သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ကို Donald Trump ဝေဖန်တိုက်ခိုက်


အထူးစစ်ဆေးရေးမှူး Robert Mueller နှင့် အမေရိကန်သမ္မတ Donald Trump 
အထူးစစ်ဆေးရေးမှူး Robert Mueller နှင့် အမေရိကန်သမ္မတ Donald Trump 

အမေရိကန်သမ္မတ Donald Trump က အထူးစစ်ဆေးရေးမှူး Robert Mueller ရဲ့အစီရင်ခံစာအရ သူဟာ အပြစ်ကင်းသူ တယောက်ဖြစ်ကြောင်း ထပ်တလဲလဲ ပြောဆိုရင်း စုံစမ်းမှုကို ဦးဆောင်တဲ့ FBI ထောက်လှန်းရေးအကြီးကဲဟောင်း Mueller ဟာ ပြဿနာရှာသူတယောက်အဖြစ် တိုက်ခိုက်ပြောဆိုပါတယ်။

၂၀၁၆ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှု ရှိမရှိနဲ့ တရားရေးမှာ သမ္မတရဲ့ ကြားဝင်နှောက်ယှက်မှု ရှိမရှိ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး Mueller က ချပြခဲ့ပြီး နောက်တနေ့မှာပဲ သမ္မတက Mueller ကို အထူးစုံစမ်းရေးမှူး အဖြစ် မရွေးချယ်သင့်ခဲ့ကြောင်း နဲ့ Mueller ဟာ သမ္မတ Trump ကို မနှစ်သက်တဲ့ လူတယောက်ဖြစ်ကြောင်း သမ္မတအိမ်ဖြူမှာ ကြာသပတေးနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ဒါ့အပြင် Mueller က FBI အကြီးအကဲ ပြန် ဖြစ်ချင်နေပေမယ့် သူက ငြင်းဆိုခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် Mueller ဟာ သူ့ရဲ့အရင် ရာထူးဖြစ်တဲ့ FBI အကြီးအကဲ ရာထူးကို ပြန်လည် ရယူလိုကြောင်း ပြသမှုကိုတခါမှ မတွေ့ရသလို သမ္မတနဲ့ ပတ်သက်ပြီး နိုင်ငံရေးဆိုင်ရာ သူ့အမြင်ကိုလည်း တကြိမ်မှ လူသိရှင်ကြား မပြောဆိုခဲ့ပါဘူး။

သမ္မတကတော့ Mueller ဟာ သမ္မတ Trump အလုပ်ဖြုတ်ပစ်ခဲ့တဲ့ James Comey ရဲ့ မိတ်ဆွေရင်း တဦးဖြစ်ကြောင်းနဲ့ သူနဲ့ Mueller တို့ဟာ အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး စကားများခဲ့ဖူးတယ်လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ တုန်းက Mueller က ၂၀၁၆ ရွေးကောက်ပွဲကာလအတွင်း သမ္မတ Trump မဟုတ်မမှန် လုပ်ခဲ့တယ် ဆိုတဲ့ လုံလောက်တဲ့ သက်သေမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် တကယ်လို့ သမ္မတက ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဘူးလို့ ရှင်းရှင်းလင်းလင်း ယုံကြည်ခဲ့ရင် စုံစမ်းစစ်ဆေးမှုလုပ်ခဲ့ပြီးတဲ့နောက် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဒါကို သူထည့်သွင်း ရေးသားမှာ ဖြစ်ကြောင်း ပြောခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG