(Zawgyi/Unicode)
ေ႐ြးေကာက္ပြဲ ရလဒ္ေတြနဲ႔ ပတ္သက္လို႔ အေမရိကန္ ျပည္ေထာင္စု တရား႐ုံးခ်ဳပ္ထိ တရားစြဲဆိုႏိုင္ေရး ေမွ်ာ္လင့္ခ်က္ရွိေစတဲ့ သမၼတ Donald Trump ရဲ႕ ေနာက္ဆုံးႀကိဳးပမ္းခ်က္ အယူခံမႈကို Philadelphia မွာရွိတဲ့ ဖယ္ဒရယ္တရား႐ုံးတခုက ပယ္ခ်လိုက္ၿပီျဖစ္ပါတယ္။
Philadelphia ၿမိဳ႕မွာရွိတဲ့ ခ႐ိုင္ အယူခံတရား႐ုံး အမွတ္ (၃)က အျခားတရား႐ုံးေတြအတိုင္း Trump စည္း႐ုံးေရးအဖြဲ႕က စြပ္စြဲထားတဲ့ ေ႐ြးေကာက္ပြဲလိမ္လည္မႈေတြမွာ သက္ေသအေထာက္အထား ျပသႏိုင္ျခင္းမရွိဘူးဆိုတဲ့အခ်က္နဲ႔ ပယ္ခ်ခဲ့တာျဖစ္ပါတယ္။ ဒါအျပင္ Trump စည္း႐ုံးေရးအဖြဲ႕ရဲ႕စြပ္စြဲခ်က္ေတြဟာ ဘာအက်ိဳးမွ မရွိဘူးလို႔ တရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္မွာ ေဖၚျပထားပါတယ္။
Trump ေရွ႕ေန Rudy Giuliani ကေန ၿပီးခဲ့တဲ့ သီတင္းပတ္ကေအာက္တရား႐ုံးတ႐ုံးကို ေလွ်ာက္လွဲရာမွာေ႐ြးေကာက္ပြဲျဖစ္စဥ္အတြင္း လိမ္လည္မႈေတြရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ေပမယ့္ သက္ေသအေထာက္အထား ျပသျခင္းမရွိခဲ့ပါဘူး။
Trump ခန႔္အပ္ခဲ့တဲ့ ခ႐ိုင္အယူခံတရား႐ုံး တရားသူႀကီး Stephanos Bibas ရဲ႕ ေသာၾကာေန႔က ထုတ္ျပန္တဲ့ စာမွာ ေ႐ြးေကာက္ပြဲမမွ်တဘူးလို႔ ေျပာဆိုေနရံုနဲ႔ အလုပ္ျဖစ္မွာ မဟုတ္ဘူးလို႔ ေရးသားထားပါတယ္။
...........
Pennsylvania မှာ မဲလိမ်မှုရှိခဲ့ကြောင်း သမ္မတ Trump ရဲ့အယူခံ ပယ်ချခံရ
(Unicode)
ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်ထိ တရားစွဲဆိုနိုင်ရေး မျှော်လင့်ချက်ရှိစေတဲ့ သမ္မတ Donald Trump ရဲ့ နောက်ဆုံးကြိုးပမ်းချက် အယူခံမှုကို Philadelphia မှာရှိတဲ့ ဖယ်ဒရယ်တရားရုံးတခုက ပယ်ချလိုက်ပြီဖြစ်ပါတယ်။
Philadelphia မြို့မှာရှိတဲ့ ခရိုင် အယူခံတရားရုံး အမှတ် (၃)က အခြားတရားရုံးတွေအတိုင်း Trump စည်းရုံးရေးအဖွဲ့က စွပ်စွဲထားတဲ့ ရွေးကောက်ပွဲလိမ်လည်မှုတွေမှာ သက်သေအထောက်အထား ပြသနိုင်ခြင်းမရှိဘူးဆိုတဲ့အချက်နဲ့ ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒါအပြင် Trump စည်းရုံးရေးအဖွဲ့ရဲ့စွပ်စွဲချက်တွေဟာ ဘာအကျိုးမှ မရှိဘူးလို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ဖေါ်ပြထားပါတယ်။
Trump ရှေ့နေ Rudy Giuliani ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ကအောက်တရားရုံးတရုံးကို လျှောက်လှဲရာမှာရွေးကောက်ပွဲဖြစ်စဉ်အတွင်း လိမ်လည်မှုတွေရှိခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့် သက်သေအထောက်အထား ပြသခြင်းမရှိခဲ့ပါဘူး။
Trump ခန့်အပ်ခဲ့တဲ့ ခရိုင်အယူခံတရားရုံး တရားသူကြီး Stephanos Bibas ရဲ့ သောကြာနေ့က ထုတ်ပြန်တဲ့ စာမှာ ရွေးကောက်ပွဲမမျှတဘူးလို့ ပြောဆိုနေရုံနဲ့ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။