အမေရိကန်နိုင်ငံရေး ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည်း
၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်မှုနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးတဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး Robert Mueller ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး ထပ်မံလိုအပ်တဲ့အချက်အလက်တွေနဲ့ ထွက်ဆိုချက်တွေ ပေးဖို့ Trump အစိုးရအဖွဲ့ ငြင်းဆိုထားတာဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံဥပဒေကို ချိုးဖေါက်တာဖြစ်တယ်လို့ ဒီမိုကရက်အမတ်တွေက ဆိုပါတယ်။ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှတ်တော်က ဘယ်လောက် ထိန်းချုပ်နိုင်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး အိမ်ဖြူတော်နဲ့ လွှတ်တော်ကြား အငြင်းပွားဖွယ် ကြုံနေရပြီး ဖွဲ့စည်းပုံနဲ့ ပတ်သက်တဲ့ အကြပ်အတည်း ငြင်းခုံမှုတွေကို ရင်ဆိုင်နေရတာပါ။ VOA လွှတ်တော်သတင်းထောက် Katherine Gypson က သတင်းပေးပို့ထားတာကိုမအိသန့်စင်က ပြောပြထားပါတယ်။