သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအရေး လူတွေ့မေးမြန်းခွင့်မပြုဘူးလို့ သမ္မတ Trump ပြော


၂၀၁၆ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲနဲ့ ရုရှားရဲ့ ဝင်ရောက် စွက်ဖက်မှုတွေအကြောင်း စုံစမ်း ဖော်ထုတ်နေတဲ့ အထူး စုံစမ်း စစ်ဆေးရေးမှူး Robert Mueller နဲ့ တဦးချင်းထိုင်ပြီး လူတွေ့ မေးမြန်းခွင့် ပြုမှာမဟုတ်ဘူးလို့ သမ္မတ Donald Trump က ပြောပါတယ်။ အထူးစုံစမ်းရေးမှူးရဲ့ မေးခွန်းတွေကို စာနဲ့ရေးပြီး ဖြေကြားထားခြင်းဟာ သူ့ရဲ့ နောက်ဆုံး လုပ်ဆောင်ချက်ဖြစ်တယ်လို့ တနည်းအားဖြင့် သမ္မတ Trump က ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

သူ့ကို မေးသင့်တဲ့ မေးခွန်းတွေကို အပြီးသတ် ဖြေကြားပေးပြီးဖြစ်တဲ့ကြောင်း၊ ဒါဟာ နောက်ဆုံး လုပ်ဆောင်ခြင်းဖြစ်ကြောင်း Fox သတင်းဌာနက Chris Wallace နဲ့ ပြုလုပ်တဲ့ တနင်္ဂနွေ မေးမြန်းခန်းအစီအစဉ်မှာ သမ္မတ Trump အဲဒီလို ပြောကြားလိုက်တာပါ။

သူ့ရဲ့ ရှေ့နေတွေက မစ္စတာ Mueller ရဲ့ ၂ ဒါဇင်လောက်ရှိတဲ့ မေးခွန်းတွေကို ဖြေဆို ပြန်ကြားနိုင်ဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ကြောင်းနဲ့ ရှေ့နေတွေဟာ သူရေးခိုင်းတဲ့ အဖြေတွေကိုဘဲ ရေးနေကြခြင်းဖြစ်ပြီး ဖြေဆိုဖို့အတွက်လည်း သူ့အတွက် မခက်ခဲကြောင်း သောကြာနေ့က အိမ်ဖြူတော်မှာ မေးမြန်းပြီး တနင်္ဂနွေနေ့က အသံလွှင့်တဲ့ အဲဒီ မေးမြန်းခန်းမှာ သမ္မတ Trump က ဖြေကြားထားပါတယ်။

သမ္မတရဲ့ အဖြေတွေကို လာမယ့်ရက်ပိုင်းအတွင်း အကြောင်းပြန်ကြားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ရှေ့နေ Rudy Giuliani ကတော့ တချို့ မေးခွန်းတွေဟာ တခြား မေးခွန်းတွေထက် ဥပဒေကြောင်းအရ သူတို့အတွက် ပိုပြီး ခက်ခဲ ရှုပ်ထွေးစေတယ်လို့ ပြောပါတယ်။

အဲဒီ Fox သတင်းဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်းမှာဘဲ ၁၈ လ ကြာလာပြီဖြစ်တဲ့ မစ္စတာ Mueller ရဲ့ စုံစမ်း စစ်ဆေးမှု လုပ်ငန်းတွေကို သမ္မတ Trump ထပ်မံ တိုက်ခိုက်ထားပါတယ်။

ရုရှားအရေး လူတွေ့မေးမြန်းခွင့်မပြုဘူးလို့ သမ္မတ Trump ပြော
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG