[Zawgyi/Unicode]
ျမန္မာႏုိင္ငံနယ္စပ္ကေန ျပန္လာၾကတဲ့ ထုိင္းႏုိင္ငံသား တခ်ဳိ႕မွာ ကုိဗစ္ေရာဂါပုိးေတြ႔တဲ့ သတင္းေတြ ထြက္ေပၚ ေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕ကေန ဒီကေန႔ တရား၀င္အစီအစဥ္နဲ႔ ေနရပ္ျပန္သူေတြ ရွိတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။
ကုိဗစ္ကပ္ေရာဂါကာလ ျမန္မာႏုိင္ငံနယ္စပ္က ျပန္လာတဲ့ ထုိင္းႏုိင္ငံသား တခ်ဳိ႕မွာ ေရာဂါပုိးေတြ႔ရွိတာေၾကာင့္ ထုိင္းအာဏာပုိင္ေတြ ေနရပ္ျပန္သူေတြကုိ တင္းတင္းၾကပ္ၾကပ္ ေစာင့္ၾကည့္ စစ္ေဆးေနၿပီး၊ တရား၀င္ အစီအစဥ္နဲ႔ ေနရပ္ျပန္ႏုိင္ဖုိ႔ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ စီစဥ္ေပးေနတာပါ။ ဒီေန႔မွာလည္း မဲဆုိင္တာခ်ီလိတ္အမွတ္ (၂) တံတားကေန ထုိင္းႏုိင္ငံသား ၂၆ ေယာက္ ေနရပ္ျပန္ခဲ့ၾကေၾကာင္း ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ား ကူညီေစာင့္ေရွာက္ေရးနဲ႔ ေစ့စပ္ညႇိႏိႈင္းေရးေကာ္မတီ အတြင္းေရးမႉး ဦးစည္သူေမာင္က ေျပာပါတယ္
“ဒီေန႔ တရား၀င္လဲႊတာက ၂၆ ေယာက္က သံရံုးေထာက္ခံစာနဲ႔ တံတားႀကီးအေၾကာင္းႀကားစာနဲ ့ပါတဲ့အတြက္ က်ေနာ္တို႔ တရား၀င္လဲႊေပးပါတယ္ပံုမွန္ ၄၂ ေယာက္ရွိတယ္ သံရံုးကအေၾကာင္းၾကားစာ ၄၂ ဦးထဲမွာတရား၀င္လာေရာက္သတင္းပို႔တာ ၂၆ ေယာက္ပဲ ရွိတယ္ အမ်ိဳးသား ၁၇ ဦးအမ်ိဳးသမီး ၉ ဦးကုိ မနက္ ၁၀ နာရီခဲြက တဘက္ႏိုင္ငံကို တရား၀င္လဲြလိုက္ပါျပီ။”
ျမန္မာႏုိင္ငံ တာခ်ီလိတ္ကေန ျပန္လာၾကတဲ့ ထုိင္းႏုိင္ငံသား ၁၉၆ ေယာက္မွာ ကုိဗစ္ေရာဂါပုိး ကူးစက္ေနသူအျဖစ္ အတည္ျပဳႏုိင္သူ မေန႔တုန္းကထိ ၄၆ ေယာက္ ရွိေၾကာင္းလည္း ထုိင္းႏုိင္ငံ ကိုဗစ္ကပ္ေရာဂါ ကာကြယ္တိုက္ဖ်က္ေရး စီမံခန႔္ခြဲမႈအဖဲြ႔ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာထ၀ီဆင္က သတင္းေထာက္ေတြကုိ ေျပာပါတယ္။
ျမန္မာႏုိင္ငံ နယ္စပ္က ျပန္လာသူေတြမွာ ေရာဂါပုိး ကူးစက္မႈေတြ ေတြ႔ရွိခဲ့ၿပီးေနာက္ ထုိင္းႏုိင္ငံသားေတြ တရား၀င္ ေနရပ္ျပန္ေရး ထုိင္းျမန္မာ ၂ ႏုိင္ငံ တာ၀န္ရွိသူေတြ ေဆြးေႏြးၿပီး သေဘာတူခဲ့ၾကတာပါ။ ျမန္မာႏုိင္ငံမွာ တရား၀င္ေရာ၊ တရားမ၀င္ပါ ေရာက္ေနၾကတဲ့ ထုိင္းႏုိင္ငံသားေတြကုိ ကပ္ေရာဂါကာလမွာ အေရးယူတာေတြ မလုပ္ဘဲ ေနရပ္ျပန္ခြင့္ျပဳမွာျဖစ္ပါတယ္။
ႏွစ္ ႏုိင္ငံ တာ၀န္ရွိသူေတြၾကား သေဘာတူညီမႈ ရခဲ့ၿပီးေနာက္ ဒီကေန႔မွာေတာ့ တာခ်ီလိတ္ေဆး႐ုံမွာ ေနရပ္ျပန္မယ့္သူေတြကုိ ေဆးစစ္တာ၊ အခ်က္အလက္ ေကာက္ယူတာေတြ လုပ္ခဲ့တယ္လုိ႔လည္း ကပ္ေရာဂါကာလ ေနရပ္ျပန္ဖုိ႔ ႀကိဳးပမ္းေနၾကတဲ့ ျမန္မာနဲ႔ ထုိင္းႏုိင္ငံသားေတြကုိ အကူအညီေပးေနတဲ့ ဦးစည္သူေမာင္က ေျပာပါတယ္။
“ဟုိတယ္ေတြက သူတုိ႔ လူေတြကုိ သူတုိ႔ လာပို႔တယ္။ ေဆးရံုပုို႔တယ္။ ေဆးရံုမွာ စစ္ျပီးတာနဲ႔ နက္ကတစ္ျဖစ္တဲ့သူေတြ အကုန္လံုးကုိ လက္ေဗြယူျပီး တရားရံုးကုိ ပုိ႔မယ္ျပီးေတာ့ က်ေနာ္တို႔ ကလ၀ကအဖဲြ႔ေတြနဲ႔ တထုိင္းထဲ လက္ေဗြယူျပီး နဂတစ္ျဖစ္တဲ့သူ တဦးခ်င္းစစ္ခ်က္ယူျပိီး သူတို႔ မူလေနရာမွာ ျပန္ေနခိုင္းျပီး၊ ျပီးေတာ့တရားေရးဌာနက စီစဥ္ျပီးတာနဲ႔ က်ေနာ္တုိ႔က တဘက္ႏိုင္ငံကုိ ျပန္လည္လဲႊေျပာင္းဖို႔ အစီအစဥ္ရွိပါတယ္။”
ျမန္မာႏုိင္ငံကေန ျပန္လာသူေတြမွာ ကုိဗစ္ေရာဂါပုိး စစ္ေဆးေတြ႔ရွိတဲ့ သတင္းေတြနဲ႔အတူ က်န္းမာေရးအတြက္ သတိထားၾကဖုိ႔လည္း ထုိင္းႏုိင္ငံက က်န္းမာေရးပညာရွင္ေတြ သတိေပးေနပါတယ္။ ျမန္မာႏုိင္ငံမွာ လတ္တေလာ ကူးစက္ေနတဲ့ ကုိဗစ္ေရာဂါပုိး အမ်ဳိးအစားဟာ တ႐ုတ္ႏုိင္ငံမွာ စတင္ခဲ့တဲ့ ေရာဂါပုိးအမ်ဳိးအစားထက္ ၂၀ ရာခုိင္ႏႈန္း ျမန္ဆန္တာကုိ ေလ့လာေတြ႔ရွိရေၾကာင္းလည္း ထုိင္းႏုိင္ငံ မဟီေဒါ တကၠသုိလ္က ေဆးပညာဌာန ပါေမာကၡခ်ဳပ္ Dr Prasit Watanapa ကုိ ကုိးကားၿပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပခဲ့ၾကပါတယ္။ဒီအတြက္လည္း ျမန္မာႏုိင္ငံက ျပန္လာသူေတြအေနနဲ႔ တာ၀န္ရွိသူေတြကုိ အသိေပးအေၾကာင္းၾကားဖုိ႔လည္း တုိက္တြန္းထားတာပါ။
ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၆၀ နဲ႔ ကူးစက္သူ ၄,၁၀၀ ေက်ာ္ ရွိတဲ့ ထုိင္းႏုိင္ငံမွာ ေရာဂါပုိးကူးစက္မႈေတြ ေလ်ာ့ပါးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံမွာေတာ့ ေသဆုံးသူ ၂,၁၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၀၂,၀၀၀ ေက်ာ္ ရွိေနတာေၾကာင့္ ေရာဂါကူးစက္မႈေတြ ျပန္႔ပြားမလာေအာင္ ထုိင္းႏုိင္ငံက နယ္စပ္ေဒသ အ၀င္အထြက္ေတြနဲ႔ ကုန္သြယ္မႈေတြ ေတာ္ေတာ္မ်ားမ်ားကုိလည္း ကန္႔သတ္ထားၿပီး လုံၿခံဳေရးကုိလည္း တုိးျမွင့္ထားပါတယ္။
[Unicode Version]
ထိုင်းမြန်မာနယ်စပ်မှ တရားဝင်နေရပ်ပြန်နိုင်အောင်ဆောင်ရွက်ပေးနေ
မြန်မာနိုင်ငံနယ်စပ်ကနေ ပြန်လာကြတဲ့ ထိုင်းနိုင်ငံသား တချို့မှာ ကိုဗစ်ရောဂါပိုးတွေ့တဲ့ သတင်းတွေ ထွက်ပေါ် နေချိန်မှာပဲ မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ဒီကနေ့ တရားဝင်အစီအစဉ်နဲ့ နေရပ်ပြန်သူတွေ ရှိတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။
ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံနယ်စပ်က ပြန်လာတဲ့ ထိုင်းနိုင်ငံသား တချို့မှာ ရောဂါပိုးတွေ့ရှိတာကြောင့် ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်သူတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့် စစ်ဆေးနေပြီး၊ တရားဝင် အစီအစဉ်နဲ့ နေရပ်ပြန်နိုင်ဖို့ ၂ နိုင်ငံ တာဝန်ရှိသူတွေ စီစဉ်ပေးနေတာပါ။ ဒီနေ့မှာလည်း မဲဆိုင်တာချီလိတ်အမှတ် (၂) တံတားကနေ ထိုင်းနိုင်ငံသား ၂၆ ယောက် နေရပ်ပြန်ခဲ့ကြကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနဲ့ စေ့စပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးစည်သူမောင်က ပြောပါတယ်
“ဒီနေ့ တရားဝင်လွဲှတာက ၂၆ ယောက်က သံရုံးထောက်ခံစာနဲ့ တံတားကြီးအကြောင်းကြားစာနဲ့ပါတဲ့အတွက် ကျနော်တို့ တရားဝင်လွဲှပေးပါတယ်ပုံမှန် ၄၂ ယောက်ရှိတယ် သံရုံးကအကြောင်းကြားစာ ၄၂ ဦးထဲမှာတရားဝင်လာရောက်သတင်းပို့တာ ၂၆ ယောက်ပဲ ရှိတယ် အမျိုးသား ၁၇ ဦးအမျိုးသမီး ၉ ဦးကို မနက် ၁၀ နာရီခွဲက တဘက်နိုင်ငံကို တရားဝင်လွဲလိုက်ပါပြီ။”
မြန်မာနိုင်ငံ တာချီလိတ်ကနေ ပြန်လာကြတဲ့ ထိုင်းနိုင်ငံသား ၁၉၆ ယောက်မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေသူအဖြစ် အတည်ပြုနိုင်သူ မနေ့တုန်းကထိ ၄၆ ယောက် ရှိကြောင်းလည်း ထိုင်းနိုင်ငံ ကိုဗစ်ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး စီမံခန့်ခွဲမှုအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာထဝီဆင်က သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံ နယ်စပ်က ပြန်လာသူတွေမှာ ရောဂါပိုး ကူးစက်မှုတွေ တွေ့ရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံသားတွေ တရားဝင် နေရပ်ပြန်ရေး ထိုင်းမြန်မာ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးပြီး သဘောတူခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ ရောက်နေကြတဲ့ ထိုင်းနိုင်ငံသားတွေကို ကပ်ရောဂါကာလမှာ အရေးယူတာတွေ မလုပ်ဘဲ နေရပ်ပြန်ခွင့်ပြုမှာဖြစ်ပါတယ်။
နှစ် နိုင်ငံ တာဝန်ရှိသူတွေကြား သဘောတူညီမှု ရခဲ့ပြီးနောက် ဒီကနေ့မှာတော့ တာချီလိတ်ဆေးရုံမှာ နေရပ်ပြန်မယ့်သူတွေကို ဆေးစစ်တာ၊ အချက်အလက် ကောက်ယူတာတွေ လုပ်ခဲ့တယ်လို့လည်း ကပ်ရောဂါကာလ နေရပ်ပြန်ဖို့ ကြိုးပမ်းနေကြတဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ ဦးစည်သူမောင်က ပြောပါတယ်။
“ဟိုတယ်တွေက သူတို့ လူတွေကို သူတို့ လာပို့တယ်။ ဆေးရုံပို့တယ်။ ဆေးရုံမှာ စစ်ပြီးတာနဲ့ နက်ကတစ်ဖြစ်တဲ့သူတွေ အကုန်လုံးကို လက်ဗွေယူပြီး တရားရုံးကို ပို့မယ်ပြီးတော့ ကျနော်တို့ ကလဝကအဖွဲ့တွေနဲ့ တထိုင်းထဲ လက်ဗွေယူပြီး နဂတစ်ဖြစ်တဲ့သူ တဦးချင်းစစ်ချက်ယူပြီး သူတို့ မူလနေရာမှာ ပြန်နေခိုင်းပြီး၊ ပြီးတော့တရားရေးဌာနက စီစဉ်ပြီးတာနဲ့ ကျနော်တို့က တဘက်နိုင်ငံကို ပြန်လည်လွဲှပြောင်းဖို့ အစီအစဉ်ရှိပါတယ်။”
မြန်မာနိုင်ငံကနေ ပြန်လာသူတွေမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့ သတင်းတွေနဲ့အတူ ကျန်းမာရေးအတွက် သတိထားကြဖို့လည်း ထိုင်းနိုင်ငံက ကျန်းမာရေးပညာရှင်တွေ သတိပေးနေပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလော ကူးစက်နေတဲ့ ကိုဗစ်ရောဂါပိုး အမျိုးအစားဟာ တရုတ်နိုင်ငံမှာ စတင်ခဲ့တဲ့ ရောဂါပိုးအမျိုးအစားထက် ၂၀ ရာခိုင်နှုန်း မြန်ဆန်တာကို လေ့လာတွေ့ရှိရကြောင်းလည်း ထိုင်းနိုင်ငံ မဟီဒေါ တက္ကသိုလ်က ဆေးပညာဌာန ပါမောက္ခချုပ် Dr Prasit Watanapa ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ဒီအတွက်လည်း မြန်မာနိုင်ငံက ပြန်လာသူတွေအနေနဲ့ တာဝန်ရှိသူတွေကို အသိပေးအကြောင်းကြားဖို့လည်း တိုက်တွန်းထားတာပါ။
ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၆၀ နဲ့ ကူးစက်သူ ၄,၁၀၀ ကျော် ရှိတဲ့ ထိုင်းနိုင်ငံမှာ ရောဂါပိုးကူးစက်မှုတွေ လျော့ပါးနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၁၀၀ ကျော်နဲ့ ကူးစက်သူ ၁၀၂,၀၀၀ ကျော် ရှိနေတာကြောင့် ရောဂါကူးစက်မှုတွေ ပြန့်ပွားမလာအောင် ထိုင်းနိုင်ငံက နယ်စပ်ဒေသ အဝင်အထွက်တွေနဲ့ ကုန်သွယ်မှုတွေ တော်တော်များများကိုလည်း ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တိုးမြှင့်ထားပါတယ်။