သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်နိုင်ငံ ပြေလည်ရေး မြောက်ကိုရီးယားက စတင်အချက်ပြဖို့ ကန်လိုလား


 နိုင်ငံခြားရေးဌာန၊ လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အငယ်တန်းဝန်ကြီး Andrea Thompson ရာထူးလက်ခံ ကျမ်းသစ္စာကျိန်စဉ်။ (ဝဲ)
နိုင်ငံခြားရေးဌာန၊ လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အငယ်တန်းဝန်ကြီး Andrea Thompson ရာထူးလက်ခံ ကျမ်းသစ္စာကျိန်စဉ်။ (ဝဲ)

မြောက်ကိုရီးယားအနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ သဘောတူညီချက်ရချင်တယ်ဆိုရင် မြောက်ကိုရီးယားက အရင်ဆုံး လုပ်ဆောင်ပြရမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန၊ ထိပ်တန်းတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။

“မြောက်ကိုရီးယားက သူတို့လုပ်မယ်လို့ ပြောထားတာကို လုပ်ဆောင်တာ မရှိသေးသရွေ့ ကျနော်တို့ဘက်က ဘာမှ ပေးမှာ မဟုတ်ပါဘူး” လို့ နိုင်ငံခြားရေးဌာန၊ လက်နက်ထိန်းချုပ်ရေးနဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ အငယ်တန်းဝန်ကြီး Andrea Thompson က ဝါရှင်တန်မြို့တော်မှာ သောကြာနေ့က သတင်းထောက်တွေကို ပြောပါတယ်။

စင်္ကာပူမှာ သူတို့ကတိပေးထားတဲ့ လုပ်ဆောင်မယ်ဆိုတာတွေအပေါ် မြောက်ကိုရီးယား တာဝန်ရှိသူတွေအနေနဲ့ အရင်ဆုံး လုပ်ဆောင်ရမယ်လို့ နျူကလီးယားကင်းရှင်းရေး လုပ်မယ်ဆိုတဲ့ကတိကို ရည်ညွှန်းပြီး မစ္စ Thompson ကပြောပါတယ်။

“ကျမတို့ကမ်းလှမ်းချင်တာက နျူကလီးယားကင်းရှင်းတဲ့ ကိုရီးယားကျွန်းဆွယ်ဆိုတဲ့ အနာဂတ်၊ ကမ္ဘာ့အိမ်နီးချင်းတွေနဲ့ အပြန် အလှန် ဆက်ဆံနိုင်တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး သာယာဝပြောမှုတို့ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေဖြစ်လာဖို့ မြောက်ကိုရီးယားက သူတို့လုပ်မယ်လို့ ပြောထားတာကို လုပ်လား မလုပ်ဘူးလားဆိုတဲ့ပေါ်ပဲ မူတည်ပါတယ်” လို့ အငယ်တန်း ဝန်ကြီး Thompson ကပြောပါတယ်။

မြောက်ကိုရီးယား၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား ထိစပ် ဆွေးနွေး ပြောဆိုတာတွေကနေ အတိုးအဆုတ် အတက်အကျ တွေနဲ့ မရေမရာပြန်ဖြစ်နေချိန်မှာပဲ အငယ်တန်းဝန်ကြီး Andrea Thompson က အခုလိုပြောတာဖြစ်ပါတယ်။

နှစ်နိုင်ငံ ပြေလည်ရေး မြောက်ကိုရီးယားက စတင်အချက်ပြဖို့ ကန်လိုလား
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG