သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ဖရဲ အေရွ႕အလယ္ပိုင္းေစ်းကြက္ ပို႔ႏိုင္ေတာ့မယ္


 ျမန္မာႏုိင္ငံထြက္ ဖရဲသီးမ်ား။ (ႏိုဝင္ဘာ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

တ႐ုတ္ႏုိင္ငံကုိ အဓိကထားတင္ပို႔ေနတဲ့ ျမန္မာႏုိင္ငံထြက္ ဖရဲသီးေတြကုိ အေစာဆုံးေရွ႕လဆန္းကစၿပီး အေရွ႕အလယ္ပိုင္းႏိုင္ငံေတြကုိ တင္ပို႔ဖုိ႔ ျပင္ဆင္ေနတဲ့အေၾကာင္း ေျပာျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံကထြက္တဲ့ ဖရဲသီးကို အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE နဲ႔ ကာတာႏိုင္ငံေတြ အပါအ၀င္ အေရွ႕အလယ္ပုိင္းေဒသကို အခုလာမယ့္ ဒီဇင္ဘာ ပထမအပတ္မွာ စၿပီးတင္ပို႔သြားေတာ့မွာပါ။ အေရွ႕အလယ္ပိုင္းေစ်းကြက္ကို ဒါ ပထမဦးဆုံး တင္ပို႔တာျဖစ္ၿပီး တ႐ုတ္ႏုိင္ငံ ယူနန္ျပည္နယ္အျပင္ ေစ်းကြက္သစ္ေတြကုိပါ တင္ပုိ႔မယ့္ အစီအစဥ္ျဖစ္တယ္လုိ႔လည္း ျမန္မာႏိုင္ငံ ဖရဲ၊ သခြားေမႊး စိုက္ပ်ိဳး၊ ထုတ္လုပ္၊ တင္ပို႔၊ ေရာင္းခ်သူမ်ားအသင္း ဥကၠ႒ ဦးႏိုင္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

ျမန္မာႏုိင္ငံထြက္ ဖရဲသီးမ်ား။ (ႏိုဝင္ဘာ ၂၅၊ ၂၀၂၀)
ျမန္မာႏုိင္ငံထြက္ ဖရဲသီးမ်ား။ (ႏိုဝင္ဘာ ၂၅၊ ၂၀၂၀)

“သူတို႔က်ေနာ္တို႔ကို ၆ ရက္ေန႔ စတင္ခိုင္းပါတယ္ ခင္ဗ်။ က်ေနာ္တို႔ ဒူဘိုင္းကို စတင္မယ္ အဲဒီကေန ကာတာႏိုင္ငံကို ဆက္ၿပီးေတာ့ ျဖန႔္ပါမယ္ခင္ဗ်။ ႏိုင္ငံတႏိုင္ငံတည္းထက္စာရင္ ႏိုင္ငံအမ်ားႀကီးကို ပို႔ရတာ ပိုအဆင္ေျပတာေပါ့၊ ပိုေကာင္းတာေပါ့ေလ။ ဒီဘက္က မေကာင္းရင္ ဟိုဘက္ သြားလို႔ရတယ္၊ ဟိုဘက္မေကာင္းရင္ ဒီဘက္ သြားလို႔ရတယ္ေလ။”

ဖရဲအမ်ိဳးအစား ၄ မ်ိဳးေလာက္ရွိတဲ့အထဲက အေစ့လြတ္ဖရဲကို အရင္ဆုံးတင္ပုိ႔မွာျဖစ္ၿပီး၊ အခုတင္ပုိ႔ဖုိ႔ စီစဥ္ထားတဲ့ ႏုိင္ငံေတြဟာ တင္းၾကပ္တဲ့ ကုန္သြယ္ေရး စည္းမ်ဥ္းစည္းကမ္းေတြ မရွိဘူးလုိ႔လည္း သူကေျပာပါတယ္။

ျမန္မာႏုိင္ငံက ဖရဲစုိက္ပ်ဳိးေရးလုပ္ငန္းေတြမွာေတာ့ ၿပီးခဲ့တဲႏွစ္အထိ တ႐ုတ္ႏုိင္ငံသားေတြ လာေရာက္ရင္းႏွီးျမွဳပ္ႏွံခဲ့ၾကေပမဲ့ နယ္စပ္မွာ ေစ်းကြက္ပ်က္ၿပီး အရႈံးေပၚလို႔ ဒီႏွစ္ေတာ့ လာစိုက္သူ မရွိသေလာက္ပါ။ ကိုဗစ္ကပ္ေရာဂါနဲ႔ ႀကံဳရတဲ့အတြက္လည္း အေရာင္းအ၀ယ္ေတြ ထိခုိက္ခဲ့ရသလုိ၊ ျမန္မာေတာင္သူေတြ မစိုက္ႏိုင္လို႔ ဒီႏွစ္ စိုက္ဧကက မႏွစ္ကထက္ တဝက္ေလာက္ ေလ်ာ့သြားၿပီး ခန္႔မွန္းေျခ စုိက္ဧက ၅၀,၀၀၀ ေလာက္သာပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ဖရဲသီးေစ်းက ေကာင္းေနၿပီး တတန္ကို ၇,၀၀၀ ေပါက္ေနတာမို႔ ႏွစ္ေပါင္း ၃၀ အတြင္းမွာ အျမင့္ဆုံးေစ်းနဲ႔ ရေနေၾကာင္း ဦးႏိုင္ဝင္းက ေျပာပါတယ္။

ျမန္မာႏုိင္ငံထြက္ ဖရဲသီးေတြကို ပုံမွန္အားျဖင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ကုန္သြယ္ေရးဇုန္ကေန တ႐ုတ္ႏုိင္ငံ၊ ယူနန္ျပည္နယ္ကို တင္ပို႔ေလ့ရွိေပမဲ့ မၾကာခဏဆိုသလို ေျပာင္းလဲတဲ့ ကုန္သြယ္ေရး စည္းကမ္းခ်က္ေတြေၾကာင့္ နစ္နာမႈေတြ ရွိတယ္လုိ႔လည္း ျမန္မာကုန္သည္ေတြက ေျပာပါတယ္။ ဒါေၾကာင့္လည္း နယ္စပ္ကုန္သြယ္ေရးမွာ ရင္ဆုိင္ေနရတဲ့ အခက္အခဲေတြကုိ ေရြးေကာက္ပဲြေနာက္ပုိင္း ေပၚေပါက္လာမယ့္ အစုိးရသစ္က အာ႐ုံစုိက္ဖုိ႔ ေမွ်ာ္လင့္တယ္လုိ႔လည္း မူဆယ္နမ့္ခမ္း နယ္စပ္ကုန္သည္မ်ားအသင္း ဗဟိုအလုပ္အမႈေဆာင္နဲ႔ သစ္သီးဝလံ ကုန္စည္ဒိုင္ ဒုဥကၠ႒ျဖစ္တဲ့ စိုင္းခင္ေမာင္က ေျပာပါတယ္။

“အခုေလာေလာဆယ္ သစ္သီးကသြားေနတဲ့ က်င္စန္းေၾကာ့လမ္းပိုင္းမွာဆိုရင္ MoU မထိုးရေသးဘူး။ ဒါေပမဲ့ တ႐ုတ္ဘက္မွာ သူ႔ရဲ႕ အေျခခံအေဆာက္အအုံ ေတာ္ေတာ္မ်ားမ်ား ၿပီးစီးေနၿပီ။ ဖြင့္ဖို႔လည္း အဆင္သင့္ျဖစ္ေနၿပီ၊ က်ေနာ္တို႔ဘက္မွာက်ေတာ့ အဲဒီအေျခခံ အေဆာက္အအုံေတြ၊ လုံၿခဳံေရးစနစ္ေတြ မတည္ေဆာက္ရေသးတဲ့ ပုံစံမ်ိဳးျဖစ္ေနတယ္။၊ ဒီေစ်းကြက္ေတြ ခိုင္မာဖို႔ ဥေရာပႏိုင္ငံေစ်းကြက္၊ တတိယႏိုင္ငံေစ်းကြက္ေတြလည္း အားေပးအားေျမႇာက္ လုပ္သင့္တာေပါ့ေလေနာ္။ ဒါေပမဲ့ အခုေသခ်ာတာေတာ့ ေလာေလာဆယ္ လက္ဆုပ္လက္ကိုင္ ကိုင္ထားတဲ့ နယ္စပ္ကုန္သြယ္ေရး ေစ်းကြက္ကိုေတာ့ ဘယ္လိုမွ လ်စ္လ်ဴရႈလို႔မရေသးတဲ့ အေနအထားေပါ့။ ဒီအေဆာက္အအုံကို ပိုၿပီးခိုင္မာေအာင္ လုပ္ရမယ္။”

လက္ရွိမွာေတာ့ တ႐ုတ္ အေကာက္ခြန္ဌာနစာရင္းမွာ တရားဝင္ထည့္သြင္းထားတဲ့ သစ္သီးဝလံ အမ်ိဳးအစားပဲ ျမန္မာဘက္က တင္သြင္းခြင့္ရွိပါတယ္။ တ႐ုတ္ကုမၸဏီနဲ႔ ျမန္မာေတာင္သူေတြၾကား ခ်ဳပ္ဆိုတဲ့စာခ်ဳပ္၊ ပိုးမႊားဓာတု ကင္းစင္ေၾကာင္းလက္မွတ္၊ စိုက္ပ်ိဳးၿခံထြက္ကုန္ အေထာက္အထားေတြကိုလည္း ေပက်င္းၿမိဳ႕ေတာ္က အေကာက္ခြန္ဌာနအထိ တင္ျပရတာပါ။ ျမန္မာႏုိင္ငံက စုိက္ပ်ဳိးထြက္ကုန္ေတြအတြက္ ဥေရာပအပါအ၀င္ ေစ်းကြက္သစ္ေတြကုိ တုိးႏုိင္ဖုိ႔ လုိအပ္ေနသလုိ၊ ျပည္ပေစ်းကြက္နဲ႔မီမယ့္ စံခ်ိန္စံညႊန္းနဲ႔ ကုိက္ညီေအာင္လည္း ျမန္မာေတာင္သူေတြက ျပင္ဆင္ထားဖို႔ လုိအပ္လိမ့္မယ္လုိ႔ ကုန္သည္ေတြက ေျပာပါတယ္။

စုိက္ပ်ဳိးေရး ထြက္ကုန္ေတြ အဓိကပါ၀င္တဲ့ ျမန္မာႏုိင္ငံက တင္ပုိ႔ကုန္ ပမာဏဟာ ၂၀၁၉ ေအာက္တိုဘာကေန ၂၀၂၀ စက္တင္ဘာလအထိ အေမရိကန္ေဒၚလာ သန္း ၅,၄၀၀ ေက်ာ္နဲ႔ အမ်ားဆုံးျဖစ္ၿပီး ထိုင္းႏိုင္ငံကုိ တင္ပုိ႔တဲ့ ပမာဏကေတာ့ အေမရိကန္ေဒၚလာ သန္း ၃,၀၀၀ ေက်ာ္နဲ႔ ဒုတိယ အမ်ားဆုံး ျဖစ္တယ္လုိ႔လည္း ျမန္မာႏုိင္ငံ ကုန္သြယ္ေရး၀န္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့ဖရဲ အရှေ့အလယ်ပိုင်းဈေးကွက် ပို့နိုင်တော့မယ်

တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေတဲ့ မြန်မာနိုင်ငံထွက် ဖရဲသီးတွေကို အစောဆုံးရှေ့လဆန်းကစပြီး အရှေ့အလယ်ပိုင်းနိုင်ငံတွေကို တင်ပို့ဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကထွက်တဲ့ ဖရဲသီးကို အာရပ်စော်ဘွားများပြည်ထောင်စု UAE နဲ့ ကာတာနိုင်ငံတွေ အပါအဝင် အရှေ့အလယ်ပိုင်းဒေသကို အခုလာမယ့် ဒီဇင်ဘာ ပထမအပတ်မှာ စပြီးတင်ပို့သွားတော့မှာပါ။ အရှေ့အလယ်ပိုင်းဈေးကွက်ကို ဒါ ပထမဦးဆုံး တင်ပို့တာဖြစ်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်အပြင် ဈေးကွက်သစ်တွေကိုပါ တင်ပို့မယ့် အစီအစဉ်ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့၊ ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“သူတို့ကျနော်တို့ကို ၆ ရက်နေ့ စတင်ခိုင်းပါတယ် ခင်ဗျ။ ကျနော်တို့ ဒူဘိုင်းကို စတင်မယ် အဲဒီကနေ ကာတာနိုင်ငံကို ဆက်ပြီးတော့ ဖြန့်ပါမယ်ခင်ဗျ။ နိုင်ငံတနိုင်ငံတည်းထက်စာရင် နိုင်ငံအများကြီးကို ပို့ရတာ ပိုအဆင်ပြေတာပေါ့၊ ပိုကောင်းတာပေါ့လေ။ ဒီဘက်က မကောင်းရင် ဟိုဘက် သွားလို့ရတယ်၊ ဟိုဘက်မကောင်းရင် ဒီဘက် သွားလို့ရတယ်လေ။”

ဖရဲအမျိုးအစား ၄ မျိုးလောက်ရှိတဲ့အထဲက အစေ့လွတ်ဖရဲကို အရင်ဆုံးတင်ပို့မှာဖြစ်ပြီး၊ အခုတင်ပို့ဖို့ စီစဉ်ထားတဲ့ နိုင်ငံတွေဟာ တင်းကြပ်တဲ့ ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းတွေ မရှိဘူးလို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံက ဖရဲစိုက်ပျိုးရေးလုပ်ငန်းတွေမှာတော့ ပြီးခဲ့တဲနှစ်အထိ တရုတ်နိုင်ငံသားတွေ လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြပေမဲ့ နယ်စပ်မှာ ဈေးကွက်ပျက်ပြီး အရှုံးပေါ်လို့ ဒီနှစ်တော့ လာစိုက်သူ မရှိသလောက်ပါ။ ကိုဗစ်ကပ်ရောဂါနဲ့ ကြုံရတဲ့အတွက်လည်း အရောင်းအဝယ်တွေ ထိခိုက်ခဲ့ရသလို၊ မြန်မာတောင်သူတွေ မစိုက်နိုင်လို့ ဒီနှစ် စိုက်ဧကက မနှစ်ကထက် တဝက်လောက် လျော့သွားပြီး ခန့်မှန်းခြေ စိုက်ဧက ၅၀,၀၀၀ လောက်သာပါတယ်။ ဒါကြောင့် ဒီနှစ်ဖရဲသီးဈေးက ကောင်းနေပြီး တတန်ကို ၇,၀၀၀ ပေါက်နေတာမို့ နှစ်ပေါင်း ၃၀ အတွင်းမှာ အမြင့်ဆုံးဈေးနဲ့ ရနေကြောင်း ဦးနိုင်ဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံထွက် ဖရဲသီးတွေကို ပုံမှန်အားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့လေ့ရှိပေမဲ့ မကြာခဏဆိုသလို ပြောင်းလဲတဲ့ ကုန်သွယ်ရေး စည်းကမ်းချက်တွေကြောင့် နစ်နာမှုတွေ ရှိတယ်လို့လည်း မြန်မာကုန်သည်တွေက ပြောပါတယ်။ ဒါကြောင့်လည်း နယ်စပ်ကုန်သွယ်ရေးမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာမယ့် အစိုးရသစ်က အာရုံစိုက်ဖို့ မျှော်လင့်တယ်လို့လည်း မူဆယ်နမ့်ခမ်း နယ်စပ်ကုန်သည်များအသင်း ဗဟိုအလုပ်အမှုဆောင်နဲ့ သစ်သီးဝလံ ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌဖြစ်တဲ့ စိုင်းခင်မောင်က ပြောပါတယ်။

“အခုလောလောဆယ် သစ်သီးကသွားနေတဲ့ ကျင်စန်းကြော့လမ်းပိုင်းမှာဆိုရင် MoU မထိုးရသေးဘူး။ ဒါပေမဲ့ တရုတ်ဘက်မှာ သူ့ရဲ့ အခြေခံအဆောက်အအုံ တော်တော်များများ ပြီးစီးနေပြီ။ ဖွင့်ဖို့လည်း အဆင်သင့်ဖြစ်နေပြီ၊ ကျနော်တို့ဘက်မှာကျတော့ အဲဒီအခြေခံ အဆောက်အအုံတွေ၊ လုံခြုံရေးစနစ်တွေ မတည်ဆောက်ရသေးတဲ့ ပုံစံမျိုးဖြစ်နေတယ်။၊ ဒီဈေးကွက်တွေ ခိုင်မာဖို့ ဥရောပနိုင်ငံဈေးကွက်၊ တတိယနိုင်ငံဈေးကွက်တွေလည်း အားပေးအားမြှောက် လုပ်သင့်တာပေါ့လေနော်။ ဒါပေမဲ့ အခုသေချာတာတော့ လောလောဆယ် လက်ဆုပ်လက်ကိုင် ကိုင်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး ဈေးကွက်ကိုတော့ ဘယ်လိုမှ လျစ်လျူရှုလို့မရသေးတဲ့ အနေအထားပေါ့။ ဒီအဆောက်အအုံကို ပိုပြီးခိုင်မာအောင် လုပ်ရမယ်။”

လက်ရှိမှာတော့ တရုတ် အကောက်ခွန်ဌာနစာရင်းမှာ တရားဝင်ထည့်သွင်းထားတဲ့ သစ်သီးဝလံ အမျိုးအစားပဲ မြန်မာဘက်က တင်သွင်းခွင့်ရှိပါတယ်။ တရုတ်ကုမ္ပဏီနဲ့ မြန်မာတောင်သူတွေကြား ချုပ်ဆိုတဲ့စာချုပ်၊ ပိုးမွှားဓာတု ကင်းစင်ကြောင်းလက်မှတ်၊ စိုက်ပျိုးခြံထွက်ကုန် အထောက်အထားတွေကိုလည်း ပေကျင်းမြို့တော်က အကောက်ခွန်ဌာနအထိ တင်ပြရတာပါ။ မြန်မာနိုင်ငံက စိုက်ပျိုးထွက်ကုန်တွေအတွက် ဥရောပအပါအဝင် ဈေးကွက်သစ်တွေကို တိုးနိုင်ဖို့ လိုအပ်နေသလို၊ ပြည်ပဈေးကွက်နဲ့မီမယ့် စံချိန်စံညွှန်းနဲ့ ကိုက်ညီအောင်လည်း မြန်မာတောင်သူတွေက ပြင်ဆင်ထားဖို့ လိုအပ်လိမ့်မယ်လို့ ကုန်သည်တွေက ပြောပါတယ်။

စိုက်ပျိုးရေး ထွက်ကုန်တွေ အဓိကပါဝင်တဲ့ မြန်မာနိုင်ငံက တင်ပို့ကုန် ပမာဏဟာ ၂၀၁၉ အောက်တိုဘာကနေ ၂၀၂၀ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ သန်း ၅,၄၀၀ ကျော်နဲ့ အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံကို တင်ပို့တဲ့ ပမာဏကတော့ အမေရိကန်ဒေါ်လာ သန်း ၃,၀၀၀ ကျော်နဲ့ ဒုတိယ အများဆုံး ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG