သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ COVID-19 ကူးစက္သူ ၁၀၅,၈၆၃၊ ေသဆံုးသူ ၂,၂၂၀ ရွိၿပီ


ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီး၊ ကိုဗစ္-၁၉ အထူးၾကပ္မတ္ကုသေဆာင္ (ICU) မွာ ကိုဗစ္ လူနာတဦးကို ကုသေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဓာတ္ပံု - Ministry of Health and Sports, Myanmar - ႏိုဝင္ဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေရာဂါကူးစက္သူ ၁,၃၇၆ ဦး ထပ္တိုးၿပီး ေသဆုံးသူက ၁၉ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီကေန႔ညထုတ္ျပန္ခ်က္ပါ ေသဆုံးသူေတြထဲမွာ ၁၇ ေယာက္က ေရာဂါအခံရွိသူေတြျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဓာတ္ခြဲနမူနာေပါင္း ၂၀,၉၂၉ ခုကို စစ္ေဆးခဲ့တဲ့ထဲက အခုလို ေနာက္ထပ္ ေရာဂါပိုးကူးစက္ထားသူေတြ ေတြ႕ရတာျဖစ္ၿပီး ဒီကေန႔အထိဆိုရင္ စစ္ေဆးခဲ့တဲ့ ဓာတ္ခြဲနမူနာေပါင္း ၁,၃၉၅,၀၈၈ ခု ရွိသြားၿပီျဖစ္ပါတယ္။

ေသဆုံးသူအေရအတြက္က ၂,၂၂၀ ဦး ရွိၿပီျဖစ္ၿပီး ေရာဂါပိုး ကူးစက္သူေပါင္းကေတာ့ ၁၀၅,၈၆၃ ဦး ရွိသြားပါၿပီ။

ဒီကေန႔ညထုတ္ျပန္ခ်က္မွာ ေဆး႐ုံဆင္းခြင့္ရရွိသူအေရအတြက္ ၁,၅၂၅ ဦးရွိတယ္လို႔ ေဖာ္ျပထားတာေၾကာင့္ ေရာဂါေပ်ာက္ကင္းသြားသူေပါင္း ၈၄,၃၃၈ ဦး ရွိသြားၿပီျဖစ္ပါတယ္။

က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားတာအရဆိုရင္ ဒီကေန႔ ဓာတ္ခြဲစစ္ေဆးတဲ့ နမူနာအေရအတြက္ စုစုေပါင္းထဲမွာ ပိုးေတြ႕သူ ၆.၅၇% ရွိၿပီး ျပန္ေကာင္းလာသူ ၇၉.၆၇% ၊ ေသဆုံးႏႈန္းက ၂.၁% ရွိပါတယ္။

ေသဆုံးသူေတြထဲမွာ ေနာက္ခံေရာဂါရွိသူက ၈၉.၄၇% ရွိတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေရးထားပါတယ္။

ေန႔စဥ္ ကူးစက္သူႏႈန္းထား အတန္ငယ္ ေလ်ာ့က်လာတဲ့ပံုရွိေပမဲ့လည္း သိသိသာသာ တိုးတက္မႈ မရွိေသးသလို ေသဆံုးႏႈန္းကလည္း ၂% ေက်ာ္ ပတ္ဝန္းက်င္မွာရွိေနတာ အေတာ္ၾကာပါၿပီ။

ေဒသအသီးသီးမွာ ကပ္ေရာဂါ မျပန္႔ပြားေရး ပိတ္ပင္ကန္႔သတ္ခ်က္ေတြ အျပင္းအထန္ ခ်မွတ္ၿပီးေတာ့ ေရာဂါပိုးကုိ ထိန္းခ်ဳပ္ႏုိင္ေရး ဆက္ၿပီး ႐ုန္းကန္ေနရဆဲပါ။

တဘက္မွာလည္း ပိတ္ပင္ကန္႔သတ္ခ်က္ေတြေၾကာင့္ လူထု စားဝတ္ေနေရး ပိုမိုၾကပ္တည္းလာေနတဲ့အတြက္ တာဝန္ရွိသူေတြအေနနဲ႔ ေရာဂါပိုးထိန္းခ်ဳပ္ေရးနဲ႔ စားဝတ္ေနေရး ေျပလည္ဖို႔ၾကားမွာ ခ်ိန္ဆလုပ္ေဆာင္ေပးဖို႔ သံုးသပ္ေျပာဆိုတာေတြလည္းရွိပါတယ္။

[Unicode Version]

မြန်မာ COVID-19 ကူးစက်သူ ၁၀၅,၈၆၃၊ သေဆုံးသူ ၂,၂၂၀ ရှိပြီ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၇၆ ဦး ထပ်တိုးပြီး သေဆုံးသူက ၁၉ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ညထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၁၇ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၀,၉၂၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၃၉၅,၀၈၈ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၂၂၀ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၀၅,၈၆၃ ဦး ရှိသွားပါပြီ။

ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူအရေအတွက် ၁,၅၂၅ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၈၄,၃၃၈ ဦး ရှိသွားပြီဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၆.၅၇% ရှိပြီး ပြန်ကောင်းလာသူ ၇၉.၆၇% ၊ သေဆုံးနှုန်းက ၂.၁% ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၈၉.၄၇% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

နေ့စဉ် ကူးစက်သူနှုန်းထား အတန်ငယ် လျော့ကျလာတဲ့ပုံရှိပေမဲ့လည်း သိသိသာသာ တိုးတက်မှု မရှိသေးသလို သေဆုံးနှုန်းကလည်း ၂% ကျော် ပတ်ဝန်းကျင်မှာရှိနေတာ အတော်ကြာပါပြီ။

ဒေသအသီးသီးမှာ ကပ်ရောဂါ မပြန့်ပွားရေး ပိတ်ပင်ကန့်သတ်ချက်တွေ အပြင်းအထန် ချမှတ်ပြီးတော့ ရောဂါပိုးကို ထိန်းချုပ်နိုင်ရေး ဆက်ပြီး ရုန်းကန်နေရဆဲပါ။

တဘက်မှာလည်း ပိတ်ပင်ကန့်သတ်ချက်တွေကြောင့် လူထု စားဝတ်နေရေး ပိုမိုကြပ်တည်းလာနေတဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ ရောဂါပိုးထိန်းချုပ်ရေးနဲ့ စားဝတ်နေရေး ပြေလည်ဖို့ကြားမှာ ချိန်ဆလုပ်ဆောင်ပေးဖို့ သုံးသပ်ပြောဆိုတာတွေလည်းရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG