သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump မဲဆွယ်စည်းရုံးရေးမှူးဟောင်းအိမ် FBI အာရုဏ်တက် စီးနင်းရှာဖွေ


FBI ခေါ် အမေရိကန် စုံစမ်းစစ်ဆေးရေးအဖွဲ့က သမ္မတ Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ အကြီးအကဲဟောင်း အိမ်ကို ပြီးခဲ့တဲ့လ ကုန်ခါနီးမှာ မနက်လင်းအားကြီး စီးနင်း ရှာဖွေခဲ့ပါတယ်။ ဒါဟာ မနှစ်က သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုကို အခိုင်အမာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန် နိုင်ငံရေးသမား Paul Manafort ဟာ ရုရှားနိုင်ငံ၊ ယူကရိန်းနိုင်ငံတို့နဲ့ ဘဏ္ဍာငွေကြေးအရ နက်နက်ရှိုင်းရှိုင်း ဆက်စပ်နေသူ တဦးဖြစ်ပါတယ်။ FBI ထောက်လှမ်းရေးတွေဟာ ဇူလိုင်လ ၂၆ ရက်နေ့က ဝရမ်းအရ ဝင်ရောက်ရှာဖွေပြီး အထောက်အထား စာရွက်စာတမ်းတွေ အများအပြား သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရစေဖို့ ရည်ရွယ်ချက်နဲ့ Trump ရဲ့ မဲဆွယ်အရာရှိတွေနဲ့ ရုရှားအရာရှိတွေ တွေ့ဆုံခဲ့ဘွယ် ရှိတယ်ဆိုတာကို ကြားနာစစ်ဆေးတဲ့ အထက်လွှတ်တော် ကော်မီတီနဲ့ Paul Manafort သူ့သဘောအရ တွေ့ဆုံခဲ့ပြီးတဲ့နောက် သူ့အိမ်ကို အခုလို ဝင်ရောက် ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

Trump မဲဆွယ်စည်းရုံးရေးမှူးဟောင်းအိမ် FBI အာရုဏ်တက် စီးနင်းရှာဖွေ
please wait

No media source currently available

0:00 0:00:50 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG