သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးအကြံပေးဟောင်း FBI ကို လိမ်လည်မှု Trump ကြိုတင်သိ


အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Michael Flynn အနေနဲ့ FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗြူရိုနဲ့ ဒုသမ္မတ Mike Pence တို့ကို လိမ်ညာခဲ့တဲ့အတွက် အလုပ်က ဖြုတ်ပစ်သင့်ကြောင်း သမ္မတ Donald Trump ကို အိမ်ဖြူတော်ရဲ့ ဥပဒေအကြံပေးက ပြောကြားခဲ့တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက ပြောကြောင်း အမေရိကန် အခြေစိုက် CNN သတင်းဌာနက ပြောပါတယ်။

ဒါပေမယ့် Michael Flynn အနေနဲ့ FBI နဲ့ တွေ့ဆုံ မေးမြန်းမှုအတွင်း ဥပဒေ ချိုးဖောက်ခဲ့တယ်ဆိုတာနဲ့ သူ့အနေနဲ့ ရာဇဝတ်မှုနဲ့ စုံစမ်း စစ်ဆေးခံနေရတယ်ဆိုတဲ့ အချက်တွေကိုတော့ အိမ်ဖြူတော် ဥပဒေ အကြံပေး Donald McGahn က သမ္မတ Trump ကို ပြောကြားခဲ့ခြင်း မရှိဘူးလို့ ဒီကိစ္စနဲ့ နီးစပ်သူရဲ့ ပြောကြားချက်ကို ကိုးကားပြီး CNN က ပြောပါတယ်။

သူနဲ့ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးတို့အကြားက ဆက်သွယ်မှုနဲ့ဆိုင်တဲ့ ကိစ္စတွေကို Michael Flynn က ဇန်နဝါရီ လကုန်ပိုင်းမှာ FBI ကို ပြောခဲ့တဲ့ မမှန်ကန်တဲ့ အချက်အလက်တွေအတိုင်း ဒုသမ္မတကိုလည်း ပြောကြားခဲ့တယ်ဆိုတာကို သမ္မတအနေနဲ့ ကြိုတင် သိရှိခဲ့တယ်လို့ သမ္မတ Trump ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရှေ့နေ John Dowd က တနင်္ဂနွေနေ့မှာ ပြောကြောင်း the Washington Post သတင်းစာမှာ ရေးသားထားပါတယ်။

FBI ညွန်ကြားရေးမှူး James Comey ကို သမ္မတက ရာထူးက ဖယ်ရှားခြင်းမပြုခင် Michael Flynn ကိစ္စကို သက်သက်ညာညာ ကိုင်တွယ်ပေးဖို့ သမ္မတ Trump က သူ့ကို တောင်းဆိုခဲ့ကြောင်း လွှတ်တော်မှာ ကျမ်းကျိန် ထွက်ဆိုစဉ် James Comey က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG