သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump တရားရေးကို ဝင်နှောက်ယှက်သလား စုံစမ်းမည်


ပြီးခဲ့တဲ့နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ရဲ့ လုပ်ရပ် လွှမ်းမိုးခဲ့သလားဆိုတာကို စုံစမ်းနေတဲ့ အထူး စုံစမ်းရေးမှုး အနေနဲ့ အမေရိကန ်သမ္မတ Donald Trump ဟာ တရားရေးပိုင်းကို ဝင်ရောက် နှောက်ယှက်ခဲ့သလား ဆိုတာကို စုံစမ်းနေတယ်ဆိုတဲ့ သတင်းတွေ အပေါ် သမ္မတ Trump က ဝေဖန်တိုက်ခိုက်ပြောဆိုလိုက်ပါတယ်။

ရုရှားတွေနဲ့ ပူးပေါင်းကြံစည်တယ်ဆိုတဲ့ လံကြုပ်တွေ ဖန်တီးပြီး သက်သေလည်း မတွေ့ရော အခုတော့ တရားရေးပိုင်းကို ဝင်ရောက်နှောင့်ယှက်ခဲ့သလား ဆိုပြီး လုပ်ကြံ ဖန်တီးကြပြန်ပါတယ်။ ဆိုပြီး သမ္မတ Trump က သူ့ရဲ့ တွစ်တာမှာ ဒီကနေ့ ကြာသပတေးနေ့မှာ ရေးသားခဲ့တာပါ။ ဆိုးရွားပြီး အငြင်းပွားဖွယ် လူတချို့ ဦးဆောင်တဲ့ အမေရိကန် သမိုင်းမှာ အကြီးကျယ်ဆုံး အောက်လမ်းနည်းနဲ့ တိုက်ခိုက်မှုကြီးကို ခင်ဗျားတို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်လို့လည်း သမ္မတ Trump က ဒုတိယ တွစ်တာပို့စ်မှာ ထပ်ရေးခဲ့ပါတယ်။

သမ္မတ Trump က သူ့ရဲ့ အမျိုးသား လုံခြုံရေး အကြံပေးဟောင်း Michael Flynn နဲ့ အမေရိကန် ဆိုင်ရာ ရုရှား သံအမတ်ကြီး အကြား ဆက်နွယ်မှု အပေါ် စုံစမ်းစစ်ဆေးနေမှုကို အဆုံးသတ်ရေး ပြောဆိုခဲ့သလားဆိုတဲ့ အပေါ် အထူးစုံစမ်းရေးမှူး Robert Mueller က အရေးပါတဲ့ အမေရိကန် အမျိုးသား လုံခြုံရေး တာဝန်ရှိသူတွေကို တွေ့ဆုံမေးမြန်းမယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ သတင်းစာကြီး တချို့က ရေးသားခဲ့မှု အပေါ် သမ္မတ Trump က တုံ့ပြန်ခဲ့တာပါ။ အမျိုးသား လုံခြုံရေး အကြံပေး Michael Flynn ကိုတော့ ရုရှား သံအမတ်ကြီးနဲ့ ဆွေးနွေးပြောဆိုခဲ့မှုနဲ့ ပတ်သက်ပြီး ဒုတိယ သမ္မတ Mike Pence ကို လိမ်ညာ ပြောဆိုခဲ့တာ ပေါ်ပေါက်ပြီးနောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ရာထူးကနေ သမ္မတက ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်၊ နယူးယောက်တိုင်းနဲ့ Wall Street Journal တို့က အထူးစုံစမ်းရေးမှုး Robert Mullen အနေနဲ့ လက်ရှိ အမျိုးသားထောက်လှမ်းရေးအကြီးအကဲ Dan Coats, အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ညွန်ကြားရေးမှုး Michael Rogers နဲ့ NSA ဒု ညွန်မှုးဟောင်း Richard Ledgett တို့ကို မေးမြန်းစုံစမ်းဖို့ရှိတယ်လို့ရေးသားခဲ့တာ ဖြစ်ပါတယ်။

သမ္မတ Trump တရားရေးကို ဝင်နှောက်ယှက်သလား စုံစမ်းမည်
please wait

No media source currently available

0:00 0:01:36 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG