သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် FBI ဒုအကြီးအကဲ ပင်စင်မယူခင် နှစ်ရက်မှာ အထုတ်ခံရ


FBI ဒု-ညွှန်ကြားရေးမှူးဟောင်း Andrew Mccabe ကို ဆီးနိတ်လွှတ်တော် ကြားနာပွဲတခုမှာတွေ့ရ (May 11, 2017)
FBI ဒု-ညွှန်ကြားရေးမှူးဟောင်း Andrew Mccabe ကို ဆီးနိတ်လွှတ်တော် ကြားနာပွဲတခုမှာတွေ့ရ (May 11, 2017)

FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗြူရိုအဖွဲ့ရဲ့ ဒု-ညွှန်ကြားရေးမှူးဟောင်း Andrew Mccabe ကို ရာထူးကနေ ချက်ချင်း ထုတ်ပယ်လိုက်တယ်လို့ အမေရိကန်ရှေ့နေချုပ် Jeff Sessions က သောကြာနေ့ကကြေငြာချက်ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

စုံစမ်းစစ်ဆေးရေးမှူးရဲ့ အစီရင်ခံစာ၊ FBI တွင်းကျင့်ဝတ်နဲ့မညီတဲ့ဟာတွေကို စုံစမ်းစစ်ဆေးရတဲ့ဌာနရဲ့ စုံစမ်းတွေ့ရှိမှုတွေ နဲ့ FBI ဌာနရဲ့ အကြီးတန်းတာဝန်ရှိသူတွေရဲ့ အကြံပြုချက်တွေအရ Andrew MaCabe ကို တာဝန်ကနေ ချက်ချင်းရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန်ရှေ့နေချုပ် Jeff Sessions က ကြေငြာချက်ထဲမှာ ပြောထားပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း MaCabe ကို ရာထူးကနေ ထုတ်ပယ်လိုက်တာနဲ့ ပတ်သက်ပြီး သူ့ရဲ့တွစ်တာပေါ်ကနေ “Andrew MaCabe ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း၊ ဒါကြောင့် ဒီနေ့ဟာ FBI အတွင်း အလုပ်ကြိုးစားလုပ်ဆောင်နေတဲ့သူတွေ နဲ့ ဒီမိုကရေစီအတွက် ကောင်းတဲ့ နေ့တနေ့ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် သူတော်ကောင်းယောင်ဆောင်ထားတဲ့ James Comey က သူရဲ့ ဆရာဖြစ်ပြီး၊ သူကို အပြစ်မရှိတဲ့သူတစ်ယောက်လို့ လုပ်ထားကြောင်း၊ FBI ဌာနအတွင်း အပေါ်ပိုင်းမှာဖြစ်နေတဲ့ အဂတိလိုက်စားမှုတွေကို၊ အလိမ်အညာတွေကို သူအကုန်သိတယ်ဆိုလို့ သမ္မတထရမ့်က ပြောထားပါတယ်။

တချိန်က FBI မှာ ဒုတိယအကြီးဆုံးဖြစ်တဲ့ McCabe ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ ရာထူးကနေ အနားယူခဲ့ပြီး မနက်ဖြန်သူမွေးနေ့မှာ ခံစားခွင့်အပြည့်အ၀ နဲ့ ပင်စင်ယူဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ကို အခုလို ရာထူးကနေ ထုတ်ပယ်လိုက်တဲ့အတွက် သူ့အနေနဲ့ ပင်စင်လစာ အကုန်လုံး ဒါမှမဟုတ် တစိတ်တပိုင်းလောက်ကို ဆုံးရှုံးရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ကန် FBI ဒုအကြီးအကဲ ပင်စင်မယူခင် နှစ်ရက်မှာ အထုတ်ခံရ
please wait

No media source currently available

0:00 0:01:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG