးဖို့ ကျနော်တို့ စီစဉ်ထားတယ်။”
အေးခဲထားတဲ့ စားသောက်ကုန်တွေကနေ ကိုဗစ်ရောဂါပိုး ကူးစက်နိုင်ခြေ နည်းပါးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောဆိုထားပေမဲ့ တရုတ်နိုင်ငံကတော့ ပြည်ပကတင်ပို့တဲ့ သား၊ ငါး၊ စားသောက်ကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမျိုးညွှန့်ကတော့ တရုတ်အာဏာပိုင်တွေရဲ့ တောင်းဆိုချက်ဟာ ခိုင်မာမှုမရှိဘူးလို့ ပြောပါတယ်။
“တရုတ်ပြည်မှာ product မှာ ကိုရိုနာဗိုင်းရပ်စ် packaging ပေါ်မှာ coronavirus တွေ့တယ်ဆိုတာ ကျနော်လေ့လာမိသလောက် ရှင်းပြရရင် ဘယ်တိုင်းပြည်မှာမှ အဲဒီလို case မျိုး မတွေ့ဖူးဘူး။ ရေထွက်ပစ္စည်းမှာဆိုရင် ရေထွက်ပစ္စည်းကုန်ကနေ ကူးဖို့ရာ သိပ်အကြောင်းမမြင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ WHO ကလည်းဒါကို evidence (သက်သေပြဖို့) မရှိဘူးလို့ ပြောထားတယ်။”
ယူနန်ပြည်နယ် အာဏာပိုင်တွေကတော့ မြန်မာနိုင်ငံက ရေထွက်ကုန်တွေကို ဒီဇင်ဘာလ ၆ ရက်ကစပြီး စစ်ဆေးကြပ်မတ်ဖို့ ညွှန်ကြားထားပါတယ်။
မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်း ဗဟိုအလုပ်အမှုဆောင်နဲ့ ကဏန်း လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူလည်းဖြစ်တဲ့ ဦးထွန်းလင်းစိုးကတော့ တရုတ်အာဏာပိုင်တွေရဲ့ ဆုံးဖြတ်ချက်ကြောင့် မြန်မာကုန်သည်တွေအတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဗွီအိုအေကိုပြောပါတယ်။
“တရုတ်ဘက်ကတော့ ကျနော်တို့ ကဏန်းနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုတော့ ကိုဗစ်ကင်းရှင်းကြောင်း ထောက်ခံချက်ဆိုပြီး အဲလိုတောင်းတာပေါ့။ ပထမအကြိမ်တုန်းကတော့ ငါးဦးစီးရဲ့ ရောဂါပိုးမွှား ကင်းရှင်းကြောင်းဆိုပြီးတော့ တောင်းတာ။ နောက်ပိုင်းကျ ပြန်ပြီး ပြောင်းလဲသွားတယ်။ ငါးဦးစီးရဲ့ ရောဂါကင်းရှင်းကြောင်းကို မရတော့ဘူး။ ကိုဗစ်ကင်းရှင်းကြောင်းဆိုပြီး တောင်းတာ။ တောင်းတော့ အတော်လေး အကြပ်ရိုက်တာပေါ့ဗျာ၊ လူတွေတောင်မှ မပေးနိုင်တဲ့ အနေအထားမျိုးဆိုတော့။”
တရုတ်အာဏာပိုင်တွေရဲ့ ကန့်သတ်ချက်အသစ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ပြည်နယ်နဲ့တိုင်း ငါးဦးစီးတာဝန်ရှိသူတွေနဲ့ ရေထွက်ကုန်လုပ်ငန်းရှင်တွေရဲ့ ဒီနေ့အစည်းအဝေးမှာ ဆွေးနွေးခဲ့တယ်လို့လည်းပြောပါတယ်။
မြန်မာနိုင်ငံဟာ တရုတ်နဲ့ ထိုင်းနိုင်ငံကို နယ်စပ်ကနေ ရေထွက်ကုန်ပစ္စည်း အများဆုံး တင်ပို့နေတာပါ။ မြန်မာကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ စာရင်းအရ ပြည်ပကို ရေထွက်ကုန်တင်ပို့နိုင်တဲ့ ပမာဏဟာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၅၈.၉ ကျော်ရှိပြီး အဲဒီအထဲက သန်း ၅၀၀ ကျော်ဟာ နယ်စပ်ကုန်သွယ်ရေးက ရခဲ့တာပါ။
မြန်မာနိုင်ငံမှာ မကြာသေးခင်လတွေကစလို့ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာရာက သေဆုံးသူ ၂,၀၀၀ ကျော်နဲ့ ကူးစက်မှုဟာ တရုတ်နိုင်ငံထက်တောင် ပိုများပြီး ၁၀၀,၀၀၀ ကျော် ရှိလာရာက တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ကုန်သွယ်ရေးနဲ့ သွားလာဝင်ထွက်တာတွေကို ကန့်သတ်လာနေတာ ဖြစ်ပါတယ်။