သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရွေးကောက်ပွဲ မန်နေဂျာဟောင်းရဲ့ ရုရှား ကွင်းစက်


သမ္မတ Donald Trump ရဲ့ Campaign မန်နေဂျာဟောင်း Paul Manafort.
သမ္မတ Donald Trump ရဲ့ Campaign မန်နေဂျာဟောင်း Paul Manafort.

သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ Campaign မန်နေဂျာဟောင်း Paul Manafort က သူ့အနေနဲ့ ရုရှားနိုင်ငံက Aluminum ကုမ္ပဏီကြီးအတွက် ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ ကန်ထရိုက် လုပ်ငန်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်တုန်းက လုပ်ဆောင် ပေးခဲ့ဘူးကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ရုရှားသမ္မတ Vladimir Putin ရဲ့ အကျိုးစီးပွားတွေ အတွက် လုပ်ဆောင်ပေးခြင်း မရှိဘူးလို့ ပြောပါတယ်။

Manafort က သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေရှိတဲ့ နိုင်ငံတွေမှာ Oleg Deripaska ဆိုတဲ့ ကုမ္ပဏီအတွက် ကိုယ်စားပြုပြီး စီးပွားရေးနဲ့ တခြား ပုဂ္ဂိုလ်ရေး ကိစ္စတွေအတွက် လွန်ခဲ့တဲ့ ဆယ်စု တခုကျော်တုန်းက အလုပ်လုပ်ပေးခဲ့ဘူးကြောင်း မနှစ် မတ်လက သြဂုတ်လအထိ သမ္မတ Trump ရဲ့ Campaign မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Manafort က အမေရိကန် သတင်းဌာနတွေကို ပြောပါတယ်။ ဒါပေမယ့် Deripaska အတွက် အလုပ် လုပ်ပေးခဲ့တယ် ဆိုပေမယ့် အဲဒီ လုပ်ငန်းတွေဟာ သမ္မတ ပူတင်ကို ထောက်ခံ အားပေးတဲ့ နိုင်ငံရေး အစီအစဉ်တွေ ပါဝင်ခြင်း မရှိဘူးလို့ ပြောပါတယ်။

Manafort အနေနဲ့ Deripaska ကုမ္ပဏီအတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၀ သန်း တန်ဖိုးရှိတဲ့ ကန်ထရိုက်အတွက် ၂၀၀၆ ခုနှစ်အတွင်းမှာ လက်မှတ်ထိုးခဲ့ပြီး အနဲဆုံး ၂၀၀၉ ခုနှစ်အထိ ကုမ္ပဏီနဲ့ ထိတွေ့ ဆက်ဆံမှု ရှိခဲ့ကြောင်း အေပီ သတင်းဌာက စတင် ဖော်ထုတ်လိုက်တာဖြစ်ပါတယ်။

အရင် ဆိုဗီယက်ပြည်ထောင်စု လက်အောက်မှာရှိခဲ့ကြတဲ့ တိုင်းပြည်တွေမှာ ရုရှား ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဖျက်ဆီးနိုင်ရေးနဲ့ ဆိုင်တဲ့ နိုင်ငံရေး မဟာဗြူဟာကို Manafort က တင်သွင်းခဲ့တယ်လို့ သတင်းတွေမှာ ရေးသား ဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG