သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Joe Biden ကို ေ႐ြးေကာက္ခံသမၼတအျဖစ္ Mitch McConnell က အသိအမွတ္ျပဳ


ေရြးေကာက္ခံသမၼတ Joe Biden နဲ႔ ေရြးေကာက္ခံဒုသမၼတ Kamala Harris

{{Zawgyi/Unicode}}

Joe Biden ကို ေ႐ြးေကာက္ခံသမၼတအျဖစ္ အေမရိကန္အထက္လႊတ္ေတာ္အမတ္ အမ်ားစုေခါင္းေဆာင္ Mitch McConnell က ပထမဆုံးအႀကိမ္ အသိအမွတ္ျပဳလိုက္ပါတယ္။
အဂၤါေန႔က အထက္လႊတ္ေတာ္မွာ ေျပာၾကားခဲ့တဲ့ သူ႔ရဲ႕မိန႔္ခြန္းမွာ-

” ေ႐ြးေကာက္ခံသမၼတ Joe Biden ကိုဒီကေန႔မွာ က်ေနာ္ ဂုဏ္ျပဳခ်င္ပါတယ္။ အထက္လႊတ္ေတာ္အတြက္ ေ႐ြးေကာက္ခံ သမၼတဟာ လူစိမ္းတေယာက္မဟုတ္ပါဘူး။ သူကိုယ္တိုင္လည္း ႏွစ္ေပါင္းမ်ားစြာ ျပည္သူ႔ဝန္ေဆာင္မႈလုပ္ငန္းေတြမွာ ပါဝင္ခဲ့သူပါ။ ေနာက္ၿပီး ေ႐ြးေကာက္ခံ ဒုသမၼတ ကယ္လီဖိုးနီးယား အထက္လႊတ္ေတာ္အမတ္ Kamala Harris ကိုလည္း က်ေနာ္ဂုဏ္ျပဳပါတယ္။ က်ေနာ္တို႔ရဲ႕သေဘာထား ကြဲျပားျခားနားမႈေတြလြန္ၿပီးၾကည့္မယ္ဆိုရင္ အေမရိကန္ႏိုင္ငံသားအားလုံး ဂုဏ္ယူရမွာကေတာ့ က်ေနာ္တို႔ႏိုင္ငံမွာ ပထမဆုံးအႀကိမ္ အမ်ိဳးသမီး ဒုသမၼတ ရွိလာၿပီဆိုတာပဲျဖစ္ပါတယ္။”

အခုလို ရီပါပလင္ကန္ေခါင္းေဆာင္ရဲ႕ မိန႔္ခြန္းဟာ ေ႐ြးေကာက္ပြဲမွာ သမၼတ Donald Trump ရႈံးနိမ့္မႈနဲ႔ ပတ္သက္လို႔ သူတို႔ဘက္က သီတင္းပတ္အတန္ၾကာ ႏႈတ္ဆိတ္ေနမႈကိုလည္း အဆုံး သတ္ေစခဲ့ပါတယ္။

တနလၤာေန႔က Electoral College လို႔ေခၚတဲ့ သမၼတေ႐ြးခ်ယ္ေရးအဖြဲ႕ကေန ျပည္နယ္ကိုယ္စားျပဳမဲ အေရအတြက္ စုစုေပါင္း ၃၀၆ မဲနဲ႔ အႏိုင္ရရွိသူအျဖစ္ Joe Biden ကို တရားဝင္ေၾကညာခဲ့ၿပီးေနာက္ Mitch McConnell က တရား၀င္ အသိအမွတ္ျပဳေၾကာင္း ေျပာၾကားခဲ့တာျဖစ္သလို၊ အျခားရီပါပလင္ကန္ အထက္လႊတ္ေတာ္အမတ္ေတြအေနနဲ႔လည္း ေရြးေကာက္ပဲြမွာ Biden အႏိုင္ရရွိတာကို ၀န္ခံေျပာၾကားဖို႔ အခ်ိန္တန္ၿပီလို႔လည္း သူရဲ႕မိန္႔ခြန္းမွာ တိုက္တြန္းသြားပါတယ္။

တခ်ိန္တည္းမွာပဲ အေမရိကန္မွာ လူေထာင္ေပါင္းမ်ားစြာ အသက္ဆံုးရွဳံးခဲ့တဲ့ ကိုဗစ္-၁၉ ကပ္ေရာဂါအက်ပ္အတည္းကာလမွာ က်င္းပမယ့္ သမၼတ က်မ္းသစၥာက်ိန္ဆိုပဲြ အခမ္းအနားအတြက္ ျပည္သူ႔က်န္းမာေရး ကာကြယ္ေရးအစီအမံေတြကို ေရြးေကာက္ခံသမၼတ Joe Bidenရဲ႕ က်မ္းသစၥာက်ိန္ဆိုပဲြက်င္းပေရး ေကာ္မတီက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

က်မ္းသစၥာက်ိန္ဆိုပဲြက်င္းပရာမွာ အေမရိကန္ျပည္သူေတြအတြက္ လံုၿခံဳစိတ္ခ်ၿပီး COVID-19 ကူးစက္ျပန္႔ပြားမႈ တားဆီးႏိုင္ေရးစီမံမႈေတြနဲ႔ အတူ အေမရိကန္ရဲ႕အစဥ္အလာဓေလ့ထံုးတမ္းနဲ႕ အညီ ဂုဏ္ျပဳခ်ီးျမွင့္ႏိုင္ေရး ေသခ်ာေအာင္ လြႊတ္ေတာ္ေကာ္မတီနဲ႔ပူးေပါင္းၿပီး စီစဥ္ေဆာင္ရြက္ေနေၾကာင္း က်မ္းသစၥာက်ိန္ဆိုပဲြက်င္းပေရး ေကာ္မတီရဲ႕ ေၾကညာခ်က္မွာ ထုတ္ျပန္ထားပါတယ္။

၂၀၂၁ခုနွစ္ ဇန္နဝါရီလ ၂၀ ရက္ေန႔မွာ Biden နဲ႕ ေရြးေကာက္ခံ ဒုသမၼတ Kamala Harris တို႔ဟာ က်န္းမာေရးနဲ႔ လံုၿခံဳေရးဆိုင္ရာ စည္းမ်ဥ္းေတြရွိေနတဲ့ လႊတ္ေတာ္အေဆာက္အဦမွာ က်မ္းသစၥာက်ိန္ဆိုၾကမွာျဖစ္ၿပီး၊ အဲဒီေနာက္ Biden က အဖြင့္မိန္႔ခြန္းေျပာၾကားမွာျဖစ္ပါတယ္။

..................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

Joe Biden ကို ရွေးကောက်ခံသမ္မတအဖြစ် အမေရိကန်အထက်လွှတ်တော်အမတ် အများစုခေါင်းဆောင် Mitch McConnell က ပထမဆုံးအကြိမ် အသိအမှတ်ပြုလိုက်ပါတယ်။
အင်္ဂါနေ့က အထက်လွှတ်တော်မှာ ပြောကြားခဲ့တဲ့ သူ့ရဲ့မိန့်ခွန်းမှာ-

” ရွေးကောက်ခံသမ္မတ Joe Biden ကိုဒီကနေ့မှာ ကျနော် ဂုဏ်ပြုချင်ပါတယ်။ အထက်လွှတ်တော်အတွက် ရွေးကောက်ခံ သမ္မတဟာ လူစိမ်းတယောက်မဟုတ်ပါဘူး။ သူကိုယ်တိုင်လည်း နှစ်ပေါင်းများစွာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ပါဝင်ခဲ့သူပါ။ နောက်ပြီး ရွေးကောက်ခံ ဒုသမ္မတ ကယ်လီဖိုးနီးယား အထက်လွှတ်တော်အမတ် Kamala Harris ကိုလည်း ကျနော်ဂုဏ်ပြုပါတယ်။ ကျနော်တို့ရဲ့သဘောထား ကွဲပြားခြားနားမှုတွေလွန်ပြီးကြည့်မယ်ဆိုရင် အမေရိကန်နိုင်ငံသားအားလုံး ဂုဏ်ယူရမှာကတော့ ကျနော်တို့နိုင်ငံမှာ ပထမဆုံးအကြိမ် အမျိုးသမီး ဒုသမ္မတ ရှိလာပြီဆိုတာပဲဖြစ်ပါတယ်။”

အခုလို ရီပါပလင်ကန်ခေါင်းဆောင်ရဲ့ မိန့်ခွန်းဟာ ရွေးကောက်ပွဲမှာ သမ္မတ Donald Trump ရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ သူတို့ဘက်က သီတင်းပတ်အတန်ကြာ နှုတ်ဆိတ်နေမှုကိုလည်း အဆုံး သတ်စေခဲ့ပါတယ်။

တနင်္လာနေ့က Electoral College လို့ခေါ်တဲ့ သမ္မတရွေးချယ်ရေးအဖွဲ့ကနေ ပြည်နယ်ကိုယ်စားပြုမဲ အရေအတွက် စုစုပေါင်း ၃၀၆ မဲနဲ့ အနိုင်ရရှိသူအဖြစ် Joe Biden ကို တရားဝင်ကြေညာခဲ့ပြီးနောက် Mitch McConnell က တရားဝင် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့တာဖြစ်သလို၊ အခြားရီပါပလင်ကန် အထက်လွှတ်တော်အမတ်တွေအနေနဲ့လည်း ရွေးကောက်ပွဲမှာ Biden အနိုင်ရရှိတာကို ဝန်ခံပြောကြားဖို့ အချိန်တန်ပြီလို့လည်း သူရဲ့မိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်မှာ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါအကျပ်အတည်းကာလမှာ ကျင်းပမယ့် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် ပြည်သူ့ကျန်းမာရေး ကာကွယ်ရေးအစီအမံတွေကို ရွေးကောက်ခံသမ္မတ Joe Bidenရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပရာမှာ အမေရိကန်ပြည်သူတွေအတွက် လုံခြုံစိတ်ချပြီး COVID-19 ကူးစက်ပြန့်ပွားမှု တားဆီးနိုင်ရေးစီမံမှုတွေနဲ့ အတူ အမေရိကန်ရဲ့အစဉ်အလာဓလေ့ထုံးတမ်းနဲ့ အညီ ဂုဏ်ပြုချီးမြှင့်နိုင်ရေး သေချာအောင် လွှတ်တော်ကော်မတီနဲ့ပူးပေါင်းပြီး စီစဉ်ဆောင်ရွက်နေကြောင်း ကျမ်းသစ္စာကျိန်ဆိုပွဲကျင်းပရေး ကော်မတီရဲ့ ကြေညာချက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ Biden နဲ့ ရွေးကောက်ခံ ဒုသမ္မတ Kamala Harris တို့ဟာ ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေရှိနေတဲ့ လွှတ်တော်အဆောက်အဦမှာ ကျမ်းသစ္စာကျိန်ဆိုကြမှာဖြစ်ပြီး၊ အဲဒီနောက် Biden က အဖွင့်မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG