သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး စိတ္ခ်ရမႈ အေျခအေန


Moderna vaccine
ကိုဗစ္ကာကြယ္ေဆး စိတ္ခ်ရမႈ အေျခအေန
please wait

No media source currently available

0:00 0:12:38 0:00
တိုက္႐ိုက္ လင့္ခ္

ကမာၻတလႊာ လူေပါင္း တစ္သန္းခြဲေက်ာ္ ေသဆံုးလာၿပီျဖစ္တဲ့ ကိုဗစ္-၁၉ ေရာဂါအတြက္ အေမရိကန္ေဆးကုမၸဏီေတြရဲ ႔ အလားအလာေကာင္းတဲ့ ကာကြယ္ေဆးေတြ စိတ္ခ်ရမႈအတိုင္းအတာနဲ႔ ပတ္သက္ၿပီး အဏုဇီဝေဗဒပညာရွင္ မခင္ဇာဝင္းျပည့္ ကို ေဒၚခင္မ်ဳိးသက္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ မခင္ဇာဝင္းျပည့္။ ကိုဗစ္-၁၉ အတြက္ ကာကြယ္ေဆး ေပၚေနပါၿပီ။ လူေတြကို စမ္းၿပီးေတာ့ ထိုးေပးဖို႔ အစိုးရေတြက လုပ္ေနၾကပါၿပီ။ ကိုဗစ္-၁၉ ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီးေတာ့ အဏုဇီဝေဗဒပညာရွင္ ေလ့လာေနတာ စိတ္ခ်ရမႈ ရိွမရိွ၊ အတိုင္းအတာ ဘယ္ေလာက္ရိွသလဲဆိုတာကို သိခ်င္ပါတယ္။

ေျဖ ။ ။ မဂၤလာပါ။ စိတ္ခ်ရတယ္ဆိုတာကေတာ့ အခု အေမရိကရဲ ႔ FDA (Food and Drug Administration) ဆီမွာ ခြင့္ျပဳမိန္႔ေတာင္းထားတာ Moderna ကုမၸဏီနဲ႔ Pfizer ကုမၸဏီ ႏွစ္ခုက ခြင့္ျပဳမိန္႔ေတာင္းထားတာ ရိွတယ္။ ဒီဇင္ဘာထဲမွာ အေျခအေန ဘယ္လိုလဲဆိုတာကို သိရမယ္။ ဒါေပမဲ့ သူတုိ႔ဆီက ပြင့္လင္းျမင္သာမႈ ရိွစြာနဲ႔ ဖြင့္ျပထားတဲ့ဟာမွာ သူတုိ႔ရဲ ႔ အခ်က္အလက္ Data မွာဆုိရင္ အခုကေတာ့ (၉၅%) Efficacy ေဆးအာနိသင္ ျပတယ္ဆိုေတာ့ ေရာဂါကူးစက္မႈ မခံရေတာ့ဘူးေပါ့။ ေနာက္ကုမၸဏီတစ္ခုကေတာ့ (၉၄.၁%) ကာကြယ္မႈႏႈန္း ေပးႏုိင္တယ္ဆိုေတာ့ ဒါက ကာကြယ္ေဆး standard တစ္ခုအေနနဲ႔ ၾကည့္မယ္ဆိုရင္ေတာ့ ရခဲ့တဲ့ ကာကြယ္ေဆးေတြနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ဒီိကာကြယ္ေဆးေတြရဲ ႔ အာနိသင္က ေတာ္ေတာ္ေလးကို အက်ဳိးသက္ေရာက္မႈ ရိွတယ္။ ေဘးထြက္ဆိုးက်ဳိးလည္း မရိွဘဲနဲ႔ အက်ဳိးသက္ေရာက္မႈ ရိွတဲ့အတြက္ စိတ္ခ်ရတဲ့ ကာကြယ္ေဆးဆုိၿပီး ေျပာႏုိင္ပါတယ္။

ေမး ။ ။ စိတ္ခ်ရတဲ့ ကာကြယ္ေဆးအတြက္ကို အမ်ားသိထားတာက ကာကြယ္ေဆးတစ္ခုက ႏွစ္နဲ႔ခ်ီၿပီးေတာ့ စမ္းသပ္ၾကတယ္လို႔ သိရပါတယ္။ ဒီစမ္းသပ္မႈက တစ္ႏွစ္ေတာင္ မျပည့္ေသးဘူး။ ဒီႏွစ္အတြင္းမွာပဲ ကာကြယ္ေဆး ရလာတယ္ဆိုေတာ့ ဒီကာကြယ္ေဆးက ဘာေၾကာင့္ စိတ္ခ်ရတယ္လို႔ သူတုိ႔ အာမခံၿပီး ရဲရဲႀကီး ေျပာႏုိင္တာလဲ။ ဒီကာကြယ္ေဆးရဲ ႔ အလုပ္လုပ္ပံုကို နည္းနည္းရွင္းျပေပးပါ။

ေျဖ ။ ။ ဒီကာကြယ္ေဆးက တျခားကာကြယ္ေဆးေတြနဲ႔ မတူတာက ေတာ္ေတာ္မ်ားမ်ားလည္း ျမန္မာႏုိင္ငံမွာ သိၾကမွာက mRNA ကို အေျခခံၿပီး ထုတ္ၾကတဲ့ ကာကြယ္ေဆးပါ။ Pfizer နဲ႔ Moderna ထုတ္တဲ့ ကာကြယ္ေဆးႏွစ္ခုစလံုးဟာ mRNA ကို အေျခခံၿပီးေတာ့ ထုတ္တဲ့ ကာကြယ္ေဆး။ mRNA အရွည္က messenger RNA - သူ႔ရဲ ႔ မ်ဳိးဗီဇအပြား - ဗိုင္းရပ္စ္က ရိွေနတဲ့ မ်ဳိးဗီဇ RNA – genomic RNA ကေန ပြားၿပီးထုတ္ထားတဲ့ messenger RNA ပြားၿပီး ထုတ္ထားတာ။ ဒီမ်ဳိးဗီဇအပြားကို အေျခခံတဲ့ နည္းပညာက အရမ္းအဖိုးတန္တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ သာမရိုးက် ကာကြယ္ေဆးေတြမွာဆိုရင္ အခုန အန္တီေျပာသလိုပဲ ႏွစ္နဲ႔ခ်ီၿပီးေတာ့ ဒီကာကြယ္ေဆးတစ္ခု ျဖစ္လာဖို႔အတြက္ အဆင့္ေပါင္းမ်ားစြာ လုပ္ရတယ္။ သတၱဝါအဆင့္မွာ စမ္းရတယ္။ သတၱဝါအရွင္အဆင့္မွာ စမ္းၿပီးမွ လူဆီကို ေရာက္တယ္။ အခု ကာကြယ္ေဆး ျဖစ္လာဖို႔ဆုိတာက စမ္းသပ္တဲ့ဟာက ႏွစ္နဲ႔ဆုိရင္ (၅) ႏွစ္ (၇) ႏွစ္ေလာက္ကေန (၁၀) ႏွစ္ေလာက္ကို သြားတယ္။

အရင္ Philadelphia ျပည္နယ္မွာတုန္းက လုပ္ခဲ့တဲ့ အေတြ႔အႀကံဳအရဆုိရင္ သူက သတၱဝါမဲ့၊ သတၱဝါရိွ အဆင့္ေတြမွာ စမ္းသပ္မယ္ဆိုရင္ အရင္ဆံုး ဘာလုပ္ရသလဲဆိုရင္ ဗုိင္းရပ္စ္ကို isolate လုပ္ရတယ္ဆိုတာ ဗိုင္းရပ္စ္ကို ခြဲထုတ္ေပးရတယ္။ သူ႔ရဲ ႔ ဗုိင္းရပ္စ္ပံုစံေလး မပ်က္ရေအာင္ ခြဲထုတ္ေပးရတယ္။ ဒီလိုခြဲထုတ္ဖို႔ဆိုရင္ ဒီဗိုင္းရပ္တစ္ခုလံုး အလံုးေလးတစ္လံုး မပ်က္သြားေအာင္ Cell ထဲကို အရင္သြင္းရတယ္။ Cell ထဲမွာ အပြားခံရတယ္။ အပြားခံၿပီးေတာ့မွ ျပန္ၿပီးေတာ့ Cell ထဲက ျပန္ေဖာက္ထြက္လာတဲ့ဟာကို က်မတို႔က Filter ေတြနဲ႔ အဆင့္ဆင့္ယူၿပီးေတာ့ ခြဲထုတ္ေပးရတယ္။ ခြဲထုတ္ၿပီးေတာ့မွ Minus 80 ေရခဲေသတၱာထဲမွာ သိမ္းထားၿပီးမွ သတၱဝါမဲ့စနစ္မွာ ျပန္စမ္းရတယ္။ အဲဒီေတာ့မွ ေဆးျပန္ျဖစ္တယ္။

အဲဒီစနစ္ အဲဒီအေျခခံအဆင့္ဆင့္တစ္ခုလံုးကို အခုက မလိုေတာ့ဘူး ျဖစ္သြားတယ္။ ဒီ mNRA တစ္ခုကို သံုးလိုက္တဲ့အခ်ိန္မွာ ဒီ mNRA အပိုင္းေလးတစ္ခု ရသြားၿပီဆိုတဲ့အခါမွာ ဒီကေန သတၱဝါမဲ့စနစ္ Cell နဲ႔ စမ္းတဲ့စနစ္ကို တန္းၿပီးေတာ့ သြားလို႔ရတယ္။ ဗိုင္းရပ္စ္ကို ျပန္ၿပီးေတာ့ Isolated လုပ္ေပးရတယ္။ အဲဒီအဆင့္ေတြမွာ Isolated လုပ္ခဲ့တဲ့ ဗိုင္းရပ္စ္က လိုခ်င္တဲ့ ဗိုင္းရပ္စ္ ဟုတ္လားမဟုတ္လား ျပန္ၿပီးေတာ့ Confirm လုပ္ရတယ္။ ဒီစနစ္ေတြ အကုန္လံုး အဆင့္ေတြအကုန္လံုးက မလိုေတာ့ဘူး ျဖစ္သြားတယ္။ မလိုေတာ့ဘူးဆိုေတာ့ ဒီစနစ္ေတြကို အရင္ဆံုး Perfect ျဖစ္ေအာင္ လုပ္ရတဲ့ဟာက ႏွစ္နဲ႔ခ်ီၾကာတယ္။ အခု ဒီအပိုင္းကို ဖယ္ထုတ္လိုက္တယ္။ mNRA တစ္ခုကို ယူလိုက္တယ္။ သတၱဝါမဲ့စနစ္မွာ တန္းၿပီးေတာ့ စမ္းလိုက္တယ္။ စမ္းလိုက္တဲ့အခါၾကေတာ့ ဘယ္လိုမ်ဳိး ျဖစ္သြားသလဲဆိုေတာ့ အခု အခ်ိန္ေတြက ဘယ္ေလာက္ပိုသြားသလဲဆိုရင္ ဇန္နဝါရီလ (၉) ရက္ေန႔မွာ တရုတ္ျပည္ကေန ဒီမ်ဳိးဗီဇကို အင္တာနက္ေပၚ တင္လိုက္တယ္။ အဲဒီမ်ဳိးဗီဇ data – genetic sequence ဗိုင္းရပ္စ္ရဲ ႔ မ်ဳိးဗီဇ data ကို အင္တာနက္ေပၚ တင္လိုက္တယ္။ ဇန္နဝါရီလ (၁၀) ရက္ေန႔မွာ US က Dr. Fauci ရဲ ႔ အႀကံေပးအဖြဲ႔နဲ႔ Moderna ကုမၸဏီနဲ႔ ေတြ႔ဆံုတယ္။ ေဆြးေႏြးၾကတယ္။ ဘယ္လိုလုပ္မလဲဆိုတာကို Experiment ေတြ ဒီဇိုင္းဆြဲၾကတယ္။ အစီအစဥ္ဆြဲၿပီးတဲ့အခါၾကေတာ့ ရက္ပိုင္းအတြင္းမွာ Phase 1 အဆင့္တစ္ စဖုိ႔အတြက္ကို လံုေလာက္တဲ့ Data ရသြားတယ္။ Phase-1 ဆိုတာ လူနဲ႔စမ္းသပ္ဖို႔ အဆင့္ဆင့္စမ္းသပ္ဖို႔ ဆယ္ဂဏန္းနဲ႔ စမ္းသပ္ဖို႔အတြက္ လံုေလာက္တဲ့ အခ်က္အလက္ data ေတြ ရသြားခဲ့တယ္။

အဲဒီကေန လပိုင္းအတြင္းမွာ သူတုိ႔က Phase-3 လူအေျမာက္အျမားနဲ႔ စမ္းသပ္ဖုိ႔အတြက္ လံုေလာက္တဲ့ data ရရိွသြားခဲ့တယ္။ Phase-3 ကို Moderna က စခဲ့တာက ဇူလိုင္ (၂၇) ရက္ေန႔မွာ စခဲ့တယ္။ ဇူလိုင္ (၂၇) ရက္ေန႔မွာ Phase-3 စခဲ့ၿပီးေတာ့ ၾသဂုတ္၊ စက္တင္ဘာ၊ ေအာက္တိုဘာလေလာက္မွာ သူတုိ႔က စၿပီးေတာ့ ၿပီးေနၿပီ။ ဒါက ဘယ္လိုအေျခအေန ရိွေနၿပီဆိုတာကို ေျပာႏုိင္ၿပီ။ ႏိုဝင္ဘာမွာ သူတုိ႔ ေသခ်ာတိက်တဲ့အေျခအေန ဘယ္ေလာက္ရာခိုင္ႏႈန္း ဆိုတာေတြကို သူတုိ႔ စၿပီးေတာ့ ထုတ္လာတယ္။ ႏိုဝင္ဘာလ တတိယပတ္မွာ Moderna ဆိုရင္ (၉၄.၁)% ကာကြယ္ေပးတယ္။ (၁၀၀)% ကာကြယ္ေဆး လက္ခံရရိွေသာလူေတြသည္ ေရာဂါျပင္းထန္တဲ့အဆင့္ကို မေရာက္သြားေတာ့ဘူး။ သူတုိ႔ ေနာက္ဆံုးေျပာလိုက္တဲ့ ေၾကညာႏုိင္တဲ့အဆင့္ကို ေရာက္သြားၿပီဆိုေတာ့ သူတုိ႔က FDA ကို ခြင့္ျပဳမိန္႔ ေတာင္းထားတာ ျဖစ္လာပါတယ္။

ေမး ။ ။ ဆိုေတာ့ အခုလိုမ်ဳိး ဒီေဆးေတြကို ထုတ္ႏုိင္ၿပီ။ Phase-3 လည္း စမ္းသပ္ၿပီးၿပီ။ စိတ္ခ်ရၿပီလို႔လည္း ေျပာတယ္။ ဒါေပမဲ့ ဒီေဆးေတြကို ျဖန္႔တဲ့အခါမွာ အပူခ်ိန္က ျမင့္လို႔မရဘူး။ အရမ္းေအးမွ ျဖစ္တယ္ဆိုတဲ့ အေျခအေန ရိွေနတယ္။ ဆိုေတာ့ ဒီဟာက ျမန္မာႏုိင္ငံလိုမ်ဳိး အပူပိုင္းႏုိင္ငံေတြကို ဒီေဆးေတြ ပိုမယ္ဆိုရင္ ဒီေဆးရဲ ႔ အာနိသင္ အေျခအေန ဘယ္လိုျဖစ္သြားႏုိင္မယ့္ဆိုတာကို နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ က်မတိုိ႔ Lab ထဲမွာ စမ္းသပ္မႈအရဆိုိရင္ေတာ့ mRNA ပဲျဖစ္ျဖစ္၊ ဘယ္လို RNA ပဲ ျဖစ္ျဖစ္၊ RNA ကို ထားသိုးတဲ့ အပူခ်ိန္က minus twenty or minus eighty (-20 or -80) မွာ ထားရတယ္။ သူက ဘာျဖစ္လို႔လဲဆိုေတာ့ သူ႔ RNA မ်ဳိးဗီဇအပြားေလးက အပူခ်ိန္ (၄) ဒီဂရီအထက္ဆိုရင္ သူက ပ်က္ဆီးသြားတယ္။ အခု ဒီနည္းပညာကလည္း RNA ကို အေျခခံၿပီး လုပ္တဲ့နည္းပညာျဖစ္ေတာ့ သူကို စမ္းေနတဲ့အခ်ိန္မွာ က်မတို႔က protocol အတိုင္းပဲ (၄) ဒီဂရီေအာက္မွာ ထားရတယ္။ ဒါေပမဲ့ ဥပမာ တျခားကုမၸဏီ Johnson & Johnson ကုမၸဏီဆိုရင္ (၄) ဒီဂရီမွာ ထားတဲ့အတြက္ေၾကာင့္မို႔ (၄) ဒီဂရီမွာ ထားလို႔ရတယ္လုိ႔ ေျပာတယ္။ Moderna ဆိုရင္ေတာ့ စလုပ္ကတည္းက Minus 20 Celsius မွာ ထားတဲ့အတြက္ေၾကာင့္မို႔ Minus twenty (-20) မွာ ထားရမယ္။ Pfizer ဆိုရင္ေတာ့ လုပ္ေဆာင္ေနတဲ့ ကာလတေလွ်ာက္လံုးမွာ Minus eighty (-80) Celsius ထားသိုးခဲ့တဲ့အတြက္ သူတုိိ႔ေတြရဲ ႔ ထားသိုးရမယ့္ အေျခအေနက Minus eighty ျဖစ္တယ္။ ဒါေပမဲ့ မရဘူးလား - အန္တီေျပာသလို - တျခားပူတဲ့အခ်ိန္၊ အေျခအေနမွာ ထားလို႔မရဘူးလားဆိုတာကေတာ့ ရလား၊ မရလား ဆိုတာကို က်မတို႔က လံုေလာက္တဲ့ စမ္းသပ္မႈေတြ မရိွေသးဘူး။ Set Protocol က ရိွေနၿပီတဲ့အခါၾကေတာ့ အပူခ်ိန္ကို တိုးၿပီးေတာ့ မစမ္းရေသးဘူး။ မစမ္းရေသးတဲ့အတြက္ ဒါက (၄) ဒီဂရီမွာထားလို႔ ရႏိုင္တယ္ဆိုရင္ (၄) ဒီဂရီမွာ ထားလို႔ရတယ္ဆိုရင္ သာမန္ေရခဲေသတၱာ၊ ေရမခဲတဲ့အပိုင္း ေအာက္ဘက္ျခမ္းအကန္႔က (၄) ဒီဂရီ စင္တီဂရိတ္ ရိွတယ္။ အေပၚပိုင္းအကန္႔သည္ အေအးဆံုးအခ်ိန္ကို ေရာက္မယ္ဆိုရင္ Minus twenty (-20) စင္တီဂရိတ္အထိ ထားႏိုင္တယ္။ က်မတို႔ ဓါတ္ခြဲခန္းထဲမွာ သံုးတဲ့အရာရဆုိရင္ Minus twenty ကို ေနရာမေလာက္ရင္ ေရခဲေသတၱာအေပၚပိုင္းအကန္႔မွာ အေအးဆံုးကို ေရႊ ႔ၿပီးေတာ့ ထားတယ္။ အဲဒီလိုမ်ဳိးအေနနဲ႔ ပို႔ေဆာင္ၿပီး သံုးလို႔ရပါတယ္။

ေမး ။ ။ ကာကြယ္ေဆးကို ယံုယံုၾကည္ၾကည္နဲ႔ ထိုးသင့္လား၊ မထိုးသင့္လား လူတုိင္းက ဇေဝဇဝါ ျဖစ္ေနပါတယ္။ ဆိုေတာ့ ဒီလိုမ်ဳိး ကာကြယ္ေဆးလည္း ရၿပီ၊ လူေတြလည္း ထုိးရေတာ့မယ္ဆုိေတာ့ ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီးေတာ့ ယံုၾကည္စိတ္ခ်ရမႈကို နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ အေမရိကမွာ အခု Moderna ဆိုရင္ အေမရိကန္ FDA ကေန သူတုိ႔ကို ျဖတ္ရမယ္ဆိုတဲ့ဟာက ေတာ္ေတာ္ေလး ခက္ခဲတယ္။ အေမရိကန္ FDA ကို လက္ခံေအာင္ ခြင့္ျပဳမိန္႔ ေတာင္းႏိုင္တဲ့ အေျခအေန ေရာက္တဲ့အထိကို လုပ္ခဲ့ၿပီးေတာ့ ဟုိကလည္း ခြင့္ျပဳမိန္႔ ေပးခဲ့ၿပီဆိုရင္ ဒါက အေမရိကန္ FDA က ရက္ (၆၀) ထိုးၿပီးတဲ့ လူေတြအကုန္လံုးနဲ႔ အခုပါဝင္တဲ့ လူေတြရဲ ႔ တစ္ဝက္။ Moderna ဆိုရင္ လူ (၃) ေသာင္း ပါဝင္ခဲ့တယ္။ Pfizer ဆိုရင္ လူ (၄) ေသာင္း (၃) ေထာင္ ပါဝင္ခဲ့တယ္။ အဲဒီမွာ ဒီလူေတြရဲ ႔ တစ္ဝက္မွာ ကာကြယ္ေဆးကို လက္ခံရရိွၿပီးေတာ့ အဆင့္ (၂) ဆင့္ ထုိးရတယ္ဆိုေတာ့ ေနာက္ဆံုးအဆင့္ ဒုတိယအႀကိမ္ ထိုးထားတဲ့ဟာက ေဆးပတ္ျပည့္သြားၿပီးေတာ့ ရက္ (၆၀) အတြင္းမွာ ေဘးထြက္ဆိုးက်ဳိး ရိွသလား၊ မရိွဘူးလားဆိုတာကို FDA က ေစာင့္ၾကည့္တယ္။ ေဘးထြက္ဆုိးက်ဳိး မရိွဘူးဆိုတာကို ျပႏုိင္တယ္ဆိုေတာ့မွ FDA ကို ခြင့္ျပဳဖို႔ေတာင္းဖို႔အတြက္ တင္လို႔ရတဲ့အဆင့္ကို ေရာက္တာ။ အခုၾကေတာ့ ခြင့္ျပဳမိန္႔ ေတာင္းထားတဲ့ ႏွစ္ခုစလံုးက ေဘးထြက္ဆိုးက်ဳိး - လူေသတာ၊ အရမ္းဆိုးတဲ့ ေဘးထြက္ဆိုးက်ဳိးေတြ မရိွဘူးဆိုတာကို အာမခံႏိုင္တာေၾကာင့္ ခြင့္ျပဳမိန္႔ ေတာင္းထားၿပီးဆိုေတာ့ ရခဲ့တယ္ဆိုရင္ေတာ့ က်န္တဲ့ ျမန္မာႏုိင္ငံ အမ်ားျပည္သူေတြလည္း စိတ္ခ်စြာနဲ႔ ယံုယံုၾကည္ၾကည္နဲ႔ ထုိးလုိ႔ရတယ္။ အဲဒီလိုမ်ဳိး ေျပာလို႔ရပါတယ္။

ေမး ။ ။ FDA ကေန ခြင့္ျပဳမိန္႔ ေတာင္းထားတာ ကုမၸဏီ ဘယ္ႏွစ္ခုေလာက္ ရိွသလဲ။ ေဆးဘယ္ႏွစ္မ်ဳိးေလာက္ ရိွပါသလဲ။

ေျဖ ။ ။ အခုလက္ရိွမွာက FDA ကေန ခြင့္ျပဳမိန္႔ ေတာင္းထားတာက နွစ္ခု ရိွတယ္။ Pfizer ကေတာ့ ပထမဦးဆံုး ေတာင္းခဲ့တယ္။ ေနာက္ၿပီးေတာ့ Moderna ပါတယ္။ FDA က အႀကံေပးအဖြဲ႔နဲ႔ ေဆြးေႏြးမယ္။ Data ေတြကို Review လုပ္မယ္။ အခုၾကည့္ထားတဲ့ လူေတြအကုန္လံုးက ဘယ္လိုလူမ်ဳိးေတြမွာ ေရာဂါကူးခံရသလဲ။ ဘယ္လိုလူမ်ဳိးေတြမွာ side-effects ေဘးထြက္ဆိုးက်ဳိးမ်ားလဲ။ ဒါမ်ဳိးေတြကို ၾကည့္ၾကလိမ့္မယ္။ လက္ခံသင့္၊ မလက္ခံသင့္ဆုိတာကို သူတုိ႔ေဆြးေႏြးမယ့္ဟာက ဒီဇင္ဘာလ (၁၀) ရက္ေန႔မွာ Pfizer ျဖစ္ၿပီး၊ Moderna က ဒီဇင္ဘာလ (၁၇) ရက္ေန႔မွာ သူတုိ႔ေဆြးေႏြးၿပီးေတာ့ Pass ေပးလိမ့္မယ္။

ေမး ။ ။ ကိုဗစ္-၁၉ အတြက္ ကာကြယ္ေဆးေတြက ႏွစ္ဆင့္ ထုိးရတယ္ဆိုေတာ့ ဒီႏွစ္ဆင့္က ဘယ္ေလာက္ၾကာၾကာ ခံမလဲ။ အဲဒါေလးကိုလည္း နည္းနည္းေျပာျပေပးပါ။

ေျဖ ။ ။ ႏွစ္ဆင့္ထုိးရတယ္ဆိုၿပီးေတာ့ ေျပာတာက ပထမအဆင့္မွာ နည္းနည္း Dose နည္းတာကို ထည့္မယ္။ spike protein ကို ေျပာတာေပါ့ - spike protein ကိုေတာ့ အမ်ားျပည္သူေတြလည္း သိေလာက္မွာပါ - ဗိုင္းရပ္စ္က ၾကက္ေမာက္သီးပံုစံ ရိွတယ္ဆိုရင္ ၾကက္ေမာက္သီးေပၚက ဆူးခၽြန္ေလးေတြကို spike လို႔ ေခၚတယ္။ spike protein ကို အသံုးျပဳၿပီးေတာ့ spike protein ထုတ္တဲ့ RNA အပိုင္းေလးကို ပြားယူၿပီးေတာ့ ထုိးထည့္ေပးလိုတယ္။ အဲဒီ mNRA က ကိုယ္ထဲေရာက္သြားတဲ့အခါမွာ spike protein ပါေနတဲ့အတြက္ေၾကာင့္မို႔ ခႏၶာကိုယ္ရဲ ႔ ခုခံအားက ဗိုင္းရပ္စ္ပဲ ဆိုၿပီးေတာ့ စၿပီးေတာ့ သူ႔ရဲ ႔ ခုခံအားစနစ္ကို စၿပီးေတာ့ စက္ႏိႈးေပးတယ္ - activate လုပ္တယ္။ ဒါေပမဲ့ ဗိုင္းရပ္စ္အစစ္ မဟုတ္ဘူး။ Spike ပဲ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ တကယ္တမ္း ဗိုင္းရပ္စ္အလံုး ဝင္တဲ့အခ်ိန္မွာ Spike ကို ေတြ႔ၿပီဆိုတာနဲ႔ ခႏၶာကိုယ္ရဲ ႔ ခုခံအားက ဒါက ငါတို႔အရင္တုန္းက ေတြ႔ခဲ့ဖူးတယ္ဆိုၿပီး အလုပ္လုပ္တာ။ သူရဲ ႔ immunity ခုခံအားစနစ္က ဘယ္ေလာက္ခံသလဲဆိုတဲ့ ေမးခြန္းမွာဆိုလို႔ရိွရင္ အခုေလာေလာဆယ္အထိ Moderna ဆိုိရင္ ဇူလိုင္လ (၂၇) မွာ စတယ္။ ၾသဂုတ္မွာ သူ႔ရဲ ႏွစ္ဆင့္ကို ထိုးရတယ္ဆိုေတာ့ ပထမအဆင့္ ထိုးတယ္။ ထုိးၿပီးေတာ့ နည္းနည္း Dose မ်ားတာနဲ႔ ဒုတိယအႀကိမ္ ထိုးတယ္။ ရက္သတၱပတ္နည္းနည္းခြါၿပီးေတာ့ ထုိးရတာေပါ့။ တစ္ခုက ႏွစ္ပတ္၊ တစ္ခုက သံုးပတ္ ခြါၿပီးေတာ့ ထိုးလိုက္တယ္ဆိုရင္ စုစုေပါင္း Dose ျပည့္ေအာင္ ကာကြယ္ေဆးျပည့္ေအာင္ ထိုးရတာက တစ္လ ၾကာတယ္။ တစ္လၿပီးသြားရင္ ေနာက္ထပ္ ႏွစ္လအတြင္း - အခု ဇူလိုင္က ထုိးတယ္။ ၾသဂုတ္လမွာ တစ္ႀကိမ္ထပ္ထိုးတယ္။ ၿပီးေတာ့ စက္တင္ဘာ၊ ေအာက္တိုဘာ၊ ႏိုဝင္ဘာ (၃) လ ေစာင့္ၾကည့္ထားတယ္။ အခုေလာေလာဆယ္အထိက ကာကြယ္ေဆးတစ္ခုရဲ ႔ ကာကြယ္ေပးႏုိင္တဲ့ သက္တမ္းက (၃) လ ဆိုၿပီးေတာ့ ေျပာလို႔ ရႏုိင္တယ္။ ဒါေပမဲ့ အဲဒီသက္တမ္းက ဘယ္ေလာက္ ရွည္သြားတယ္ဆိုတာကိုေတာ့ အခု အခ်ိန္နည္းနည္း လိုေသးတယ္။ အခုမွ ဒီဇင္ဘာပဲ ရိွေသးတယ္ဆိုေတာ့ ဒီဇင္ဘာမွာ ခံႏုိင္ေသးလားဆိုတာကို ထိုးထားတဲ့ လူေတြကို ေစာင့္ၾကည့္ရမယ္။ ေနာက္ႏွစ္ ဇန္နဝါရီ ခံႏိုင္ေသးလားဆိုတာကို ဒီလူေတြကို ေစာင့္ၾကည့္ရမယ္။ ဒါကေတာ့ Phase-3 မဟုတ္ေတာ့ဘဲ၊ Clinical Trial Phase 4 ထဲ ေရာက္ရိွေနပါၿပီ။ ဒီအခ်ိန္မွာေတာ့ အျခားအမ်ားျပည္သူ Public ထိုးေပးဖုိ႔အတြက္ ေပးေနပါၿပီ။ ဒါက သူတုိ႔ data ကို ဆက္ၿပီးေတာ့ ဘယ္ေလာက္ခံတယ္ဆိုတာကို ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

ေမး ။ ။ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ မခင္ဇာဝင္းျပည့္။


==Unicode===

ကမ္ဘာတလွှာ လူပေါင်း တစ်သန်းခွဲကျော် သေဆုံးလာပြီဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါအတွက် အမေရိကန်ဆေးကုမ္ပဏီတွေရဲ့ အလားအလာကောင်းတဲ့ ကာကွယ်ဆေးတွေ စိတ်ချရမှုအတိုင်းအတာနဲ့ ပတ်သက်ပြီး အဏုဇီဝဗေဒပညာရှင် မခင်ဇာဝင်းပြည့် ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ မခင်ဇာဝင်းပြည့်။ ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေး ပေါ်နေပါပြီ။ လူတွေကို စမ်းပြီးတော့ ထိုးပေးဖို့ အစိုးရတွေက လုပ်နေကြပါပြီ။ ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ အဏုဇီဝဗေဒပညာရှင် လေ့လာနေတာ စိတ်ချရမှု ရှိမရှိ၊ အတိုင်းအတာ ဘယ်လောက်ရှိသလဲဆိုတာကို သိချင်ပါတယ်။

ဖြေ ။ ။ မင်္ဂလာပါ။ စိတ်ချရတယ်ဆိုတာကတော့ အခု အမေရိကရဲ့ FDA (Food and Drug Administration) ဆီမှာ ခွင့်ပြုမိန့်တောင်းထားတာ Moderna ကုမ္ပဏီနဲ့ Pfizer ကုမ္ပဏီ နှစ်ခုက ခွင့်ပြုမိန့်တောင်းထားတာ ရှိတယ်။ ဒီဇင်ဘာထဲမှာ အခြေအနေ ဘယ်လိုလဲဆိုတာကို သိရမယ်။ ဒါပေမဲ့ သူတို့ဆီက ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ ဖွင့်ပြထားတဲ့ဟာမှာ သူတို့ရဲ့ အချက်အလက် Data မှာဆိုရင် အခုကတော့ (၉၅%) Efficacy ဆေးအာနိသင် ပြတယ်ဆိုတော့ ရောဂါကူးစက်မှု မခံရတော့ဘူးပေါ့။ နောက်ကုမ္ပဏီတစ်ခုကတော့ (၉၄.၁%) ကာကွယ်မှုနှုန်း ပေးနိုင်တယ်ဆိုတော့ ဒါက ကာကွယ်ဆေး standard တစ်ခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ရခဲ့တဲ့ ကာကွယ်ဆေးတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီကာကွယ်ဆေးတွေရဲ့ အာနိသင်က တော်တော်လေးကို အကျိုးသက်ရောက်မှု ရှိတယ်။ ဘေးထွက်ဆိုးကျိုးလည်း မရှိဘဲနဲ့ အကျိုးသက်ရောက်မှု ရှိတဲ့အတွက် စိတ်ချရတဲ့ ကာကွယ်ဆေးဆိုပြီး ပြောနိုင်ပါတယ်။

မေး ။ ။ စိတ်ချရတဲ့ ကာကွယ်ဆေးအတွက်ကို အများသိထားတာက ကာကွယ်ဆေးတစ်ခုက နှစ်နဲ့ချီပြီးတော့ စမ်းသပ်ကြတယ်လို့ သိရပါတယ်။ ဒီစမ်းသပ်မှုက တစ်နှစ်တောင် မပြည့်သေးဘူး။ ဒီနှစ်အတွင်းမှာပဲ ကာကွယ်ဆေး ရလာတယ်ဆိုတော့ ဒီကာကွယ်ဆေးက ဘာကြောင့် စိတ်ချရတယ်လို့ သူတို့ အာမခံပြီး ရဲရဲကြီး ပြောနိုင်တာလဲ။ ဒီကာကွယ်ဆေးရဲ့ အလုပ်လုပ်ပုံကို နည်းနည်းရှင်းပြပေးပါ။

ဖြေ ။ ။ ဒီကာကွယ်ဆေးက တခြားကာကွယ်ဆေးတွေနဲ့ မတူတာက တော်တော်များများလည်း မြန်မာနိုင်ငံမှာ သိကြမှာက mRNA ကို အခြေခံပြီး ထုတ်ကြတဲ့ ကာကွယ်ဆေးပါ။ Pfizer နဲ့ Moderna ထုတ်တဲ့ ကာကွယ်ဆေးနှစ်ခုစလုံးဟာ mRNA ကို အခြေခံပြီးတော့ ထုတ်တဲ့ ကာကွယ်ဆေး။ mRNA အရှည်က messenger RNA - သူ့ရဲ့ မျိုးဗီဇအပွား - ဗိုင်းရပ်စ်က ရှိနေတဲ့ မျိုးဗီဇ RNA – genomic RNA ကနေ ပွားပြီးထုတ်ထားတဲ့ messenger RNA ပွားပြီး ထုတ်ထားတာ။ ဒီမျိုးဗီဇအပွားကို အခြေခံတဲ့ နည်းပညာက အရမ်းအဖိုးတန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သာမရိုးကျ ကာကွယ်ဆေးတွေမှာဆိုရင် အခုန အန်တီပြောသလိုပဲ နှစ်နဲ့ချီပြီးတော့ ဒီကာကွယ်ဆေးတစ်ခု ဖြစ်လာဖို့အတွက် အဆင့်ပေါင်းများစွာ လုပ်ရတယ်။ သတ္တဝါအဆင့်မှာ စမ်းရတယ်။ သတ္တဝါအရှင်အဆင့်မှာ စမ်းပြီးမှ လူဆီကို ရောက်တယ်။ အခု ကာကွယ်ဆေး ဖြစ်လာဖို့ဆိုတာက စမ်းသပ်တဲ့ဟာက နှစ်နဲ့ဆိုရင် (၅) နှစ် (၇) နှစ်လောက်ကနေ (၁၀) နှစ်လောက်ကို သွားတယ်။

အရင် Philadelphia ပြည်နယ်မှာတုန်းက လုပ်ခဲ့တဲ့ အတွေ့အကြုံအရဆိုရင် သူက သတ္တဝါမဲ့၊ သတ္တဝါရှိ အဆင့်တွေမှာ စမ်းသပ်မယ်ဆိုရင် အရင်ဆုံး ဘာလုပ်ရသလဲဆိုရင် ဗိုင်းရပ်စ်ကို isolate လုပ်ရတယ်ဆိုတာ ဗိုင်းရပ်စ်ကို ခွဲထုတ်ပေးရတယ်။ သူ့ရဲ့ ဗိုင်းရပ်စ်ပုံစံလေး မပျက်ရအောင် ခွဲထုတ်ပေးရတယ်။ ဒီလိုခွဲထုတ်ဖို့ဆိုရင် ဒီဗိုင်းရပ်တစ်ခုလုံး အလုံးလေးတစ်လုံး မပျက်သွားအောင် Cell ထဲကို အရင်သွင်းရတယ်။ Cell ထဲမှာ အပွားခံရတယ်။ အပွားခံပြီးတော့မှ ပြန်ပြီးတော့ Cell ထဲက ပြန်ဖောက်ထွက်လာတဲ့ဟာကို ကျမတို့က Filter တွေနဲ့ အဆင့်ဆင့်ယူပြီးတော့ ခွဲထုတ်ပေးရတယ်။ ခွဲထုတ်ပြီးတော့မှ Minus 80 ရေခဲသေတ္တာထဲမှာ သိမ်းထားပြီးမှ သတ္တဝါမဲ့စနစ်မှာ ပြန်စမ်းရတယ်။ အဲဒီတော့မှ ဆေးပြန်ဖြစ်တယ်။

အဲဒီစနစ် အဲဒီအခြေခံအဆင့်ဆင့်တစ်ခုလုံးကို အခုက မလိုတော့ဘူး ဖြစ်သွားတယ်။ ဒီ mNRA တစ်ခုကို သုံးလိုက်တဲ့အချိန်မှာ ဒီ mNRA အပိုင်းလေးတစ်ခု ရသွားပြီဆိုတဲ့အခါမှာ ဒီကနေ သတ္တဝါမဲ့စနစ် Cell နဲ့ စမ်းတဲ့စနစ်ကို တန်းပြီးတော့ သွားလို့ရတယ်။ ဗိုင်းရပ်စ်ကို ပြန်ပြီးတော့ Isolated လုပ်ပေးရတယ်။ အဲဒီအဆင့်တွေမှာ Isolated လုပ်ခဲ့တဲ့ ဗိုင်းရပ်စ်က လိုချင်တဲ့ ဗိုင်းရပ်စ် ဟုတ်လားမဟုတ်လား ပြန်ပြီးတော့ Confirm လုပ်ရတယ်။ ဒီစနစ်တွေ အကုန်လုံး အဆင့်တွေအကုန်လုံးက မလိုတော့ဘူး ဖြစ်သွားတယ်။ မလိုတော့ဘူးဆိုတော့ ဒီစနစ်တွေကို အရင်ဆုံး Perfect ဖြစ်အောင် လုပ်ရတဲ့ဟာက နှစ်နဲ့ချီကြာတယ်။ အခု ဒီအပိုင်းကို ဖယ်ထုတ်လိုက်တယ်။ mNRA တစ်ခုကို ယူလိုက်တယ်။ သတ္တဝါမဲ့စနစ်မှာ တန်းပြီးတော့ စမ်းလိုက်တယ်။ စမ်းလိုက်တဲ့အခါကြတော့ ဘယ်လိုမျိုး ဖြစ်သွားသလဲဆိုတော့ အခု အချိန်တွေက ဘယ်လောက်ပိုသွားသလဲဆိုရင် ဇန်နဝါရီလ (၉) ရက်နေ့မှာ တရုတ်ပြည်ကနေ ဒီမျိုးဗီဇကို အင်တာနက်ပေါ် တင်လိုက်တယ်။ အဲဒီမျိုးဗီဇ data – genetic sequence ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ data ကို အင်တာနက်ပေါ် တင်လိုက်တယ်။ ဇန်နဝါရီလ (၁၀) ရက်နေ့မှာ US က Dr. Fauci ရဲ့ အကြံပေးအဖွဲ့နဲ့ Moderna ကုမ္ပဏီနဲ့ တွေ့ဆုံတယ်။ ဆွေးနွေးကြတယ်။ ဘယ်လိုလုပ်မလဲဆိုတာကို Experiment တွေ ဒီဇိုင်းဆွဲကြတယ်။ အစီအစဉ်ဆွဲပြီးတဲ့အခါကြတော့ ရက်ပိုင်းအတွင်းမှာ Phase 1 အဆင့်တစ် စဖို့အတွက်ကို လုံလောက်တဲ့ Data ရသွားတယ်။ Phase-1 ဆိုတာ လူနဲ့စမ်းသပ်ဖို့ အဆင့်ဆင့်စမ်းသပ်ဖို့ ဆယ်ဂဏန်းနဲ့ စမ်းသပ်ဖို့အတွက် လုံလောက်တဲ့ အချက်အလက် data တွေ ရသွားခဲ့တယ်။

အဲဒီကနေ လပိုင်းအတွင်းမှာ သူတို့က Phase-3 လူအမြောက်အမြားနဲ့ စမ်းသပ်ဖို့အတွက် လုံလောက်တဲ့ data ရရှိသွားခဲ့တယ်။ Phase-3 ကို Moderna က စခဲ့တာက ဇူလိုင် (၂၇) ရက်နေ့မှာ စခဲ့တယ်။ ဇူလိုင် (၂၇) ရက်နေ့မှာ Phase-3 စခဲ့ပြီးတော့ သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလလောက်မှာ သူတို့က စပြီးတော့ ပြီးနေပြီ။ ဒါက ဘယ်လိုအခြေအနေ ရှိနေပြီဆိုတာကို ပြောနိုင်ပြီ။ နိုဝင်ဘာမှာ သူတို့ သေချာတိကျတဲ့အခြေအနေ ဘယ်လောက်ရာခိုင်နှုန်း ဆိုတာတွေကို သူတို့ စပြီးတော့ ထုတ်လာတယ်။ နိုဝင်ဘာလ တတိယပတ်မှာ Moderna ဆိုရင် (၉၄.၁)% ကာကွယ်ပေးတယ်။ (၁၀၀)% ကာကွယ်ဆေး လက်ခံရရှိသောလူတွေသည် ရောဂါပြင်းထန်တဲ့အဆင့်ကို မရောက်သွားတော့ဘူး။ သူတို့ နောက်ဆုံးပြောလိုက်တဲ့ ကြေညာနိုင်တဲ့အဆင့်ကို ရောက်သွားပြီဆိုတော့ သူတို့က FDA ကို ခွင့်ပြုမိန့် တောင်းထားတာ ဖြစ်လာပါတယ်။

မေး ။ ။ ဆိုတော့ အခုလိုမျိုး ဒီဆေးတွေကို ထုတ်နိုင်ပြီ။ Phase-3 လည်း စမ်းသပ်ပြီးပြီ။ စိတ်ချရပြီလို့လည်း ပြောတယ်။ ဒါပေမဲ့ ဒီဆေးတွေကို ဖြန့်တဲ့အခါမှာ အပူချိန်က မြင့်လို့မရဘူး။ အရမ်းအေးမှ ဖြစ်တယ်ဆိုတဲ့ အခြေအနေ ရှိနေတယ်။ ဆိုတော့ ဒီဟာက မြန်မာနိုင်ငံလိုမျိုး အပူပိုင်းနိုင်ငံတွေကို ဒီဆေးတွေ ပိုမယ်ဆိုရင် ဒီဆေးရဲ့ အာနိသင် အခြေအနေ ဘယ်လိုဖြစ်သွားနိုင်မယ့်ဆိုတာကို နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ ကျမတို့ Lab ထဲမှာ စမ်းသပ်မှုအရဆိုရင်တော့ mRNA ပဲဖြစ်ဖြစ်၊ ဘယ်လို RNA ပဲ ဖြစ်ဖြစ်၊ RNA ကို ထားသိုးတဲ့ အပူချိန်က minus twenty or minus eighty (-20 or -80) မှာ ထားရတယ်။ သူက ဘာဖြစ်လို့လဲဆိုတော့ သူ့ RNA မျိုးဗီဇအပွားလေးက အပူချိန် (၄) ဒီဂရီအထက်ဆိုရင် သူက ပျက်ဆီးသွားတယ်။ အခု ဒီနည်းပညာကလည်း RNA ကို အခြေခံပြီး လုပ်တဲ့နည်းပညာဖြစ်တော့ သူကို စမ်းနေတဲ့အချိန်မှာ ကျမတို့က protocol အတိုင်းပဲ (၄) ဒီဂရီအောက်မှာ ထားရတယ်။ ဒါပေမဲ့ ဥပမာ တခြားကုမ္ပဏီ Johnson & Johnson ကုမ္ပဏီဆိုရင် (၄) ဒီဂရီမှာ ထားတဲ့အတွက်ကြောင့်မို့ (၄) ဒီဂရီမှာ ထားလို့ရတယ်လို့ ပြောတယ်။ Moderna ဆိုရင်တော့ စလုပ်ကတည်းက Minus 20 Celsius မှာ ထားတဲ့အတွက်ကြောင့်မို့ Minus twenty (-20) မှာ ထားရမယ်။ Pfizer ဆိုရင်တော့ လုပ်ဆောင်နေတဲ့ ကာလတလျှောက်လုံးမှာ Minus eighty (-80) Celsius ထားသိုးခဲ့တဲ့အတွက် သူတို့တွေရဲ့ ထားသိုးရမယ့် အခြေအနေက Minus eighty ဖြစ်တယ်။ ဒါပေမဲ့ မရဘူးလား - အန်တီပြောသလို - တခြားပူတဲ့အချိန်၊ အခြေအနေမှာ ထားလို့မရဘူးလားဆိုတာကတော့ ရလား၊ မရလား ဆိုတာကို ကျမတို့က လုံလောက်တဲ့ စမ်းသပ်မှုတွေ မရှိသေးဘူး။ Set Protocol က ရှိနေပြီတဲ့အခါကြတော့ အပူချိန်ကို တိုးပြီးတော့ မစမ်းရသေးဘူး။ မစမ်းရသေးတဲ့အတွက် ဒါက (၄) ဒီဂရီမှာထားလို့ ရနိုင်တယ်ဆိုရင် (၄) ဒီဂရီမှာ ထားလို့ရတယ်ဆိုရင် သာမန်ရေခဲသေတ္တာ၊ ရေမခဲတဲ့အပိုင်း အောက်ဘက်ခြမ်းအကန့်က (၄) ဒီဂရီ စင်တီဂရိတ် ရှိတယ်။ အပေါ်ပိုင်းအကန့်သည် အအေးဆုံးအချိန်ကို ရောက်မယ်ဆိုရင် Minus twenty (-20) စင်တီဂရိတ်အထိ ထားနိုင်တယ်။ ကျမတို့ ဓါတ်ခွဲခန်းထဲမှာ သုံးတဲ့အရာရဆိုရင် Minus twenty ကို နေရာမလောက်ရင် ရေခဲသေတ္တာအပေါ်ပိုင်းအကန့်မှာ အအေးဆုံးကို ရွှေ့ပြီးတော့ ထားတယ်။ အဲဒီလိုမျိုးအနေနဲ့ ပို့ဆောင်ပြီး သုံးလို့ရပါတယ်။

မေး ။ ။ ကာကွယ်ဆေးကို ယုံယုံကြည်ကြည်နဲ့ ထိုးသင့်လား၊ မထိုးသင့်လား လူတိုင်းက ဇဝေဇဝါ ဖြစ်နေပါတယ်။ ဆိုတော့ ဒီလိုမျိုး ကာကွယ်ဆေးလည်း ရပြီ၊ လူတွေလည်း ထိုးရတော့မယ်ဆိုတော့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးတော့ ယုံကြည်စိတ်ချရမှုကို နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ အမေရိကမှာ အခု Moderna ဆိုရင် အမေရိကန် FDA ကနေ သူတို့ကို ဖြတ်ရမယ်ဆိုတဲ့ဟာက တော်တော်လေး ခက်ခဲတယ်။ အမေရိကန် FDA ကို လက်ခံအောင် ခွင့်ပြုမိန့် တောင်းနိုင်တဲ့ အခြေအနေ ရောက်တဲ့အထိကို လုပ်ခဲ့ပြီးတော့ ဟိုကလည်း ခွင့်ပြုမိန့် ပေးခဲ့ပြီဆိုရင် ဒါက အမေရိကန် FDA က ရက် (၆၀) ထိုးပြီးတဲ့ လူတွေအကုန်လုံးနဲ့ အခုပါဝင်တဲ့ လူတွေရဲ့ တစ်ဝက်။ Moderna ဆိုရင် လူ (၃) သောင်း ပါဝင်ခဲ့တယ်။ Pfizer ဆိုရင် လူ (၄) သောင်း (၃) ထောင် ပါဝင်ခဲ့တယ်။ အဲဒီမှာ ဒီလူတွေရဲ့ တစ်ဝက်မှာ ကာကွယ်ဆေးကို လက်ခံရရှိပြီးတော့ အဆင့် (၂) ဆင့် ထိုးရတယ်ဆိုတော့ နောက်ဆုံးအဆင့် ဒုတိယအကြိမ် ထိုးထားတဲ့ဟာက ဆေးပတ်ပြည့်သွားပြီးတော့ ရက် (၆၀) အတွင်းမှာ ဘေးထွက်ဆိုးကျိုး ရှိသလား၊ မရှိဘူးလားဆိုတာကို FDA က စောင့်ကြည့်တယ်။ ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုတာကို ပြနိုင်တယ်ဆိုတော့မှ FDA ကို ခွင့်ပြုဖို့တောင်းဖို့အတွက် တင်လို့ရတဲ့အဆင့်ကို ရောက်တာ။ အခုကြတော့ ခွင့်ပြုမိန့် တောင်းထားတဲ့ နှစ်ခုစလုံးက ဘေးထွက်ဆိုးကျိုး - လူသေတာ၊ အရမ်းဆိုးတဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိဘူးဆိုတာကို အာမခံနိုင်တာကြောင့် ခွင့်ပြုမိန့် တောင်းထားပြီးဆိုတော့ ရခဲ့တယ်ဆိုရင်တော့ ကျန်တဲ့ မြန်မာနိုင်ငံ အများပြည်သူတွေလည်း စိတ်ချစွာနဲ့ ယုံယုံကြည်ကြည်နဲ့ ထိုးလို့ရတယ်။ အဲဒီလိုမျိုး ပြောလို့ရပါတယ်။

မေး ။ ။ FDA ကနေ ခွင့်ပြုမိန့် တောင်းထားတာ ကုမ္ပဏီ ဘယ်နှစ်ခုလောက် ရှိသလဲ။ ဆေးဘယ်နှစ်မျိုးလောက် ရှိပါသလဲ။

ဖြေ ။ ။ အခုလက်ရှိမှာက FDA ကနေ ခွင့်ပြုမိန့် တောင်းထားတာက နှစ်ခု ရှိတယ်။ Pfizer ကတော့ ပထမဦးဆုံး တောင်းခဲ့တယ်။ နောက်ပြီးတော့ Moderna ပါတယ်။ FDA က အကြံပေးအဖွဲ့နဲ့ ဆွေးနွေးမယ်။ Data တွေကို Review လုပ်မယ်။ အခုကြည့်ထားတဲ့ လူတွေအကုန်လုံးက ဘယ်လိုလူမျိုးတွေမှာ ရောဂါကူးခံရသလဲ။ ဘယ်လိုလူမျိုးတွေမှာ side-effects ဘေးထွက်ဆိုးကျိုးများလဲ။ ဒါမျိုးတွေကို ကြည့်ကြလိမ့်မယ်။ လက်ခံသင့်၊ မလက်ခံသင့်ဆိုတာကို သူတို့ဆွေးနွေးမယ့်ဟာက ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ Pfizer ဖြစ်ပြီး၊ Moderna က ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ သူတို့ဆွေးနွေးပြီးတော့ Pass ပေးလိမ့်မယ်။

မေး ။ ။ ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေးတွေက နှစ်ဆင့် ထိုးရတယ်ဆိုတော့ ဒီနှစ်ဆင့်က ဘယ်လောက်ကြာကြာ ခံမလဲ။ အဲဒါလေးကိုလည်း နည်းနည်းပြောပြပေးပါ။

ဖြေ ။ ။ နှစ်ဆင့်ထိုးရတယ်ဆိုပြီးတော့ ပြောတာက ပထမအဆင့်မှာ နည်းနည်း Dose နည်းတာကို ထည့်မယ်။ spike protein ကို ပြောတာပေါ့ - spike protein ကိုတော့ အများပြည်သူတွေလည်း သိလောက်မှာပါ - ဗိုင်းရပ်စ်က ကြက်မောက်သီးပုံစံ ရှိတယ်ဆိုရင် ကြက်မောက်သီးပေါ်က ဆူးချွန်လေးတွေကို spike လို့ ခေါ်တယ်။ spike protein ကို အသုံးပြုပြီးတော့ spike protein ထုတ်တဲ့ RNA အပိုင်းလေးကို ပွားယူပြီးတော့ ထိုးထည့်ပေးလိုတယ်။ အဲဒီ mNRA က ကိုယ်ထဲရောက်သွားတဲ့အခါမှာ spike protein ပါနေတဲ့အတွက်ကြောင့်မို့ ခန္ဓာကိုယ်ရဲ့ ခုခံအားက ဗိုင်းရပ်စ်ပဲ ဆိုပြီးတော့ စပြီးတော့ သူ့ရဲ့ ခုခံအားစနစ်ကို စပြီးတော့ စက်နှိုးပေးတယ် - activate လုပ်တယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်အစစ် မဟုတ်ဘူး။ Spike ပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ တကယ်တမ်း ဗိုင်းရပ်စ်အလုံး ဝင်တဲ့အချိန်မှာ Spike ကို တွေ့ပြီဆိုတာနဲ့ ခန္ဓာကိုယ်ရဲ့ ခုခံအားက ဒါက ငါတို့အရင်တုန်းက တွေ့ခဲ့ဖူးတယ်ဆိုပြီး အလုပ်လုပ်တာ။ သူရဲ့ immunity ခုခံအားစနစ်က ဘယ်လောက်ခံသလဲဆိုတဲ့ မေးခွန်းမှာဆိုလို့ရှိရင် အခုလောလောဆယ်အထိ Moderna ဆိုရင် ဇူလိုင်လ (၂၇) မှာ စတယ်။ သြဂုတ်မှာ သူ့ရဲ နှစ်ဆင့်ကို ထိုးရတယ်ဆိုတော့ ပထမအဆင့် ထိုးတယ်။ ထိုးပြီးတော့ နည်းနည်း Dose များတာနဲ့ ဒုတိယအကြိမ် ထိုးတယ်။ ရက်သတ္တပတ်နည်းနည်းခွါပြီးတော့ ထိုးရတာပေါ့။ တစ်ခုက နှစ်ပတ်၊ တစ်ခုက သုံးပတ် ခွါပြီးတော့ ထိုးလိုက်တယ်ဆိုရင် စုစုပေါင်း Dose ပြည့်အောင် ကာကွယ်ဆေးပြည့်အောင် ထိုးရတာက တစ်လ ကြာတယ်။ တစ်လပြီးသွားရင် နောက်ထပ် နှစ်လအတွင်း - အခု ဇူလိုင်က ထိုးတယ်။ သြဂုတ်လမှာ တစ်ကြိမ်ထပ်ထိုးတယ်။ ပြီးတော့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ (၃) လ စောင့်ကြည့်ထားတယ်။ အခုလောလောဆယ်အထိက ကာကွယ်ဆေးတစ်ခုရဲ့ ကာကွယ်ပေးနိုင်တဲ့ သက်တမ်းက (၃) လ ဆိုပြီးတော့ ပြောလို့ ရနိုင်တယ်။ ဒါပေမဲ့ အဲဒီသက်တမ်းက ဘယ်လောက် ရှည်သွားတယ်ဆိုတာကိုတော့ အခု အချိန်နည်းနည်း လိုသေးတယ်။ အခုမှ ဒီဇင်ဘာပဲ ရှိသေးတယ်ဆိုတော့ ဒီဇင်ဘာမှာ ခံနိုင်သေးလားဆိုတာကို ထိုးထားတဲ့ လူတွေကို စောင့်ကြည့်ရမယ်။ နောက်နှစ် ဇန်နဝါရီ ခံနိုင်သေးလားဆိုတာကို ဒီလူတွေကို စောင့်ကြည့်ရမယ်။ ဒါကတော့ Phase-3 မဟုတ်တော့ဘဲ၊ Clinical Trial Phase 4 ထဲ ရောက်ရှိနေပါပြီ။ ဒီအချိန်မှာတော့ အခြားအများပြည်သူ Public ထိုးပေးဖို့အတွက် ပေးနေပါပြီ။ ဒါက သူတို့ data ကို ဆက်ပြီးတော့ ဘယ်လောက်ခံတယ်ဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ် မခင်ဇာဝင်းပြည့်။

XS
SM
MD
LG