သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ိဳးဘိုင္ဒန္ကို အႏုိင္ရသမၼတအျဖစ္ သမၼတေရြးခ်ယ္ေရးအဖြဲ႔ အတည္ျပဳ 


ေရြးေကာက္ခံသမၼတဂ်ဳိးဘိုင္ဒင္

{{Zawgyi/Unicode}}

ျပီးခဲ့တဲ့ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ အႏုိင္ရဖို႔အတြက္ လိုအပ္တဲ့ Electoral Vote လို႔ခေၚတဲ့ ျပည္နယ္ကိုယ္စားျပဳ အထူးကိုယ္စားလွယ္ေတြရဲ႕ မဲ ၂၇၀ ေက်ာ္ကို ဒီ အထူးကိုယ္စားလွယ္ေတြပါ၀င္တဲ့ သမၼတ ေရြးခ်ယ္ေရးအဖြဲ႔က တနလၤာေန႔ကပဲ ဂ်ိဳးဘိုင္ဒန္ကို တရား၀င္ မဲေပး အတည္ျပဳ ေပးလိုက္ပါတယ္။
တျခားျပည္နယ္ေတြရဲ႕ ကိုယ္စားလွယ္မဲေတြ ထြက္လာျပီးေတာ့မွ ေနာက္ဆံုး ကယ္လီဖိုးနီးယားျပည္နယ္က ကိုယ္စားလွယ္မဲ ၅၅ မဲကို အတည္ျပဳေပးလုိက္ခ်ိန္မွာ မစၥတာ ဘိုင္ဒန္ဟာ အႏုိင္ရ သမၼတျဖစ္ဖို႔႔ လိုအပ္တဲ့ ကို္ယ္စားလွယ္မဲ ၂၇၀ ကို အမ်ားၾကီး ေက်ာ္လြန္ျပီး ၃၀၂ မဲအထိ တရား၀င္ရရွိသြားပါတယ္။
Hawaii ျပည္နယ္က ကိုယ္စားျပဳ ကိုယ္စားလွယ္မဲ ၄ မဲကိုလည္း မစၥတာ ဘိုင္ဒန္ပဲ ရရွိလိမ့္မယ္လို႔ ခန္႔မွန္းထားတာပါ။
သမၼတ အိုဘားမားအစိုးရလက္ထက္ ဒုသမၼတ တာ၀န္ထမ္းေဆာင္ခဲ့တဲ့ မစၥတာ ဘိုင္ဒန္ဟာ အေမရိကန္ႏုိင္ငံေရးမွာ အထင္ကရ ဒီမိုကရက္တဦးအေနနဲ႔ ႏွစ္ေပါင္း ၅၀ နီးပါး ရပ္တည္ခဲ့သူျဖစ္ပါတယ္။
Electoral College လို႔ေခၚတဲ့ ျပည္နယ္ကိုယ္စားျပဳ သမၼတ ေရြးခ်ယ္ေရးအဖြဲ႔ က ခုလို မစၥတာ ဘိုင္ဒန္ကို အႏုိင္ရသူအျဖစ္ အတည္ျပဳလိုက္တာေၾကာင့္ လက္ရွိ သမၼတ Trump ကေတာ့ အေမရိကန္သမုိင္းမွာ သမၼတ သက္တမ္း တၾကိမ္သာယူခြင့္ရတဲ့ ငါးေယာက္ေျမာက္ သမၼတ ျဖစ္လာေတာ့မွာပါ။
သမၼတ Trump ကေတာ့ ျပီးခဲ့တဲ့ ေရြးေကာက္ပြြဲအတြင္း အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရတဲ့ ျပည္နယ္ေတြမွာ မဲမသမာမႈေတြ ရွိတာေၾကာင့္ မစၥတာ ဘိုင္ဒန္ အႏုိင္ရတာလို႔ အေထာက္ထား ခိုင္ခိုင္မာမာ မပါဘဲ ေျပာဆိုေနဆဲျဖစ္ျပီး တရားရင္ဆိုင္မႈေတြလည္း ဆက္လုပ္ေနဆဲျဖစ္ပါတယ္။
အၾကိတ္အနယ္ယွဥျပိဳင္ခဲ့ရတဲ့ ျပည္နယ္ေတြမွာ သမၼတ Trump နဲ႔သူ႔ကို ေထာက္ခံသူေတြက တရားစြဲဆိုမႈ ေပါင္း ၅၀ ေက်ာ္ လုပ္ခဲ့ေပမဲ့ အမႈေတြ ပယ္ခ်ခံထားရတာလည္းျဖစ္ပါတယ္။

.............................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

ပြီးခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက် လိုအပ်တဲ့ Electoral Vote လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု အထူးကိုယ်စားလှယ်တွေရဲ့ မဲ ၂၇၀ ကျော်ကို ဒီ အထူးကိုယ်စားလှယ်တွေပါဝင်တဲ့ သမ္မတ ရွေးချယ်ရေးအဖွဲ့က တနင်္လာနေ့ကပဲ ဂျိုးဘိုင်ဒန်ကို တရားဝင် မဲပေး အတည်ပြု ပေးလိုက်ပါတယ်။
တခြားပြည်နယ်တွေရဲ့ ကိုယ်စားလှယ်မဲတွေ ထွက်လာပြီးတော့မှ နောက်ဆုံး ကယ်လီဖိုးနီးယားပြည်နယ်က ကိုယ်စားလှယ်မဲ ၅၅ မဲကို အတည်ပြုပေးလိုက်ချိန်မှာ မစ္စတာ ဘိုင်ဒန်ဟာ အနိုင်ရ သမ္မတဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ကို အများကြီး ကျော်လွန်ပြီး ၃၀၂ မဲအထိ တရားဝင်ရရှိသွားပါတယ်။
Hawaii ပြည်နယ်က ကိုယ်စားပြု ကိုယ်စားလှယ်မဲ ၄ မဲကိုလည်း မစ္စတာ ဘိုင်ဒန်ပဲ ရရှိလိမ့်မယ်လို့ ခန့်မှန်းထားတာပါ။
သမ္မတ အိုဘားမားအစိုးရလက်ထက် ဒုသမ္မတ တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ဘိုင်ဒန်ဟာ အမေရိကန်နိုင်ငံရေးမှာ အထင်ကရ ဒီမိုကရက်တဦးအနေနဲ့ နှစ်ပေါင်း ၅၀ နီးပါး ရပ်တည်ခဲ့သူဖြစ်ပါတယ်။
Electoral College လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု သမ္မတ ရွေးချယ်ရေးအဖွဲ့ က ခုလို မစ္စတာ ဘိုင်ဒန်ကို အနိုင်ရသူအဖြစ် အတည်ပြုလိုက်တာကြောင့် လက်ရှိ သမ္မတ Trump ကတော့ အမေရိကန်သမိုင်းမှာ သမ္မတ သက်တမ်း တကြိမ်သာယူခွင့်ရတဲ့ ငါးယောက်မြောက် သမ္မတ ဖြစ်လာတော့မှာပါ။
သမ္မတ Trump ကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ မဲမသမာမှုတွေ ရှိတာကြောင့် မစ္စတာ ဘိုင်ဒန် အနိုင်ရတာလို့ အထောက်ထား ခိုင်ခိုင်မာမာ မပါဘဲ ပြောဆိုနေဆဲဖြစ်ပြီး တရားရင်ဆိုင်မှုတွေလည်း ဆက်လုပ်နေဆဲဖြစ်ပါတယ်။
အကြိတ်အနယ်ယှဥပြိုင်ခဲ့ရတဲ့ ပြည်နယ်တွေမှာ သမ္မတ Trump နဲ့သူ့ကို ထောက်ခံသူတွေက တရားစွဲဆိုမှု ပေါင်း ၅၀ ကျော် လုပ်ခဲ့ပေမဲ့ အမှုတွေ ပယ်ချခံထားရတာလည်းဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG