သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ေရတပ္အႀကီးအကဲ ထိုင္ဝမ္ခရီးစဥ္ တရုတ္တုန္႔ျပန္မည္


ထိုင္ဝမ္ေရတပ္ သေဘၤာမ်ားျမင္ကြင္း

{{Zawgyi/Unicode}}

အေမရိကန္နဲ႔ ထိုင္ဝမ္ၾကား စစ္ေရးဆက္ဆံမႈ အားလံုးကို အျပင္းအထန္ ဆန္႔က်င္ေၾကာင္းနဲ႔ အေမရိကန္ ေရတပ္ ဗိုလ္ခ်ဳပ္ႀကီးတဦး ထိုင္ဝမ္ကို လာေရာက္တယ္ဆိုတဲ႔ကိစၥကိုလည္း တုံ႔ျပန္မယ္လို႔ တရုတ္ႏုိင္ငံျခားေရးဌာနက တနလာၤေန႔က ေျပာဆိုလုိက္ပါတယ္။ ထိုင္ဝမ္နဲ႔ ဆက္ဆံေရးအေပၚ အေမရိကန္အႀကီးတန္း အရာရွိတဦးက ခ်ီးက်ဴး ေျပာဆိုထားခ်ိန္မွာဘဲ တရုတ္ဘက္က အခုလို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

အာရွ ပစိဖိတ္ေဒသအေရး အေမရိကန္စစ္ဘက္ေထာက္လွမ္းေရးကို ႀကီးၾကပ္ရတဲ႔ ၾကယ္၂ ပြင့္အဆင့္ရွိ အေမရိကန္ ေရတပ္ဗိုလ္ခ်ဳပ္ႀကီးတဦး ႀကိဳတင္မေၾကညာဘဲ ထိုင္ဝမ္ကို သြားေရာက္တယ္လို႔ သတင္းရင္းျမစ္ ၂ ခုက ရိုက္တာသတင္းေအဂ်င္စီကို တနဂၤေႏြေန႔က ေျပာဆိုထားပါတယ္။ ဒီခရီးစဥ္နဲ႔ ပတ္သက္ၿပီး ထိုင္ဝမ္နဲ႔ အေမရိကန္တို႔ဘက္ကေတာ့ အတည္မျပဳပါဘူး။

ထိုင္ဝမ္ကို လက္နက္ေရာင္းခ်မႈသစ္ေတြအပါအ၀င္ အေမရိကန္သမၼတ Donald Trump အစိုးရက ေထာက္ပံ႔မႈပိုေပးလာတဲ႔အေပၚ တရုတ္ကစိုးရိမ္ေနတာပါ။ ထိုင္ဝမ္ဟာ သူ႔နယ္ေျမလို႔ တရုတ္က ရႈျမင္ၿပီး ႏုိင္ငံခ်င္းဆက္ဆံေရးလုပ္ဖို႔ အခြင့္မရွိဘူးလို႔လည္း ရႈျမင္ထားတာပါ။ အေမရိကန္နဲ႔ ထိုင္ဝမ္အရာရွိေတြၾကား အျပန္အလွန္သြားလာမႈ ဒါမွမဟုတ္လည္း စစ္ေရးပတ္သက္မႈေတြကို တရုတ္ကျပတ္ျပတ္သားသားဆန္႔က်င္ေၾကာင္း တရုတ္ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian က ေျပာပါတယ္။ ထိုင္၀မ္ အေရးဟာ အလြန္ဘဲ ထိလြယ္ရွလြယ္ကိစၥ ျဖစ္တယ္ဆိုတာကို အေမရိကန္ဘက္က အျပည့္အဝလက္ခံ အသိအမွတ္ျပဳဖို႔လည္း တရုတ္က တိုက္တြန္းေၾကာင္း ေျပာခြင့္ရ Zhao က သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

................................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

အမေရိကန်နဲ့ ထိုင်ဝမ်ကြား စစ်ရေးဆက်ဆံမှု အားလုံးကို အပြင်းအထန် ဆန့်ကျင်ကြောင်းနဲ့ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီးတဦး ထိုင်ဝမ်ကို လာရောက်တယ်ဆိုတဲ့ကိစ္စကိုလည်း တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက တနလာၤနေ့က ပြောဆိုလိုက်ပါတယ်။ ထိုင်ဝမ်နဲ့ ဆက်ဆံရေးအပေါ် အမေရိကန်အကြီးတန်း အရာရှိတဦးက ချီးကျူး ပြောဆိုထားချိန်မှာဘဲ တရုတ်ဘက်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အာရှ ပစိဖိတ်ဒေသအရေး အမေရိကန်စစ်ဘက်ထောက်လှမ်းရေးကို ကြီးကြပ်ရတဲ့ ကြယ်၂ ပွင့်အဆင့်ရှိ အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးတဦး ကြိုတင်မကြေညာဘဲ ထိုင်ဝမ်ကို သွားရောက်တယ်လို့ သတင်းရင်းမြစ် ၂ ခုက ရိုက်တာသတင်းအေဂျင်စီကို တနင်္ဂနွေနေ့က ပြောဆိုထားပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်ဝမ်နဲ့ အမေရိကန်တို့ဘက်ကတော့ အတည်မပြုပါဘူး။

ထိုင်ဝမ်ကို လက်နက်ရောင်းချမှုသစ်တွေအပါအဝင် အမေရိကန်သမ္မတ Donald Trump အစိုးရက ထောက်ပံ့မှုပိုပေးလာတဲ့အပေါ် တရုတ်ကစိုးရိမ်နေတာပါ။ ထိုင်ဝမ်ဟာ သူ့နယ်မြေလို့ တရုတ်က ရှုမြင်ပြီး နိုင်ငံချင်းဆက်ဆံရေးလုပ်ဖို့ အခွင့်မရှိဘူးလို့လည်း ရှုမြင်ထားတာပါ။ အမေရိကန်နဲ့ ထိုင်ဝမ်အရာရှိတွေကြား အပြန်အလှန်သွားလာမှု ဒါမှမဟုတ်လည်း စစ်ရေးပတ်သက်မှုတွေကို တရုတ်ကပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian က ပြောပါတယ်။ ထိုင်ဝမ် အရေးဟာ အလွန်ဘဲ ထိလွယ်ရှလွယ်ကိစ္စ ဖြစ်တယ်ဆိုတာကို အမေရိကန်ဘက်က အပြည့်အဝလက်ခံ အသိအမှတ်ပြုဖို့လည်း တရုတ်က တိုက်တွန်းကြောင်း ပြောခွင့်ရ Zhao က သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG