သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထူးစုံစမ်းစစ်ဆေးရေးမှူးနဲ့ သမ္မတ Trump မတွေ့ဖို့ ရှေ့နေတွေ အကြံပြု


သမ္မတ Trump
သမ္မတ Trump

အမေရိကန် အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Muller နဲ့ တွေ့ဆုံ စကားပြောဆိုတာ မလုပ်ဖို့ သမ္မတ Trump ကို သူ့ရဲ့ရှေ့နေတွေကို အကြံပြုထားပါတယ်။

၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလမှာ ထရမ့်ရဲ့ မဲဆွဲစည်းရုံးရေးအဖွဲ့နဲ့ ရုရှားအကြား ပတ်သက်ဆက်စပ်မှု ရှိခဲ့သလားဆိုတာနဲ့ ပြည်ထောင်စု စုံးစမ်းစစ်ဆေးရေးဗျူရို FBI ညွှန်ကြားရေးမှူးဟာင်း James Comey ကို ထရမ့်က ရာထူးကနေ ဖယ်ရှားလိုက်တာဟာ တရားရေးအပေါ် ကြားဝင် စွက်ဖက်ရာ ရောက်သလားဆိုတာကို မစ္စတာ Muller က စုံစမ်းစစ်ဆေးနေတာပါ။

သမ္မတ ထရမ့်အနေနဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Muller နဲ့ တွေ့ဆုံရာမှာ မှားယွင်း ပြောကြားတာ ဒါမှမဟုတ် ရှေ့နောက်မညီ ပြောဆိုခဲ့တာတွေရှိရင် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးမှူးကို လိမ်လည် ထွက်ဆိုချက်နဲ့ ထပ်မံ တရားစွဲဆိုခံရတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တာကြောင့် သမ္မတရဲ့ ရှေ့နေတွေက စိုးရိမ်နေတာ ဖြစ်တယ်လို့ ဆိုပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ သိရှိထားသူတွေကို ကိုးကားပြီးတော့ The New York Times သတင်းစာကြီးက နောက်ဆုံး အခြေအနေကို တနင်္လာနေ့က ထုတ်ပြန်ခဲ့တာပါ။

သမ္မတ ထရမ့်ကတော့ အထူး စုံစမ်းစစ်ဆေးရေးမှူးနဲ့ တွေ့ဆုံပြီး ဖြေကြားသွားဖို့ ဆန္ဒရှိကြောင့် ပြောဆိုထားဖူးပါတယ်။ ထရမ့်အနေနဲ့ သူပြောထားတဲ့ ကတိတွေကို ဖျက်ပြီး စုံစမ်းစစ်ဆေးရေးမှူးတွေနဲ့ တွေ့ဆုံဖို့ ငြင်းဆန်မယ်ဆိုရင်တော့ မစ္စတာ မူလာ အနေနဲ့ ထရမ့် လာရောက် အစစ်ခံဖို့ ဆင့်ခေါ်သွားနိုင်ပါတယ်။ ဒီအတောအတွင်း ရွေးကောက်ပွဲမှာ ရုရှား ကြားဝင်စွက်ဖက်မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုတွေဟာ FBI အရာရှိတွေက အာဏာအလွဲသုံးစား လုပ်ခဲ့တာ တွေ့ရတယ်လို့ ရီပတ်ဘလစ်ကင်တွေက စွပ်စွဲထားတဲ့ အငြင်းပွားဖွယ်ရာ ရုံးတွင်းမှတ်တမ်းနဲ့ ပတ်သက်လို့ မဟုတ်မှန်ကြောင်း သက်သေပြနိုင်မယ့် မှတ်တမ်းတခုကို တနင်္လာနေ့မှာ ထုတ်ပြန်နိုင်ဖို့ ဒီမိုကရက်တစ်လွှတ်တော်အမတ်တွေ အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။

အထူးစုံစမ်းစစ်ဆေးရေးမှူးနဲ့ သမ္မတ Trump မတွေ့ဖို့ ရှေ့နေတွေ အကြံပြု
please wait

No media source currently available

0:00 0:01:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG