သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားစစ်ရေးပြပွဲ အခင်းအကျင်း သမ္မတထရမ့်ပ် ချီးကျူးပြောဆို


 မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနား
မြောက်ကိုရီးယားနိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနား

အမေရိကန်ပြည်ထောင်စုအထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်လက်နက်တွေ ထည့်သွင်း ပြသမထားတဲ့ မြောက်ကိုရီးယားရဲ့ နောက်ဆုံးပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားဟာ ကြီးကျယ်သလို ဒါဟာ သိပ်ကို အပြုသဘောဆောင်တဲ့ ကြေညာမှုတခုဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။ အရင် စစ်ရေးပြ အခမ်းအနားတွေမှာ မြောက်ကိုရီးယားက ဒီလိုလက်နက်တွေ ထည့်သွင်းပြသလေ့ ရှိပါတယ်။

တနင်္ဂနွေနေ့ဟာ မြောက်ကိုရီးယားနိုင်ငံတည်ထောင်တာ နှစ် ၇၀ ပြည့်အထိမ်းအမှတ် စစ်ရေးပြပွဲအခမ်းအနားအပြီးမှာ သမ္မတ Trump က ခေါင်းဆောင်ကြီး Kim ကို ကျေးဇူးတင်ပါတယ်လို့ သူ့ Twitter ကနေ ရေးပါတယ်။

လူတိုင်းထင်နေတာမှားကြောင်း နှစ်ဦးစလုံးက သက်သေပြမှာဖြစ်တယ်လို့ ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီယားလက်နက်ကင်းရှင်းရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတာကိုရည်ညွှန်းပြီး သမ္မတ Trump က ပြောပါတယ်။ ဒါ့အပြင် အပြန်အလှန် သဘောကျနှစ်သက်သူ နှစ်ဦးကြား ပြောဆိုမှုလောက် ကောင်းမွန်တဲ့ဆွေးနွေးမှုမျိုး ရှိနိုင်မှာမဟုတ်ဘဲ သူ သမ္မတတာဝန်မယူချိန်ကထက် အခြေနေဟာ ပိုမိုကောင်းမွန်လာမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြောက်ကိုရီးယားစစ်ရေးပြပွဲမှာ မြင်နေကြအတိုင်း တပ်သားတွေရဲ့ ချီတက်အလေးပြုမှုနဲ့အတူ တင့်ကားတွေ၊ လောင်ချာတွေနဲ့ ဒုံးကျည်မျိုးစုံ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီတခါတော့ အမေရိကန်ပိုင်နက်ထဲအထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ နျူကလီယားထိပ်ဖူးတပ် တိုက်ချင်းပစ် ပဲ့ထိန်းတပ် ဒုံးကျည်တွေတော့ မပါဝင်ပါဘူး။

ဒီစစ်ရေးပြပွဲဟာ ငြိမ်းချမ်းမှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ရည်ရွယ်တဲ့ပြပွဲအဖြစ် မြောက်ကိုရီးယားက ပြောဆိုထားတာဖြစ်ပြီး ဒီစစ်ရေးပြပွဲကို မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကိုယ်တိုင် ကြည့်ရှုပါတယ်။ ဒါပေမယ့် Kim Il Sung ရင်ပြင်မှာ ပရိသတ်ကို မိန့်ခွန်းပြောတာတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG