သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမှု ယခင်သမ္မတတွေထက် လျော့နည်း


(Zawgyi/Unicode)

အမေရိကန် သမ္မတ Donald Trump အနေနဲ့ သူနဲ့နီးစပ်သူ Michael Flynn အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့် ဒီအပတ်ထဲပေးခဲ့ရာမှာ၊ အငြင်းပွားစရာများစွာရှိနေပေမဲ့၊ ပေးတဲ့အရေအတွက်က အရင် သမ္မတတွေထက် နည်းခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုက ဆိုပါတယ်။

အမေရိကန်အခြေစိုက် Pew သုတေသနအဖွဲ့အနေနဲ့ တရားရေးဝန်ကြီးဌာနထုတ်ပြန်တဲ့ အချက်အလက်တွေကို လေ့လာပြီး သမ္မတ Trump အနေနဲ့ ၂၀၁၇ မှာ သမ္မတဖြစ်လာအပြီးထဲက၊ လွတ်ငြိမ်းချမ်းသာခွင့်ပေါင်း ၂၉ မူ လုပ်ဆောင်ပေးခဲ့တာမှာ၊ ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ Flynn အမူနဲ့အတူ လျော့ပေါ့ပေးမူ နောက်ထပ် ၁၆ မူလည်းပါတယ်လို့ ဆိုပါတယ်။

Flynn အနေနဲ့ အရင် ရုရှားသံအမတ်နဲ့ ပြောဆိုခဲ့တာတွေကို FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရိုကို လိမ်ပြောခဲ့တာအတွက် အပြစ်ရှိကြောင်း ၂၀၁၇ ခုနှစ်မှာ ဝန်ခံခဲ့တာပါ။

နိုင်းယှဉ်ကြည့်ရင်တော့၊ သမ္မတ Trump မတိုင်ခင် သမ္မတဟောင်း Barack Obama အနေနဲ့ သူ့သက်တမ်း နှစ်ဆက် ၈ နှစ်အတွင်းမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေါင်း ၂၁၂ မူနဲ့ လျော့ပေါ့ပေးမူပေါင်း ၁၇၁၅ မူ လုပ်ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် သမ္မတဟောင်း Obama အရင် ရီပတ်ဘလစ်ကင် သမ္မတဟောင်း George W Bush သက်တမ်း ၁ ဆက်တုန်းကလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေါင်း ၇၄ ခုအထိရှိခဲ့ပေမဲ့၊ လျော့ပေါ့ပေးမူကတော့ ၃ မူသာရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)






XS
SM
MD
LG