သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအရှုပ်တော်ပုံကိစ ္စစွပ်စွဲခံရသူ Trump မဲဆွယ်စည်းရုံးရေးမှူးဟောင်း အဖမ်းခံ


Trump မဲဆွယ်စည်းရုံးရေးမှူးဟောင်း Paul Manafort
Trump မဲဆွယ်စည်းရုံးရေးမှူးဟောင်း Paul Manafort

အမေရိကန် သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူး အဖြစ် ပြီးခဲ့တဲ့နှစ်က ခဏတာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Paul Manafort က ဒီကနေ့ တနလာၤနေ့မှာ အာဏာပိုင်တွေထံ လာရောက် အဖမ်းခံခဲ့ပါတယ်။

၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ကြားဝင်နှောင့်ယှက်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်း အဖြစ် အခုလို လာရောက် အဖမ်းခံတာပါ။ အထူးစုံစမ်းရေးမှူး Robert Mueller ဦးဆောင်တဲ့ စုံစမ်းမှုအတွင်း စွဲဆိုချက်တွေကို အထူးခုံအဖွဲ့က သောကြာနေ့မှာ အတည်ပြုခဲ့တာပါ။

ရုရှားနဲ့ ယူကရိန်း အကျိုးစီးပွားတွေ အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်တွေ အတွက် ထောက်ခံမှုရအောင် စည်းရုံးပေးနေတဲ့ ဝါရှင်တန် အခြေစိုက် လုပ်ငန်းကြီးမှာတခုမှာလည်း မစ္စတာ Manafort က အချိန်အတော်ကြာ ကူညီဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။ မစ္စတာ Manafort ရဲ့ စီးပွားဖက် တဦး ဖြစ်တဲ့ Rick Gates လည်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ထံမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလက အထူးစုံစမ်းရေးမှူး Robert Mueller စုံစမ်းစစ်ဆေးမှုရေးကို တာဝန်ယူဆောင်ရွက်ပြီး နောက်ပိုင်း အခု စွဲဆိုမှုက ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ Trump ရဲ့ သမ္မတ သက်တမ်း ပထမနှစ် အပေါ် အရိပ်ထိုးနေတဲ့ ရုရှားအရေး စုံစမ်းမှုတွေရဲ့ ထူးခြားတဲ့ အပြောင်းအလဲ တခုလည်း ဖြစ်ပါတယ်။ သမ္မတ Trump ရဲ့ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား ပတ်သက်မှုတွေကို ပြစ်မှုဆိုင်ရာ အရရော၊ လွှတ်တော်ဘက်ကပါ စုံစမ်းစစ်ဆေးနေတာတွေကို အောက်လမ်းနည်းနဲ့ တိုက်ခိုက်မှု အဖြစ် သမ္မတ Trump ဘက်ကတော့ အကြိမ်ကြိမ် ပြောဆိုထားတာပါ။

ဒါပေမယ့်လည်း ဝါရှင်တန် အသိုင်းအဝိုင်းတွင်းမှာတော့ အများအပြားက FBI ညွှန်ကြားရေးမှူးဟောင်း Robert Muller ကို နိုင်ငံရေးနဲ့ ကင်းရှင်းသူ အဖြစ် ရှုမြင်ထားကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG