သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရွေးကောက်ပွဲစည်းရုံးရေးမှူးဟောင်းကို စွဲချက်တင်


Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Paul Manafort
Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Paul Manafort

အမေရိကန် သမ္မတ Donald Trump ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးမှူး အဖြစ် ပြီးခဲ့တဲ့နှစ်က ခဏတာ တာဝန်ထမ်းဆောင်ခဲ့တဲ့ Paul Manafort ကို အမေရိကန်ကို ဆန့်ကျင်ပြီး ပူးပေါင်းကြံစည်မှု၊ ငွေကြေးခဝါချမှု၊ အာဏာရှင်ဆန်တဲ့ ယူကရိန်းခေါင်းဆောင်ဟောင်း Viktor Yanukovych ကို ထောက်ခံမှုရအောင် စည်းရုံးပြောဆိုပေးမှု တစိတ်တပိုင်း အဖြစ် အစိုးရကို လိမ်လည်မှုတွေနဲ့ ဒီကနေ့ တနလာၤနေ့မှာ စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲ အပေါ် ရုရှားတို့ ကြားဝင်နှောင့်ယှက်မှုနဲ့ ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးနေတဲ့ အထူးစုံစမ်းရေးမှူး Robert Muller က သူ့ရဲ့ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်း အဖြစ်နဲ့ မစ္စတာ Manafort နဲ့ သူ့ရဲ့ စီးပွားဖက် တဦးဖြစ်သူ Rick Gates တို့ စွဲချက်တင်ခံရတာပါ။ အထူးစုံစမ်းရေးမှူး Mueller ရဲ့ ၅ လကြာ စုံစမ်းစစ်ဆေးမှု အတွင်း ပထမဆုံး အကြိမ်အဖြစ်နဲ့ သူတို့ကို စွဲချက်တင်တာ ဖြစ်ပြီး အခု စွပ်စွဲချက်တွေက ရွေးကောက်ပွဲနဲ့ တိုက်ရိုက် ဆက်နွယ်ပတ်သက်မှုတော့ မရှိပါဘူး။

မစ္စတာ Manafort နဲ့ မစ္စတာ Gates တို့က ဒီကနေ့မှာ ဝါရှင်တန်က ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ထံကို လာရောက် အဖမ်းခံခဲ့ပြီး နောက်ပိုင်းမှာတော့ ပြည်ထောင်စု ခုံရုံးမှာ အစစ်ဆေးခံမယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ Paul Manafort ကို အထူးစုံစမ်းရေးမှူး Mueller က ပစ်မှတ်ထား ဆောင်ရွက်မှုဟာဆိုရင် သမ္မတ Trump ရဲ့ ပထမ သက်တမ်းအတွင်း အရိပ်ထိုးနေတဲ့ ရုရှားအရေး စုံစမ်းမှုတွေ အတွင်း ထူးခြားတဲ့ အပြောင်းအလဲ တခု ဖြစ်ပါတယ်။

သမ္မတ Trump ရဲ့ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား ပတ်သက်မှုတွေကို ပြစ်မှုဆိုင်ရာ အရရော၊ လွှတ်တော်ဘက်ကပါ စုံစမ်းစစ်ဆေးနေတာတွေကို အောက်လမ်းနည်းနဲ့ တိုက်ခိုက်မှု အဖြစ် သမ္မတ Trump ဘက်ကတော့ အကြိမ်ကြိမ် ပြောဆိုထားတာပါ။ ဒါပေမယ့်လည်း ဝါရှင်တန် အသိုင်းအဝိုင်းတွင်းမှာတော့ အများအပြားက FBI ညွှန်ကြားရေးမှူးဟောင်း Robert Muller ကို နိုင်ငံရေးနဲ့ ကင်းရှင်းသူ အဖြစ် ရှုမြင်ထားကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG