သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံသား ၁၀၀ ေက်ာ္ တာခ်ီလိတ္ကေန တရားဝင္ ေနရပ္ျပန္


ဒီဇင္ဘာလ ၁၁ ရက္ေန႔က တာခ်ီလိတ္ကေန ေနရပ္ျပန္ၾကတဲ့ ထုိင္းမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၁၁၊ ၂၀၂၀)

[Zawgyi/Unicode]

ကုိဗစ္ေရာဂါ ကူးစက္ေနတဲ့ အတည္ျပဳလူနာတခ်ဳိ႕ အပါအ၀င္ ျမန္မာႏုိင္ငံနယ္စပ္ၿမိဳ႕ျဖစ္တဲ့ တာခ်ီလိတ္မွာ ေရာက္ေနၾကတဲ့ ထုိင္းႏုိင္ငံသား ၁၀၀ ေက်ာ္ ဒီေန႔ပဲ တရား၀င္ ေနရပ္ျပန္ခဲ့ၾကတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပပါမယ္။

ဒီဇင္ဘာလ ၁၁ ရက္ေန့က တာခ်ီလိတ္ကေန ေနရပ္ျပန္ၾကတဲ့ ထုိင္းမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၁၁၊ ၂၀၂၀)
ဒီဇင္ဘာလ ၁၁ ရက္ေန့က တာခ်ီလိတ္ကေန ေနရပ္ျပန္ၾကတဲ့ ထုိင္းမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၁၁၊ ၂၀၂၀)

ျမန္မာႏုိင္ငံကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ၿပီး ေနရပ္ျပန္ၾကတဲ့ ထုိင္းႏုိင္ငံသားတခ်ဳိ႕မွာ ကုိဗစ္ေရာဂါကူးစက္မႈေတြ ေတြ႔ရွိခဲ့တာေၾကာင့္ တရား၀င္ေနရပ္ျပန္ဖုိ႔ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ စီစဥ္ခဲ့ၿပီးေနာက္ ထုိင္းႏုိင္ငံသားေတြ ေနရပ္ျပန္ေနၾကတာ ျဖစ္ပါတယ္။ ဒီေန႔မွာလည္း ကုိဗစ္ေရာဂါပုိး ကူးစက္ေနသူ အတည္ျပဳလူနာတခ်ဳိ႕ အပါအ၀င္ ျမန္မာႏုိင္ငံမွာ တရား၀င္ေရာ၊ တရားမ၀င္ပါ ေနထုိင္ေနသူ ထုိင္းႏုိင္ငံသား ၁၀၀ ေက်ာ္ ေနရပ္ျပန္ခဲ့ၾကတဲ့အေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးနဲ႔ ေစ့စပ္ညႇိႏိႈင္းေရးေကာ္မတီ အတြင္းေရးမႉး ဦးစည္သူေမာင္က ေျပာပါတယ္။

“အားလံုးေပါင္း ၁၀၄ ေယာက္၊ ၁၀၄ ေယာက္မွာ positive ျဖစ္တာ ၅ ေယာက္ပါတယ္။ တရား၀င္အေထာက္အထားရွိတာ ၇ ဦးပါတယ္။ ဒဏ္ေၾကးအားလံုး တေယာက္ကုိ ၃၀၀,၀၀၀ ေပးရပါတယ္။ တရား၀င္ ၇ ဦးက လဲြၿပီးေတာ့ေပါ့ေနာ္။”

အခုဆုိရင္ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕ကေန ျပန္လာၾကသူေတြနဲ႔ ဆက္စပ္ၿပီး ကုိဗစ္ေရာဂါပုိး ကူးစက္ေနသူအျဖစ္ အတည္ျပဳထားတဲ့သူ ၄၆ ေယာက္ထက္မနည္း ရွိေနၿပီလုိ႔လည္း ထုိင္းႏုိင္ငံ က်န္းမာေရး တာ၀န္ရွိသူေတြက သတင္းထုတ္ျပန္ထားပါတယ္။ ျမန္မာႏုိင္ငံတာခ်ီလိတ္ၿမိဳ႕ကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ျပန္လာသူေတြမွာ ေရာဂါပုိးစတင္ေတြ႔ရွိခဲ့ၿပီးေနာက္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသေတြမွာ ပုိမုိ တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္ စစ္ေဆးေနတာပါ။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၄,၁၀၀ ေက်ာ္ ရွိတဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါပုိးကူးစက္မႈေတြ ေလ်ာ့ပါးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂,၂၀၁ ေက်ာ္နဲ႔ ကူးစက္သူ ၁၀၄,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနိုင်ငံသား ၁၀၀ ကျော် တာချီလိတ်ကနေ တရားဝင် နေရပ်ပြန်

ကိုဗစ်ရောဂါ ကူးစက်နေတဲ့ အတည်ပြုလူနာတချို့ အပါအဝင် မြန်မာနိုင်ငံနယ်စပ်မြို့ဖြစ်တဲ့ တာချီလိတ်မှာ ရောက်နေကြတဲ့ ထိုင်းနိုင်ငံသား ၁၀၀ ကျော် ဒီနေ့ပဲ တရားဝင် နေရပ်ပြန်ခဲ့ကြတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး နေရပ်ပြန်ကြတဲ့ ထိုင်းနိုင်ငံသားတချို့မှာ ကိုဗစ်ရောဂါကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် တရားဝင်နေရပ်ပြန်ဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ စီစဉ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသားတွေ နေရပ်ပြန်နေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း ကိုဗစ်ရောဂါပိုး ကူးစက်နေသူ အတည်ပြုလူနာတချို့ အပါအဝင် မြန်မာနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ နေထိုင်နေသူ ထိုင်းနိုင်ငံသား ၁၀၀ ကျော် နေရပ်ပြန်ခဲ့ကြတဲ့အကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောပါတယ်။

“အားလုံးပေါင်း ၁၀၄ ယောက်၊ ၁၀၄ ယောက်မှာ positive ဖြစ်တာ ၅ ယောက်ပါတယ်။ တရားဝင်အထောက်အထားရှိတာ ၇ ဦးပါတယ်။ ဒဏ်ကြေးအားလုံး တယောက်ကို ၃၀၀,၀၀၀ ပေးရပါတယ်။ တရားဝင် ၇ ဦးက လွဲပြီးတော့ပေါ့နော်။”

ဒီဇင္ဘာလ ၁၁ ရက္ေန့က တာခ်ီလိတ္ကေန ေနရပ္ျပန္ၾကတဲ့ ထုိင္းမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၁၁၊ ၂၀၂၀)
ဒီဇင္ဘာလ ၁၁ ရက္ေန့က တာခ်ီလိတ္ကေန ေနရပ္ျပန္ၾကတဲ့ ထုိင္းမ်ား။ (ဓာတ္ပံု - CNCMC - ဒီဇင္ဘာ ၁၁၊ ၂၀၂၀)

အခုဆိုရင် မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ပြန်လာကြသူတွေနဲ့ ဆက်စပ်ပြီး ကိုဗစ်ရောဂါပိုး ကူးစက်နေသူအဖြစ် အတည်ပြုထားတဲ့သူ ၄၆ ယောက်ထက်မနည်း ရှိနေပြီလို့လည်း ထိုင်းနိုင်ငံ ကျန်းမာရေး တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံတာချီလိတ်မြို့ကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ပြန်လာသူတွေမှာ ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံက နယ်စပ်ဒေသတွေမှာ ပိုမို တင်းတင်းကြပ်ကြပ် စောင့်ကြည့် စစ်ဆေးနေတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၁၀၀ ကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၂၀၁ ကျော်နဲ့ ကူးစက်သူ ၁၀၄,၀၀၀ ကျော် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG