သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလတ်ပစ် နျူကလီးယား သဘောတူစာချုပ်က ကန်နုတ်ထွက်ဖို့ ခြိမ်းခြောက်


Donald Trump
Donald Trump

ရုရှားနိုင်ငံနဲ့ချုပ်ဆိုထားတဲ့ တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များ INF သဘောတူစာချုပ်ကို ရုရှားက ချိုးဖောက်တဲ့အတွက် နုတ်ထွက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပေမဲ့ ရုရှားက ဘယ်လိုချိုးဖောက်တယ်ဆိုတဲ့ အသေးစိတ်တွေကိုတော့ မပြောပါဘူး။

အမေရိကန်ပြည်ထောင်စုနဲ့ အဲဒီအချိန် ဆိုဗီယက်ပြည်ထောင်စုတို့အကြား ၁၉၈၇ ခုနှစ်ကချုပ်ဆိုထားတဲ့ INF သဘောတူစာချုပ် ဟာ အမေရိကန်နဲ့ ဥရောပနဲ့ အရှေ့ဖျားဒေသတွေက မဟာမိတ်တွေရဲ့ လုံခြုံရေးကို အကာအကွယ်ဖြစ်စေဖို့ ချုပ်ဆိုထားတာပါ။ ဒီစာချုပ်အရ မိုင် ၃၀၀ ကနေ ၃,၄၀၀ အထိရောက်နိုင်ပြီး မြေပြင်ကနေ ပစ်လွှတ်လို့ရတဲ့ ခရုဇ်ဒုံးကျည်တွေ ပိုင်ဆိုင်တာ၊ ထုတ်လုပ်တာ ဒါမှမဟုတ် စမ်းသပ်တာ မလုပ်ရဘူးလို့ အမေရိကန်နဲ့ရုရှားတို့ကို ပိတ်ပင်တားမြစ်ထားတာပါ။

နီဗားဒါးပြည်နယ်၊ Elko မြို့မှာလုပ်တဲ့ မဲဆွယ်စည်းရုံးပွဲအတွင်း သမ္မတထရမ့်ပ်က “သဘောတူ စာချုပ်ကို ရုရှားက ချိုးဖောက်ထား ပါတယ်။ ဒါကို သူတို့ချိုးဖောက်လာတာ နှစ်ပေါင်းများစွာရှိနေပါပြီ၊ နျူကလီးယားသဘောတူစာချုပ်ကို ချိုးဖောက်ပြီး ကျနော်တို့ လုပ်ခွင့်မရှိတဲ့ လက်နက်တွေကို သူတို့ထုတ်လုပ်တာမျိုး ကျနော်တို့ လက်ခံမှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

အမေရိကန်အနေနဲ့ လက်နက်အသစ်တွေ ထုတ်လုပ်တာမျိုးမလုပ်ဖို့ ဒီစာချုပ်က ကန့်သတ်ထားပါ တယ်။ ဒါပေမဲ့ သမ္မတထရမ့်ပ် က ရုရှားနဲ့တရုတ်တို့ကသာ လက်နက်တွေ မထားပါဘူး ဒါမှမဟုတ် မထုတ်ပါဘူးလို့ သဘောမတူဘူးဆိုရင် အမေရိကန်အနေနဲ့ လည်း လက်နက်တွေကို စပြီး ထုတ်လုပ်မယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံဟာ ဒီ INF သဘောတူစာချုပ်ထဲမှာ မပါပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG