သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ထိန်းချုပ်ရေး ရုရှားချိုးဖောက်မှု ကန်သတိပေး


အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis
အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis

ကမ္ဘာလုံးဆိုင်ရာ လက်နက်ထိန်းချုပ်ရေးစာချုပ်ကို ရုရှားက ချိုးဖောက်တာဟာ “ငြင်းလို့မရဘူး” လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Jim Mattis ကပြောပြီး စာချုပ်ကို ဆက်ပြီး ချိုးဖောက်နေမယ်ဆိုရင် ရုရှားရဲ့ စစ်ရေးစွမ်းရည်နဲ့ တန်းတူညီမျှအောင် အမေရိကန်အနေနဲ့ မလွှဲမရှောင်သာ လုပ်ရလိမ့်မယ်လို့လည်း ဝန်ကြီး Mattis က ကြာသပတေးနေ့မှာ သတိပေးပြောဆိုပါတယ်။

ရုရှားတို့ရဲ့ Novator 9M729 ခရုဇ်ဒုံးကျည်ဟာ ၁၉၈၇ ခုနှစ် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များ သဘောတူစာချုပ်ကို ချိုးဖောက်နေတယ်လို့ အမေရိကန်က တောက်လျှောက်ပြောလာတာပါ။ စစ်အေးကာလက ချုပ်ဆိုထားတဲ့ ဒီ သဘောတူစာချုပ် အရ ဥရောပနဲ့ အမေရိကန်နိုင်ငံ၊ အလာစကားပြည်နယ်ထိရောက်အောင် ပစ်ခတ်နိုင်စွမ်းရှိတဲ့ တာလတ်ပစ် ဒုံးကျည်တွေကို ပိတ်ပင် ကန့်သတ်ထားပါတယ်။ နျူကလီးယားနဲ့ သမားရိုးကျ နည်းပညာသုံး မြေပြင်ကနေပစ်တဲ့ တာလတ် ခရုဇ်ဒုံးကျည် အားလုံးကို ဒီစာချုပ်က ပိတ်ပင်ကန့်သတ်ထားပါတယ်။

စာချုပ်ကို ရုရှားက ဆက်ပြီး ချိုးဖောက်နေတာကြောင့် စစ်ရေးနဲ့ သံတမန်ရေး လုပ်ဆောင်နိုင်ခြေ နည်းလမ်းအားလုံးကို အမေရိကန်က ပြန်သုံးသပ်နေတယ်လို့ ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်စ်မြို့မှာကျင်းပတဲ့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီးမှာ ဝန်ကြီး Mattis က သတင်းထောက်တွေကို ပြောပါတယ်။

စာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့အပေါ် ရုရှားက အစဉ်တစိုက် ငြင်းဆိုလာပြီး အမေရိကန်ဟာ စာချုပ်ကို ချိုးဖောက်ပြီးတော့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ချထားတယ်လို့ အခိုင်အမာ ပြောဆိုထားပါတယ်။

လက်နက်ထိန်းချုပ်ရေး ရုရှားချိုးဖောက်မှု ကန်သတိပေး
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG