သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်နဲ့မြောက်ကိုရီးယားခေါင်းဆောင် နှစ်ဦး တတိယအကြိမ်တွေ့ဆုံ


တောင်ကိုရီးယား ခေါင်းဆောင် မွန်ဂျေးအင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တတိယအကြိမ် တွေ့ဆုံဖို့ အခု ပြုံယမ်းမြို့တော်ကို ဆိုက်ရောက်သွားပြီ ဖြစ်ပါတယ်။ စက်တင်ဘာလ ၁၈ရက်ကနေ၂၀ရက်နေ့အထိ၂ရက်ကြာမယ့်ထိပ်သီးဆွေးနွေးပွဲကို မြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော် ပြုံယမ်းမှာ ကျင်းပမှာပါ။ VOA သတင်းထောက် Steve Millerရဲ့ ထိပ်သီးဆွေးနွေးပွဲအကြို သတင်းပေးပို့ချက်ကို အခြေ ခံပြီး ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တတိယအကြိမ်တွေ့ဆုံဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နဲ့အတူ ပြုံယမ်းမြို့ကိုလိုက်ပါသွားကြမယ့်သူတွေက နှစ်ရာလောက် ရှိပါတယ်။ အဲဒီအထဲမှာ တောင်ကိုရီးယားနိုင်ငံရဲ့အကြီးမား ဆုံး စီးပွါးရေးကုမ္ပဏီတွေထဲက ခေါင်းဆောင်တချို့လည်း ပါဝင်ပါတယ်။ တောင်မြောက်ကိုရီးယားခေါင်းဆောင် ၂ဦးရဲ့ အခုတခေါက် ထိပ်သီးဆွေးနွေးပွဲမှာ နျူကလီးယားလက်နက်ဖျက်သိမ်းရေးကိစ္စတင်မကပဲ ကိုရီးယား၂နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့လည်းပါဝင်မှာဖြစ်ပါတယ်။ အခုခရီးစဉ်မှာ အမေရိကန်နဲ့မြောက်ကိုရီးယားအကြားဆက်ဆံရေးတိုး တက်ကောင်းမွန်ဖို့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင် ကြားကနေ ဘယ်လိုဆောင်ရွက်ပေးနိုင်မလဲဆိုတာကိုလည်း မြင်ကြရမှာဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အခုထိပ်သီ းဆွေးနွေးပွဲမှာ အခြေခံအားဖြင့်အာရုံစိုက်သင့်တဲ့ကိစ္စကတော့ နျူကလီးယားဖျက်သိမ်းရေးပါပဲလို့ နိုင်ငံရေးသုတေသီတဦးဖြစ်တဲ့ Cheon Seong Whun ကဆိုပါတယ်။

"န ျူကလီးယားလက်နက်တွေကို လုံးဝစွန့်လွှတ်ဖို့ ကင်ဂျုံအွန်းကိုယ်တိုင်က တကယ်လိုလိုလားလားရှိရဲ့လား၊ နျူကလီး ယားလက်နက်ကင်းစင်တဲ့နိုင်ငံအဖြစ်နဲ့ နျူကလီးယားလက်နက် မပြန့်ပွားရေးသဘောတူစာချုပ်အတိုင်းလိုက်နာမလား ဆိုတာကို အာရုံစိုက်သင့်ပါတယ်။"

တောင်ကိုရီးယားအစိုးရ အရာရှိတွေပြောတာကတော့ သမ္မတမွန်းအနေနဲ့ အဓိကအာရုံစိုက်ထားတာက ကိုရီးယား၂နိုင်ငံ ဆက်ဆံမှုတိုးတက်ဖွံ့ဖြိုးရေးပဲဖြစ်ပြီး လွန်ခဲ့တဲ့ ဧပြီလ၂၇ရက်နေ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြတုန်းက သဘောတူခဲ့ကြ တဲ့ ပန်းမွန်းဂျွန် ကြေညာချက်ထဲမှာပါဝင်တဲ့ကိစ္စတွေကို ခေါင်းဆောင်၂ဦးက အကောင်အထည်ဆက်ပြီးဖေါ်ကြမှာကိုလည်း မျှော်လင့်နေကြပါတယ်။

ဗာဂျီးနီးယားပြည်နယ် Troy တက္ကသိုလ်က နျူကလီးယား လက်နက်ဖျက်သိမ်းရေးကိစ္စတွေကို လေ့လာနေတဲ့ Daniel Pinkston ကတော့ အခု တတိယအကြိမ်ထိပ်သီးဆွေးနွေးပွဲကနေ ကိုရီးယားကျွန်းဆွယ် အရေးတင်မကပဲ အမေရိကန်နဲ့ အာရှဒေသတွင်း ကိစ္စတွေအပါအဝင် မျှော်လင့်စရာတွေ တော်တော်များများရှိတယ်လို့ဆိုပါတယ်။

"လုံခြုံရေးနဲ့ဆိုင်တဲ့ ဘက်ကဆိုရင် ယုံကြည်မှုတည်ဆောက်တာတွေ ဘယ်လောက်လုပ်နိုင်မလဲဆိုတဲ့ကိစ္စ၊ အထူးသဖြင့် နျူကလီးယားဒေသမှာ လက်နက်လျှော့ချရေးကိစ္စ ဘယ်လောက်လုပ်လာနိုင်မလဲ၊ ခိုင်မာမာတဲ့လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာမလား၊ လုပ်ဆောင်နိုင်မလားဆိုတာကို လူတွေက စောင့်ကြည့်နေကြတာပါ။"

မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားလက်နက် စွန့်လွှတ်ရေးအစီအစဉ်ကိုမလုပ်မချင်း ကုလသမဂ္ဂရဲ့အရေးယူဒဏ် ခတ်တာတွေကိုဆက်ပြီးလုပ်ထားဖို့ အမေရိကန်ပြည်ထောင်စုက အခိုင်အမာဆက်ပြီးတိုက်တွန်းနေတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က သတင်းထောက်တွေကို သောကြာနေ့တုန်းကပဲပြောထားပါတယ်။

"ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် အဆုံးသတ် ဖျက်သိမ်းရေးတွေကို အပြည့်အဝလုပ်ဆောင်ဖို့ မြောက်ကိုရီးယားခေါင်းဆောင်ကင် ဂျုံအွန်းကို ဖျောင်းဖျ နားချရေး သမ္မတထရမ့်ရဲ့ အားထုတ်မှုတွေအပေါ်မှာ မဏ္ဍိုင်ပြုလုပ်ဆောင် နေတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဟာဖြစ်အောင်လုပ်ဖို့လိုအပ်နေတဲ့ကိစ္စ ဖြစ်ပြီး ဒါကိုကမ္ဘာက စောင့်ကြည့်နေတာပါ။ မစ္စတာကင်ဂျုံအွန်းအနေနဲ့ ဒီကိစ္စကိုအသေအချာနားလည်သဘောပေါက်ပြီး မြောက်ကိုရီးယားပြည်သူတွေရဲ့ ပိုမိုကောင်းမွန်တဲ့အနာဂတ်အတွက် သူဘယ်လိုလုပ်ဆောင်ပေးမလဲဆိုတာကိုလည်း အားလုံးက ကြည့်နေကြပါတယ်"

လောလောဆယ်တော့ မြောက်ကိုရီးယားနိုင်ငံရဲ့မြို့တော်ပြုံယမ်းမှာ တောင်ကိုရီးယားသမ္မတမွန်းဂျေးအင်ရဲ့ ရှေ့ပြေး အဖွဲ့အနေနဲ့ အရာရှိတရာလောက်ရောက်နေပါပြီ။ အဲဒီအထဲမှာ သတင်းသမားတွေလည်းပါပါတယ်။ ဒီကနေ့တောင်ကိုရီးယားကနေထွက်မယ့်အထဲမှာတော့ သမ္မတမွန်းနဲ့အတူ အစိုးရအရာရှိ ၅၀ ကျော်၊ နိုင်ငံရေးသမားတွေ၊ စီးပွါးရေးခေါင်း ဆောင်တွေနဲ့ တခြားကိုယ်စားလှယ်တွေပါဝင်ပါလိမ့်မယ်။ ခေါင်းဆောင်၂ဦးရဲ့ပူးတွဲသတင်းစာရှင်းလင်းပွဲကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပဖို့လည်းစီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG