သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ကို ထောက်ခံသူတွေ ဝါရှင်တန်မှာ စုဝေး


ဝါရှင်တန်မှာ ဆန္ဒပြနေကြတဲ့ သမ္မတ Trump ထောက်ခံသူများ။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၀)
ဝါရှင်တန်မှာ ဆန္ဒပြနေကြတဲ့ သမ္မတ Trump ထောက်ခံသူများ။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

ဒီမိုကရက်ပါတီက ပြိုင်ဘက်သမ္မတလောင်း Joe Biden ကို နိုဝင်ဘာရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ရလဒ်ကို ပြောင်းလဲဖို့အတွက် ဥပဒေကြောင်းအရ မအောင်မမြင် ကြိုးစားနေတဲ့ သမ္မတ Donald Trump ကို ထောက်ခံသူတွေ ထောင်နဲ့ချီပြီး မြို့တော် ဝါရှင်တန်ဒီစီမှာ စနေနေ့က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

နယူးယောက်မြို့က West Point စစ်တက္ကသိုလ်မှာ ကျင်းပတဲ့ ခြေလျင်တပ်ဖွဲ့နဲ့ ရေတပ်တို့ ကစားကြတဲ့ အမေရိကန်ဘောလုံးပွဲ သွားနေတဲ့ သမ္မတ Trump ရဲ့ ရဟတ်ယာဉ် ဆန္ဒပြလူအုပ်ပေါ်က ပျံသွားတဲ့အချိန်မှာ လူထုကြီးက သူ့ကိုထောက်ခံတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲအတွက် သီတင်းပတ်အတော်ကြာ ကြိုတင်ပြင်ဆင်ခဲ့တာ ဖြစ်ပေမယ့် “မဲခိုးမှုတွေကို ရပ်တန့်တဲ့ ဆန္ဒပြပွဲအတွက် လူတွေ ထောင်နဲ့ချီပြီး ဝါရှင်တန်ဒီစီကို ရောက်လာကြတယ်၊ ဒီလိုလုပ်ကြမယ်ဆိုတာ ကြိုမသိထားခဲ့၊ သူတို့နဲ့ မကြာခင်မှာ တွေ့ဆုံမယ်” လို့ ရုတ်တရက် အံ့အားသင့်သယောင် တွစ်တာ လူမှုကွန်ရက်ကနေ သမ္မတ Trump က ရေးသားခဲ့ပါတယ်။

Electoral College လို့ခေါ်တဲ့ ပြည်နယ်ကိုယ်စားပြု သမ္မတရွေးချယ်ရေးအဖွဲ့က နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ Joe Biden ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရကြောင်း တရားဝင်ကြေညာဖို့ ၂ ရက်အလိုမှာ လက်ရှိသမ္မတ Donald Trump ကို ထောက်ခံသူတွေ ချီတက် ဆန္ဒပြနေကြတာပါ။

Electoral College က တနင်္လာနေ့မှာ တရားဝင် ကြေညာချက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)



နယူးယောကျမွို့က West Point စဈတက်ကသိုလျမှာ ကငြျးပတဲ့ ခွလေငြျတပျဖှဲ့နဲ့ ရတေပျတို့ ကစားကွတဲ့ အမရေိကနျဘောလုံးပှဲ သှားနတေဲ့ သမ်မတ Trump ရဲ့ ရဟတျယာဉျ ဆန်ဒပွလူအုပျပေါျက ပြံသှားတဲ့အခြိနျမှာ လူထုကွီးက သူ့ကိုထောကျခံတဲ့ ကွှေးကွောျသံတှေ အောျဟဈခဲ့ကွပါတယျ။




XS
SM
MD
LG