သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို လိုက်လျောဆွဲဆောင်ဖို့ ရုရှားနဲ့တရုတ် တိုက်တွန်း


မြောက်ကိုရီးယားအနေနဲ့ နျူကလီးယား ဖျက်သိမ်းရေးအစီအစဉ်ကို လုပ်ဆောင်လာရေး စွဲဆောင်တဲ့အနေနဲ့ သူ့နိုင်ငံအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေကို လျော့ချပေးဖို့ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ကြာသပတေးနေ့မှာ တောင်းဆိုလိုက်တာကြောင့် မြောက်ကိုရီးယားအပေါ် နိုင်ငံတကာက တညီတညွတ်ထဲ ဖိအားပေး ဆောင်ရွက်နိုင်မယ့် အစီအစဉ်ကို ထိခိုက်မယ့်သဘော ဖြစ်နေပါတယ်။

မြောက်ကိုရီးယားအရေး လုံခြုံရေးကောင်စီရဲ့ အဆင့်မြင့် စည်းဝေးပွဲအတွင်း - ဖိအားပေး လုပ်ဆောင်ခြင်းဟာ အဖြေမဟုတ်ဘူးလို့ တရုတ်နိုင်ငံအနေနဲ့ ခိုင်မာစွာ ယုံကြည်ကြောင်း - တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်တာနဲ့ နိုင်ငံရေးအရ ဖြေရှင်းတဲ့နည်းလမ်းတွေကို တပြိုင်ထဲ ယှဉ်တွဲ လုပ်ဆောင်ရေးဟာ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ထဲမှာ အကျုံးဝင်ကြောင်း ပြောပါတယ်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ ပိတ်ဆို့မှုတွေကို ပြင်ဆင်ခွင့်ရှိတယ်ဆိုတဲ့ အပိုဒ်ကို ထည့်သွင်း စဉ်းစားစေလိုကြောင်း နိုင်ငံခြားရေးဝန်ကြီး Wang Yi က လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံတို့ကို တိုက်တွန်းလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ အဆိုပြုချက်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း ထောက်ခံကြောင်း ပြောပါတယ်။

လုံခြုံရေးကောင်စီအနေနဲ့ မြောက်ကိုရီးယားကို အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေ ပြသသင့်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောကြားလိုက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အဲဒီလိုလုပ်ဖို့ ဘာကြောင့် ခေါင်းမာနေရသလဲလို့ မေးခွန်းထုတ်လိုက်ပါတယ်။

မြောက်ကိုရီးယားဘက်က နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အရေးပါတဲ့ ခြေလှမ်းတွေကို လုပ်ဆောင်နေချိန်မှာ အနောက်အုပ်စု နိုင်ငံတွေက ဖိအားဆက်ပေးနေတဲ့လုပ်ရပ်ဟာ မသင့်လျော်သလို အချိန်အခါအားဖြင့်လဲ လျော်ညီခြင်း မရှိကြောင်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG