သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

FBI အကြီးကဲဟောင်း စည်းကမ်းချိုးဖောက်ကြောင်း တွေ့ရှိ


FBI ညွှန်ကြားရေးမှူးဟောင်း James Comey 
FBI ညွှန်ကြားရေးမှူးဟောင်း James Comey 

အမေရိကန်သမ္မတ Donald Trump နဲ့ ပတ်သက်ပြီး လျှို့ဝှက်ထားရမယ့် အချက်အလက်တွေ သတင်းမီဒီယာ တွေကို ဖွင့်ချတာဟာ FBI ညွှန်ကြားရေးမှူးဟောင်း James Comey အနေနဲ့ လုပ်ငန်းပိုင်းဆိုင်ရာ သဘောတူချက်နဲ့ မူဝါဒတွေကို ချိုးဖောက်တာဖြစ်တယ်လို့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ တရားရေးဌာန စောင့် ကြည် လေ့လာ့ရေး အဖွဲ့ရဲ့ စာမျက်နှာ ၉၇ မျက်နှာပါ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

၂၀၁၇ မေလက James Comey ကို ရာထူးက ဖြုတ်ချအပြီး ဒီအချက်အလက်တွေ ပေါက်ကြားခဲ့တာပါ။ ဒီအချက်အလက်တွေထဲမှာ သမ္မတTrump အစိုးရ တက်စအချိန်က သူနဲ့ တယောက်ချင်း ပြောဆိုခဲ့တာတွေလည်း ပါပါတယ်။

လိျှု့ဝှက်ရမယ့် အကြောင်းအရာတွေကို အခုလို ဖွင့်ချတာဟာ သူလို လုပ်ပိုင်ခွင့်ရခဲ့တဲ့ ထောင်နဲ့ချီတဲ့ FBI ဝန်ထမ်းဟောင်း ၃ သောင်းကျော်အတွက် အန္တရာယ်ရှိတယ်လို့ ပြောတာပါ။ ၂၀၁၇ ဖေဖော်ဝါရီလက Comey ရေးသားထားခဲ့တဲ့ အချက်တွေထဲ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိဟောင်း Michael Flynn နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းမှုတွေမလုပ်ဖို့ သမ္မတ Trump က ပန်ကြားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ အဲဒီအချိန်က Flynn က ရုရှားနဲ့ အဆက်အသွယ်ရှိခဲ့တာတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) ကို လိမ်လည်ပြောဆိုခဲ့မှုအတွက် စစ်ဆေးခံနေရတဲ့ အချိန်လည်း ဖြစ်ပါတယ်။

တရားရေးဌာနကတော့ ညွှန်ကြားရေးမှူးဟောင်း Comey ကိုတရားစွဲဆိုဖို့ ကိစ္စကို ပယ်ချလိုက်ပါတယ်။ ချက်အလက်တွေကို ဖွင့်ချပြောဆိုခဲ့ တဲ့ အပေါ်မှာ Comey ကိုယ်တိုင်ရော သူ့ရှေ့နေတွေရော လိျှု့ဝှက်ထားရမယ့် အကြောင်းတွေကို ပေါက်ကြားစေခဲ့တဲ့ သက်သေအထောက်အထား ဘာမှ မတွေ့ဘူးလို့ စုံစမ်းစစ်ဆေးရေးချုပ် Michael Horowitz က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG